ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး၊ ရေဖြူ အုပ်ချုပ်ရေးမှူးအိမ် မီးလောင်

diz_admin

October 31, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနေအိမ် အောက်တိုဘာလ ၃၁ ရက် နံနက် ၄ နာရီဝန်းကျင်ခန့်တွင် မီးလောင်ကျွမ်းခဲ့ကြောဒေသခံအချို့ထံမှ သိရသည်။ ဦးအောင်စိုး နေအိမ်သည် ရေဖြူကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာတွင်တည်ရှိပြီး တစ်ထပ်တိုက် အိမ်အမျိုးအစားဖြစ်‌ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အိမ်ကတော့ ပြာကျသွားပြီ” ဟု ၎င်းကဆိုသည်။ မီးလောင်ရသည့်အကြောင်းအရင်းကိုမူ တိတိကျကျ မသိရပေ။ ဒေသခံအချို့ကမူ ဦးအောင်စိုးသည် စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူးရာထူးကိုလက်ခံခဲ့ပြီး ရွာအတွင်း ဆန္ဒပြစစ်ကြောင်းများကို သတင်းပေးဖမ်းခိုင်းလေ့ရှိသဖြင့် နေအိမ်မီးရှို့ခံရခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ ဦးအောင်စိုးတို့မိသားစုမှာ နေအိမ်တွင်မရှိဘဲ တိမ်းရှောင်နေကြသဖြင့် ထောက်ခံစာလိုအပ်ပါက အခြားရွာတွင် သွားလုပ်နေရသည်ဟုဆိုသည်။ မီးလောင်ပြီးနောက် ရေဖြူကျေးရွာအုပ်စုသို့ စစ်သားများရောက်လာပြီး လမ်းသွား လမ်းလာသူများကို စစ်ဆေးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တောင်ပျောက်တိုက်နယ် လမ်းကြောင်းပိတ်ဆို့ခံထားရသဖြင့် စားနပ်ရိက္ခာခက်ခဲ

diz_admin

October 30, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အဝင်အထွက် လမ်းကြောင်းနှစ်ခုစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းကြောင်းပိတ်ဆို့ ကန့်သတ်ထားသဖြင့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ‌ဒေသခံအချို့ထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်တွင် ဩဂုတ်လမှ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် YTC-PDF တို့ တိုက်ပွဲ ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် လမ်းကြောင်းပိတ်ဆို့ထားသည်မှာ တစ်လကျော်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ တောင်ပျောက်တိုက်နယ်သည် ထားဝယ်မြို့မှ တောင်ဘက် မိုင် ၅၀ ကျော် အကွာတွင် တည်ရှိပြီး ကျေးရွာဆယ်ရွာ ရှိသည်။ ထားဝယ်-မြိတ်လမ်းမပေါ်ရှိ စုံစင်ကျေးရွာမှ အနောက်ဘက်ကို နာရီဝက်ခန့် ခရီးနှင်ရသည်။ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီး ကျေးရွာအဝင်၊ အထွက်နှင့် စုံစင်ဖျားရွာအဝင် အထွက်လမ်းပေါက်များတွင် စစ်တပ်က ဂိတ်စခန်းချထားပြီး ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးကာ စားနပ်ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထားကြောင်း သဲချောင်းကြီး ကျေးရွာအုပ်စု၊ ကျွဲခြံရွာမှ […]

မြိတ် ကွမ်းရွက်စျေးနှစ်ဆကျော် ခုန်တက်

diz_admin

October 30, 2021

မြိတ်မြို့တွင် ဝယ်ယူရောင်းချနေသည့် ကွမ်းရွက်များ စျေးနှစ်ဆကျော် ခုန်တက်သွားခဲ့ကြောင်း ကွမ်းယာရောင်းချနေသူများ ထံမှသိရသည်။ စက်တင်ဘာလအတွင်းက ကွမ်းရွက်တစ်စီးလျှင် ကျပ်သုံးရာဝန်းကျင်ခန့်ရှိရာမှ အောက်တိုဘာ လဝက်မှစပြီး တစ်စီးလျှင် ကျပ်ရှစ်ရာမှ ကျပ်တစ်ထောင်အထိ ပေးကာ ဝယ်ယူနေရကြောင်း ကွမ်းယာရောင်းချသူများ ကပြောသည်။ “ကွမ်းယာ ပစ္စည်းတွေက စျေးတက်လာတော့ ရောင်းရတာ အဆင်မပြေတော့ဘူး”ဟု ရေနံမြေရပ်လှေဆိပ်တွင် ကွမ်းယာရောင်းချနေသည့် ကိုသန်းဌေး ကပြောသည်။ ကွမ်းယာဆက်စပ်ပစ္စည်းများ စျေးတက်လာသော်လည်း ကွမ်းယာကို ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချနေသေးကြောင်း ၎င်းကဆိုသည်။ သို့သော်တစ်ခြား ကွမ်းယာဆိုင်တစ်ချို့တွင်မူ ကွမ်းစျေးနှုန်းများ တက်သွားပြီဖြစ်ကြောင်း စားသုံးသူတစ်ချို့ ကပြောသည်။ “နိုင်တီတူးနဲ့ အရင်ကနှစ်ရာဖိုး လေးယာရတယ်။ အခုက နှစ်ရာဖိုးသုံးယာပဲရတော့တယ်”ဟု နေ့စဉ်ကွမ်းဝယ်စားလေ့ရှိသူ မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီး တစ်ဉီးကပြောသည်။ ဒေသတွင်းမှ ထွက်ရှိသည့် ကွမ်းရွက်များ စျေးတက်ရသည့် အကြောင်းကို […]

တနင်္သာရီမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

diz_admin

October 29, 2021

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် လေးဉီးသေဆုံးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ လက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်လည်း ဖြစ်သော ပဝကျေးရွာအုပ်ချုပ်ရေးမှူး ဉီးမြင့်ဌေး နေအိမ်အား အောက်တိုဘာလ ၂၉ ရက် နံနက် ၄ နာရီအချိန်က အမည်မသိပျောက်ကျား လက်နက်ကိုင် ဆယ်ဉီးကျော်ခန့်မှ ဝိုင်းထားပြီး အုပ်ချုပ်ရေးမှူးအား ခေါ်ထုတ်ခဲ့သည်၊ အုပ်ချုပ်ရေးမှူးမှာ အပြင်သို့မထွက်ဘဲ နေအိမ်အတွင်းမှ သေနတ်ဖြင့်ပစ်ကာခုခံသည့်အတွက် အမည်မသိအဖွဲ့မှ မီးရှို့ခဲ့ကြောင်း ရွာသားများ ကပြောပြသည်။ “အုပ်ကြီးအပါအဝင် အားလုံးလေးယောက် သေတယ်လို့ကြားတယ်”ဟု ယင်းရွာသား ကပြောသည်။ နေအိမ်အတွင်း ပိတ်မိသေဆုံးခဲ့သူများမှာ ဉီးမြင့်ဌေးနှင့် ၎င်း၏ဇနီး၊ သမီးဖြစ်သူနှင့် သမီး၏ သူငယ်ချင်းမိန်းကလေးတစ်ဉီးလည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်၊ Dawei Watch က […]

ပုလောတိုက်ပွဲအပြီး ဒေသခံ တစ်ထောင်ကျော်စစ်ရှောင်

diz_admin

October 29, 2021

တနင်္သာရီတိုင်း၊ ပုလောဒေသတိုက်ပွဲကြောင့် ဒေသခံ မိကျောင်းသိုက်ရွာသားတစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်အဖွဲ့မှ သိရသည်။ မိကျောင်းသိုက်ကျေးရွာတွင် အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပုလောဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မိကျောင်းသိုက်ရွာ ဒေသခံများ အိမ်တွင် နေထိုင်မရဲသဖြင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ တောတောင်များတွင် စစ်ရှောင်နေကြရသည်ဟု အထက်ပါအဖွဲ့မှ အမျိုးသားတစ်ဦးက ဆိုသည်။ “လက်ရှိအခြေနေအရ အားလုံးကတော့ စစ်ရှောင်နေရတယ်၊ ရွာထဲမှာ အိမ်ထဲမှာ ပြန်မနေရဲဘူး၊ ကျွန်တော် တို့ရွာရဲ့ ဘုန်းကြီးကျောင်းရှိတယ် အဲဒီဘုန်းကြီးကျောင်းမှပဲ စုပြီးတော့ နေနေရတယ်၊ တချို့ဆို ကိုယ့်ခြံထဲမှာကိုယ်ပြန်နေတာလည်း ရှိတယ်၊ တောထဲမှာလည်းသွားနေတာရှိတယ်၊ သွားရလာရတာ အခက်အခဲလည်းရှိတာပေါ့၊ အဓိက စားဝတ်နေရေးက အရမ်းအခက်အခဲဖြစ်တာပေါ့” ဟု အမျိုးသားက ဆိုသည်။ ယင်းဒေသရှိ အချို့ရွာများတွင် ပြည်သူ့စစ်နှင့် […]

ကော့သောင်း NLD ရုံး ဆိုင်းဘုတ်နှင့် ဗီနိုင်းပြားများ ဖျက်ဆီးခံရ

diz_admin

October 29, 2021

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံး ဆိုင်းဘုတ်နှင့် ဗီနိုင်းများ အောက်တိုဘာလ ၂၈ ရက် ညကဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါရုံးရှိ ပါတီဆိုင်းဘုတ်နှင့် ဗီနိုင်းများအား ဆုတ်ဖြဲကာ စုပုံထားသည်ကို ယနေ့နံနက်စောစောတွင် တွေ့ရကြောင်း ပါတီရုံးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။ “ညနေက အကောင်းကြီးရှိသေးတယ်။ မိုးလင်းမှ ဒါတွေ တွေ့တယ်ဆိုတော့ သူတို့ ညနက်ပိုင်းမှာ လုပ်သွားတာ ဖြစ်မှာပေါ့”ဟု ၎င်းက ပြောသည်။ ဆိုင်းဘုတ်နှင့် ဗီနိုင်းများ ဖျက်ဆီးသွားသော်လည်း ရုံးတံခါးမှာမူ အနေအထား မပျက်ယွင်းကြောင်း အထက်ပါဒေသခံက ဆိုသည်။ ည ၁၂ နာရီခန့်တွင် လူဆယ်ဦးခန့် တင်ဆောင်လာသည့် ကားတစ်စီးဖြင့် ရောက်လာပြီး ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ “ကားတစ်စီးနဲ့လာပြီးတော့ ရုံးအလွန် သုံးလေးအိမ်ခြားလောက်မှာ […]

မွန်တွင် စျေးများပြန်ဖွင့်၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည့်ဆိုင်များသာ ရောင်းခွင့်ပြု

diz_admin

October 28, 2021

မွန်ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေး ပြန်လည်ဖွင့်လိုက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသည့် စျေးဆိုင်များသာ ရောင်းချခွင့်ပြုကြောင်း စျေးတာဝန်ခံနှင့် စျေးသူစျေးသား တို့ထံမှ သိရသည်။ မော်လမြိုင် အမှတ်(၁) စျေးနှင့် မြိုင်ရတနာလေးထပ်စျေးတို့အပါအဝင် ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေးများကို အောက်တိုဘာ ၂၅ ရက်နေ့မှစကာ ပြန်လည်ဖွင့်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ဆိုင်ရှင်များအနေနှင့် စျေးရောင်းသူနှင့် အလုပ်သမားများအား ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး ဖြစ်ကြောင်း အထောက်အထား ဆေးလက်မှတ်ကို သက်ဆိုင်ရာ စျေးတာဝန်ခံရုံးထံ တင်ပြနိုင်မှသာ ဆိုင်ပြန်လည်ရောင်းချခွင့် ရရှိမည်ဖြစ်သည်။ “ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ထိုးပြီးကြောင်း ဆေးလက်မှတ်ပြနိုင်တဲ့ ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးတယ်” ဟု မော်လမြိုင်အမှတ်(၁) စျေးမှ တာဝန်ခံအဖွဲ့ဝင် ဦးစိုးက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသည့် ဆိုင်ခန်းများအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေး သက်ဆိုင်ရာ စျေးတာဝန်ခံရုံးတို့တွင် စာရင်းပေးသွင်းနိုကြောင်း သိရသည်။ […]

ကိုဗစ်ပိုးတွေ့နှုန်းကျနေသော်လည်း Stay at Home မဖျက်သဖြင့် ထားဝယ်ဒေသခံအချို့ ဝေဖန်

diz_admin

October 28, 2021

ထားဝယ်ဒေသတွင် ကိုဗစ်ပိုးတွေ့သည့် လူနာအရေအတွက် ကျဆင်းသွားသော်လည်း Stay at Home သတ်မှတ်ထားခြင်းအား မပယ်ဖျက်သေးသဖြင့် ထားဝယ်ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။ ကိုဗစ်ကူးစက်မှုများပြားသည့်အတွက် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့မှစကာ ထားဝယ်မြို့နယ်အား နေအိမ်တွင်သာနေထိုင်ရန်(Stay at Home) မြို့နယ်အဖြစ် သတ်မှတ်ထားခဲ့သည်။ ယင်းအချိန်က ထားဝယ်မြို့နယ်အတွင်း တစ်ရက်ပျမ်းမျှ ပိုးတွေ့လူနာ ၂၀ ကျော်ရှိခဲ့ပြီး တစ်တိုင်းလုံးရှိ မြို့နယ်အားလုံး၏ ပိုးတွေ့နှုန်းမှာ ၂၀၀ ဦးဝန်းကျင်ရှိသည်။ Stay at Home သတ်မှတ်ထားသည့်အတွက် အိမ်ထောင်စုတစ်ခုလျှင် လူတစ်ဦးနှုန်းသာ အပြင်ထွက်ခွင့် ကတ်ပြားဖြင့် နေအိမ်ပြင်ပသို့ သွားလာခွင့်ရှိသည်။ ယင်းအပြင်ထွက်ခွင့်မပါဘဲ နေအိမ်ပြင်ပသို့သွားလာပါက အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် ထားဝယ်မြို့နယ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ကိုဗစ်ပိုးတွေ့သူ ၅ ဦးခန့်နှင့် […]