ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ပန်းဒလဲရွာ သေနတ်ပစ်မှု နှစ်ဦး သေဆုံး

diz_admin

October 22, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်ကို အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီကျော်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အရပ်ဝတ်၊ နှာခေါင်းစည်းအနက်တပ်၊ ဦးထုပ်ဆောင်းပြီး ရုပ်ဖျက်ထားသူတစ်ဖွဲ့သည် Vigo ကားတစ်စီးဖြင့် ရောက်လာပြီး လက်ဖက်ရည်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ‌ဆိုသည်။ ယင်းပစ်ခတ်မူကြောင့် အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ် ကိုနေနေ၊ အသက် ၆၀ ကျော်အရွယ် ဦးအုန်းနီ တို့နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် အခြားအမျိုးသားတစ်ဦးနှင့် လက်ဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတွင်လည်း ဒဏ်ရာအနည်းငယ်စီရရှိခဲ့သည်ဟုဆိုသည်။ မည်သို့သော အကြောင်းရင်းကြောင့် ပစ်ခတ်သည်ကို မသိရပေ။ လာရောက်ပစ်ခတ်ခဲ့သည့် Vigo […]

သေနတ်ပစ်ခံရသည့် ဦးညီညီအောင် သေဆုံး၊ Guerrilla Dawei အဖွဲ့က ရှင်းလင်းခဲ့ဟု ထုတ်ပြန်

diz_admin

October 22, 2021

မြို့လယ်တွင် သေနတ်ပစ်ခံရသည့် ထားဝယ်ခရိုင် စစ်ကောင်စီအဖွဲ့ဝင် ဦး‌ညီညီအောင် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ဒလန်ဖြစ်သောကြောင့် ထိုသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း Guerrilla Dawei အဖွဲ့က ထုတ်ပြန်ထားသည်။ မျက်နှာနှင့် လည်ပင်းတဝိုက်တွင် သေနတ်ကျည် ၁၀ ချက်ထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာမှာပင် အသက်ပျောက်နေပြီဖြစ်ကြောင်း ဦးညီညီအောင်၏ မိတ်ဆွေတစ်ဦးက ဆိုသည်။ လက်ရှိတွင် အလောင်းအား ထားဝယ်ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိသည်ဟုဆိုသည်။ ” ပြီးရင် အိမ်ကို ပြန်ယူမှာပေါ့နော်” ဟု ‌အထက်ပါမိတ်ဆွေဖြစ်သုက ပြောသည်။ ဦးညီညီအောင်သည် ထားဝယ်မြို့တွင်း သပိတ်စစ်ကြောင်းများ၊ သပိတ်ခေါင်းဆောင်များနှင့် တော်လှန်ရေးသူရဲကောင်းများကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနိုင်ရန်ထောက်လှမ်းသတင်းပေး နေသည့် အပြင် ရာထူးအာဏာရရှိရေးအတွက် စစ်ကောင်စီလက်အောက်ခံ ကိုယ်ကျိုးရှာ အခွင့်ရေးသမားတစ်ဦးဖြစ်ကြောင်း သတင်းအတိအကျရရှိခြင်း စစ်ဆေးတွေ့ရှိခြင်းတို့ကြောင့် သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟု Guerrilla Dawei အဖွဲ့က […]

ရေဖြူ ပုဂေါဇွန်းရွာသားတစ်ဦး စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းပြန်ပို့

diz_admin

October 22, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းကျေးရွာသား အသက် ၇၀ ဝန်းကျင်ရှိ ဦးကြည်သိန်းအား စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းကို ပြန်ပို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ်လ ပြည့်နေ့က ရလိုင်ကျေးရွာအုပ်စု ခမောင်းချောင်းရွာသား စစ်သတင်းပေးဟုဆိုသူ ဦးမိုးဟိန်း ပစ်သတ်ခံရပြီးနောက် စစ်သားများက ပုဂေါဇွန်းနှင့် ရလိုင်ရွာအတွင်း လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဦးမိုးဟိန်းအား ပစ်သတ်သွားသူတို့သည် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းရွာဘက်ထွက်ပြေးသွားသည်ဆိုသည့် သတင်းကြောင့် ဝက်ချောင်းရွာအတွင်း စစ်သားများက လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းည ၁၀ နာရီခန့်တွင် စစ်သားများ ဝက်ချောင်းရွာအတွင်း ရောက်လာခဲ့ပြီး ယင်းရွာသား အသက် ၇၀ ဝန်းကျင်အရွယ် ဦးကြည်သိန်းဆိုသူအား ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ […]

ရေဖြူ ခမောင်းချောင်းရွာသားတစ်ဦး ပစ်သတ်ခဲ့ကြောင်း DGRF အဖွဲ့ ထုတ်ပြန်

diz_admin

October 22, 2021

ဒလန်လုပ်သဖြင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရလိုင်ကျေးရွာအုပ်စု ခမောင်းချောင်းကျေးရွာသား ဦးမိုးဟိန်းအား ၎င်းတို့ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း Dawei Guerrilla Revolutionary Force (DGRF) အဖွဲ့က အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်ထားသည်။ ဦးမိုးဟိန်းသည် ခမောင်းချောင်းရွာအတွင်း ဘိလိယက်ခုံ၊ ကွမ်းယာဆိုင်၊ အသေးစားစက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦးမှ ဦးမိုးဟိန်းဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်၊ ကွမ်းယာဝယ်ယူသည့်အသွင်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဆိုင်ကယ်ဆီထည့်ပေးနေတဲ့အချိန်မှာ သေနတ်နှစ်လက်နဲ့ တပြိုင်တည်းပစ်တာတဲ့။ ဒဏ်ရာသုံးလေးချက်လောက်ရသွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ဦးမိုးဟိန်းအား ဆေးရုံသို့တင်ပို့ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒလန်မိုးဟိန်းဆိုသူသည် ဧကနိရွာနှင့် ခမောင်းချောင်းရွာများတွင် စစ်ကောင်စီအားကိုးဖြင့် သောင်းကျန်းနေသည့်အပြင် […]

သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

October 22, 2021

မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးကျော်ဦးသည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ဦးသည် ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ၎င်း၏ နေအိမ်စျေးဆိုင်တွင် တည်ရှိနေစဉ် သေနတ်သမားနှစ်ဦးတို့က လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ဦးသည် သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “လာပစ်သွားတဲ့ သေနတ်သမားကတော့ နှစ်ဦးလို့ပြောတယ်၊ ဦးကျော်ဦးကတော့ သေနတ်ဒဏ်ရာ ၃ ချက်လားမသိဘူး၊ အဲဒီနေရာမှာပဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ဦးကျော်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးလည်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ဦးကျော်ဦးကို သထုံမြို့ပြအထူးစစ်ဆေးရေးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းပြီး ပစ်သတ်ခဲ့ကြောင်း သထုံမြို့ပြအထူးစစ်ဆေးရေးတပ်ဖွဲ့က […]

ထားဝယ် တောင်ပျောက်တိုက်နယ်တွင် စစ်ရှောင်အချို့ နေရပ်မပြန်နိုင်သေး

diz_admin

October 22, 2021

တိုက်ပွဲ ငါးကြိမ်ခန့် ဖြစ်ပွားခဲ့သည့် တောင်ပျောက်တိုက်နယ်ကို စစ်တပ်က ဖိနှိပ်မှုတွေရှိလာသဖြင့် ကြောက်ရွံ့ပြီး ဥယျာဉ်ခြံနှင့် နီးစပ်ရာတောတောင်များထံ စစ်ဘေးရှောင်နေကြဆဲ ဖြစ်သည်။ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ ဆယ်ရွာတွင် ကျေးရွာ ၈ ရွာနီးပါးခန့်မှာ ဩဂုတ်လလောက်ကစပြီး နီးစပ်ရာ တောတောင်နှင့် ဥယျာဉ်ခြံများအတွင်း စစ်ရှောင်လာသူ ၅၀၀၀ နီးပါးခန့်ရှိခဲ့ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်ကော်မတီ တာဝန်ခံက ပြောသည်။ လက်ရှိတွင် တောင်ပျောက်တိုက်နယ်ရှိ စစ်ရှောင်အချို့မှာ အောက်တိုဘာလ ၁၅ ရက်ခန့်က နေရပ်ပြန်သွားပြီဖြစ်ပြီး သဲချောင်းကြီးရွာမှ စစ်ရှောင် ၂၀ ကျော်ခန့်သာ ကျန်တော့သည်ဟု ၎င်းက ပြောသည်။ သဲချောင်းကြီးရွာရဲစခန်းနှင့် ကျေးရွာတွင် စစ်တပ်က စခန်းချတပ်စွဲထားသဖြင့် စစ်ရှောင် ၂၀ ကျော်မှာ နေရပ်ပြန်ဖို့ အဆင်မပြေကြောင်းနှင့် ၎င်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေသည်ဟု […]

ရနောင်းတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ

diz_admin

October 22, 2021

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရပြီးနောက် ဗီဒီယိုဖိုင်ဖြင့် ခြိမ်းခြောက် အကြပ်ကိုင်ခြင်းကိုပါ ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ မုဒိမ်းကျင့်ခဲ့သည်ကို ဗီဒီယိုရိုက်ကူးထားပြီး နောက်ထပ် လူဦးရေ ၃၀ ခန့်ပါသည့် လူငယ်အုပ်စုနှင့် လာရောက်အိမ်ပေးရန် ခြိမ်းခြောက်ခဲ့သေးကြောင်း ယင်းကိစ္စကို လိုက်ပါကူညီပေးခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။ ယင်းအမျိုးသမီးငယ်သည် အောက်တိုဘာလ ၁၀ ရက်က ချစ်သူကောင်လေးနှင့် ချိန်းတွေ့ရန်သွားရောက်ခဲ့သည်ဟုဆိုသည်။ ချိန်းထားသည့်နေရာသို့ သူ့ချစ်သူကောင်လေး ရောက်မလာခဲ့ဘဲ သူ့ကောင်လေး၏ သူငယ်ချင်းဖြစ်သူရောက်လာပြီး မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ “Video Click ကိုပြပြီးတော့ သူတို့ဆီမှာပြန်လာအိပ်ပါလို့‌ပြောတယ်။ သူတို့အုပ်စုက အယောက်သုံးဆယ်လောက်ရှိတာ။ အဲဒီအယောက်ဆုံးဆယ်မှာ တစ်ယောက်ကို တစ်ညစီလာအိပ်ဖို့ဆိုပြီးပြောတယ်” ဟု အထက်ဖော်ပြပါ အမျိုးသားက ပြောသည်။ အောက်တိုဘာလ ၁၂ ရက်တွင် ဗီဒီယိုဖိုင်ပြပြီး ခြိမ်းခြောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း […]

ခရိုင်ကောင်စီအဖွဲ့ဝင်တစ်ဦး ထားဝယ်မြို့လယ်တွင် သေနတ်ပစ်ခံရ

diz_admin

October 22, 2021

ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးညီညီအောင်သည် အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က သေနတ်ဖြင့်ပစ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ဦးညီညီအောင်သည် တလိုင်းထိန်ရပ်ကွက် တရုတ်တန်းလမ်းရှိ လက်ဖက်ရည်ဆိုင်ရှေ့ ၎င်း၏ ကားအနီးတွင် ပစ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လက်ရှိတွင် သေနတ်ဒဏ်ရာ ၅ ချက်ခန့်ရသွားပြီး ဆေးရုံတင်ပို့ထားကြောင်း ဒေသခံအချို့က ဆိုသည်။ ခရိုင်ကောင်စီဝင်ဖြစ်သည့် ဦးညီညီအောင်သည် ယခင်က သင်္ဘောဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။