ပုလောတွင် ဒရုန်းဖြင့်ဗုံးချသဖြင့် PDF တစ်ဦးသေဆုံးပြီး ရွာသားတစ်ဦးဒဏ်ရာရ
Dawei Watch
July 14, 2025ပုလောမြို့နယ်၊ ရှပ်ပုံရွာကို ရွာအနီးရောက်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နှစ်ရက်ဆက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးပြီး ရွာသားတစ်ဦး ဒဏ်ရာရကြောင်း တော်လှန်ရေးရဲဘော်များနှင့် ရွာသားများထံမှ သိရသည်။ ဇူလိုင်လ ၁၂ ရက်တွင် ရှပ်ပုံရွာ ရွာအလယ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က ရဲဘော်တစ်ဦး ဗုံးစထိမှန်သေဆုံးကြောင်း ယင်းတပ်ရင်း၏ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည် ။ “ဒရုန်းဗုံးကြောင့် ရဲဘော်တစ်ယောက်ကျသွားပါတယ်။ ညနေပိုင်း (ဇူလိုင်လ ၁၂ ရက်) မှာတော့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ကြ သေးတယ်။ မိနစ်ပိုင်းလောက်ပဲကြာတယ်။ ထိတွေ့ပစ်ခတ်မှုမှာတော့ နှစ်ဖက်ထိခိုက်မှုမရှိဘူး” ဟု […]


