ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မော်လမြိုင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖမ်းဆီးခံရ

diz_admin

October 28, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြည်နယ်လွှတ်တော် တစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရကြောင်း NLD ပါတီ အသိုင်းအဝိုင်း တို့ထံမှ သိရသည်။ ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အောက်တိုဘာ ၂၇ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်ကြိုရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ “ညက အဖမ်းခံရတယ်လို့တော့ ကြားတယ်၊ ကျွန်တော်တို့လည်း သေချာမသိသေးဘူး” ဟု NLD ပါဝင်တစ်ဦးက ပြောသည်။ ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရသည့်အကြောင်းအရင်းကိုလည်း မသိရှိသေးဘူးလို့လည်း ပါတီဝင်တို့က ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပါတီဝင်အချို့ ဖမ်းဆီးခံရမှုရှိသည့်အပြင် အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။ အချို့လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ […]

တောင်ပျောက်တိုက်နယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

October 28, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာတွင် ဒလန်ဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး အောက်တိုဘာ ၂၆ ရက် ည ၁၂ နာရီခန့်တွင် သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ စစ်ကောင်စီတပ်က ဖမ်းမိသူတစ်ချို့ကို စစ်ဆေးရာတွင် ယခု ပစ်သတ်ခံရသူ ဦးစိုးစိုးကိုယ်တိုင် ပါဝင်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ကို ကားမောင်းလိုက်ပို့ပေးလေ့ရှိသဖြင့် အများက ဒလန်ဟု ပြောဆိုနေကြသည်ဟု ဝင်းကဖော်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သေနတ်သံ တစ်ချက်ပဲ ကြားတယ်၊ အိမ်ပေါ်မှာကိုယ်တိုင်ကို လာပစ်သွားတာ၊ သူ့မယား သူ့သားတွေ အော်ငိုလာမှ တစ်ယောက်ကို တစ်ယောက် ဖုန်းဆက်ကြတာ စိုးစိုးသေသွားပြီဆို သတင်းကြားရတယ်” ဟု ဒေသသခံအမျိုးသမီးက ဆိုသည်။ အသက် ၃၈ ခန့်ရှိ ဦးစိုးစိုး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ […]

သရက်ချောင်းမြို့နယ် NLD ပါတီရုံးတွင် မီးရှို့ခံရ

diz_admin

October 28, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးမီးရှို့ခံရကြောင်း ဒေသခံအချို့ထံက သိရသည်။ အောက်တိုဘာလ ၂၇ ရက် နံနက် ၁ နာရီခွဲခန့်တွင် မီးရှို့ခံရပြီး စာရွက် စာတမ်းအချို့နှင့် အဆောက်အအုံ ရှေ့အစိတ်အပိုင်းတစ်ချို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။ သရက်ချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ကမူ NLD ပါတီရုံးအစိတ်အပိုင်းအချို့သာ မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ရောက်ရှိချိန်တွင် မီးကြွင်း မီးကျန်လောက်သာ ငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။ ပါတီရုံးမီးရှို့ခံရသည့်ဖြစ်စဉ်နှင့်ပက်သက်ပြီး မည်သူ မည်ဝါရှို့သည်ကို မသိရကြောင်း သရက်ချောင်းမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

ပေါင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ် ဗုံးပေါက်

diz_admin

October 28, 2021

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်လင်းဦး၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်ခန့်က ဦးကျော်လင်းဦးနေအိမ်သို့ အမည်မသိ လူ နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဗုံးပစ်သွင်းခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဦးကျော်လင်းဦးအပါအဝင် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဦးကျော်လင်းဦး၏နေအိမ်အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသည်။ “မနက်က ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုက လူထိခိုက်တာ မရှိဘူးလို့ သိရတယ်၊ အခုတလော ကျွန်တော်တို့ ပေါင်မှာ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေကတော့ နေ့တိုင်းလိုလိုဖြစ်ပွားနေတယ်” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။ ဦးကျော်လင်းဦးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) တွင် […]

ထိုင်းဘက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ဦးနီးပါး ပြန်ပို့ခံရ

diz_admin

October 28, 2021

ယခုလအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၁၄ ခုတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ ဦးနီးပါး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရကြောင်း သိရှိရသည်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားတို့အား ထိုင်းနိုင်ငံ ရနောင်းမြို့မှ ‌ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကလေးငယ်များအပါအဝင် အလုပ်သမား ၁၉၁ ဦးနှင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကလေးအပါအဝင် စုစုပေါင်း ၁၈၈ ဦး၊ စုစုပေါင်း ၃၇၉ ဦးတို့ ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ သိရသည်။ ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစခန်းဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ သိရသည်။ “ထားဝယ်နှင့် မြိတ်က ဒီနေ့တစ်ခါတည်း ပို့တယ် […]

မြိတ်တွင် လေးလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူရှစ်ဆယ်ကျော်၊ ရပ်ကွက်အတွင်း သေဆုံးသူမပါ

diz_admin

October 26, 2021

မြိတ်မြို့တွင် လေးလအတွင်း ကိုဗစ်ကြောင့် သေဆုံးရသူ ရှစ်ဆယ်ကျော် ရှိကြောင်း ကိုဗစ်ကုသရေးစင်တာနှင့် ပရဟိတအဖွဲ့များထံမှ သိရသည်။ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် ဇွန်လ ၂၃ ရက်မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ကိုဗစ်လူနာ ၅၂၆ ဦးကို ကုသပေးခဲ့ရာ သေဆုံးသူ ၈၄ ဦးရှိခဲ့ကြောင်း ယင်းကုသဆောင်၏ မှတ်တမ်းများအား ကိုးကား၍ ဂရုဏာပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “ဒါကတော့ ဆေးရုံကြီးကုသဆောင်စာရင်းဇယားအရပေါ့ ။ ရပ်ကွက်တွေအတွင်း သေဆုံးခဲ့သူတွေ မပါသေးဘူး”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ ကိုဗစ်တတိယလှိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံသို့တက်ရောက်ကုသခြင်းမရှိဘဲ နေအိမ်များတွင် ကုသခဲ့သူများလည်း ရှိခဲ့သည်။ ထိုသို့ကုသရင်း လေးလအတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ရုပ်အလောင်း သုံးဆယ်ကျော်ကိုလည်း သဂြိုၤဟ်ပေးခဲ့ရကြောင်း ဂရုဏာနာရေးကူညီရေးအဖွဲ့မှ ကိုထိုက်ငယ်က ဆိုသည်။ “သေပြီးမှ […]

ယိုင်နဲ့နဲ့ ကိုဗစ်ကန့်သတ်ချက်များ

diz_admin

October 26, 2021

ကိုဗစ်ကပ်ဘေး ကူးစက်မှုမြင့်တက်ချိန်က ထားဝယ်တွင် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များမှာ လက်ရှိအချိန်တွင် လိုက်နာမှုအားနည်းကာနေသည်။ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ရန် အစရှိသည့် စည်းကမ်းချက်များအား လိုက်နာသူ နည်းပါးလာသည်ကို တွေ့ရသည်။ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုများလာသဖြင့် ဆိုင်ထိုင်စားသောက်ခြင်းကို ကန့်သတ်ထားသည့်အပြင် ထားဝယ်မြို့နယ်အား ဩဂုတ်လ ၂၁ ရက်မှစတင်ကာ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားခဲ့သည်။ Stay at Home သတ်မှတ်လိုက်သည့်အတွက် တစ်အိမ်တစ်ယောက်သာ အပြင်ထွက်ကတ်ပြားဖြင့် ထွက်ခွင့်ပြုထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ထားဝယ်မြို့အတွင်း စစ်ဆေးမှုများလည်း ရှိခဲ့သည်။ လက်ရှိတွင်မူ ဆိုင်ထိုင်စားသောက်ခွင့်ပြုနေသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၊ နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသူများ၊ အလှူ မင်္ဂလာဆောင်များ ပြုလုပ်နေကြသည်ကို ခပ်စိပ်စိပ် တွေ့လာရသည်။ ပါဆယ်စနစ် ကိုဗစ်ကပ်ဘေးကြောင့် ထားဝယ်တွင် […]

တနင်္သာရီ ရိုးရာနဂါးလှေလှော်ပွဲတော် ၂ နှစ်ဆက်တိုက် မကျင်းပဖြစ်

diz_admin

October 25, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဒေသတွင်း ရိုးရာနဂါးလှေလှော်ပွဲတော် မကျင်းပဖြစ်သည်မှာ ၂ နှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က ကိုဗစ်ရောဂါကြောင့် ၈၆၇ နှစ်မြောက် ပွဲတော်ကျင်းပခြင်းမရှိခဲ့ပေ။ ယခုနှစ် (၈၆၈ နှစ်မြောက်)တွင်လည်း ကိုဗစ်ကပ်ဘေးနှင့် အခြားအကြောင်းအရာများကြောင့် မကျင်းပနိုင်ခြင်းဖြစ်ကြောင်း တနင်္သာရီမြိုနယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။ နဂါးလှေလှော်ပွဲတော်အား ချောင်းကြီးကျောင်းတိုက် ဘုံကထိန်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ “ပွဲတစ်ပွဲလုပ်ဖို့ဆိုတာ မလွယ်ဘူး” ဟု အထက်ပါစာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဝင်က ပြောသည်။ ရိုးရာနဂါးလှေလှော်ပွဲတော်ဖြစ်မြောက်ရန် ကုန်ကျငွေ ကျပ်သိန်းငါးဆယ်ခန့်နှင့် လူအင်အား လိုအပ်ကြောင်း အဆိုပါကော်မတီဝင်က ပြောပြသည်။ နဂါးလှေလှော်ပွဲအား နှစ်စဉ် အစဉ်အလာအတိုင်း မကျင်းပဖြစ်သော်လည်း ချောင်းကြီးကျောင်းတိုက်ဆရာတော်၏ ဩဝါဒအတိုင်း ရေချခြင်းမင်္ဂလာအခမ်းအနား၊ […]