ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆလုံ ဂျလန်းကျွန်းကျောင်းထိုင်အသစ် ရောက်ရှိ

diz_admin

November 2, 2021

ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းဘုန်းတော်ကြီး ကျောင်းသို့ ကျောင်းထိုင်မည့် ဆရာတော်အသစ်တစ်ပါး ရောက်ရှိလာကြောင်း ဆရာတော်၏ ဒါယကာများ ထံမှသိရသည်။ ဂျလန်းဆရာတော် ဟု လူသိများသော ယခင် ကျောင်းထိုင်ဆရာတော်မှာ ကိုဗစ် ရောဂါဖြင့် ပျံလွန်တော်မူပြီးနောက် သုံလခန့်အကြာတွင်ရောက်ရှိလာခြင်းဖြစ်ပြီး မော်ကင်းဆလုံဒေသအတွင်း သာသနာပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ရောက်ရှိလာသည့် ဆရာတော်၏ ဘွဲ့အမည်မှာ ဒေါက်တာ အရှင်ပညာသီရိဖြစ်ပြီး မွန်ကျောင်းဆရာတော်ဟု လူသိများသည့် ဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်မှာ သက်တော်မှာ ၄၄ နှစ်၊ သိက္ခာတော်မှာ ၂၄ နှစ်ရှိပြီဖြစ်ပြီး ပြည်တွင်းပြည်ပသာသနာပြု၊ နယ်လှည့်ဓမ္မကထိက၊ စာရေးစာချ၊ တရားဟော၊ တရားပြနှင့် ကျောင်းထိုင်ဘုန်းကြီးများ၊ ရဟန်းတော်များ ဟောနည်း၊ပြောနည်း၊ သာသနာပြုနည်းများ ဟောပြောပို့ချခြင်း၊ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းများ ပို့ချခြင်း၊ရှင်ပြု၊ရဟန်းခံ၊သီလရှင်ဝတ် ပွဲများနှစ်စဥ်ကျင်းပခြင်း၊ တရားစခန်းများဖွင့်ပေးခြင်း ပြုလုပ်နေကြောင်း ဒါယကာများ ထံမှသိရသည်။ […]

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး နေအိမ် မီးရှို့ခံရ၊ အခြား သပိတ်ကော်မတီဝင်၏ မိခင်ကို ဖမ်းဆီး

diz_admin

November 2, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာရှိ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်တစ်‌ဆောင် နိုဝင်ဘာလ ၁ ရက် ည ၁၂ နာရီခန့်တွင် မီးရှို့ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းမီးရှို့ခံရသည့်နေအိမ်မှာ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုဝေယံစိုး၏ မိသားစုဝင် နေအိမ်ဖြစ်ကြောင်း အဆိုပါကော်မတီက သတင်းထုတ်ပြန်ထားသည်။ “ည ၈ နာရီလောက်တုန်းက တစ်ခါလာပြီရှာသေးတယ်။ (ကို) ဝေယံစိုးအိမ်နဲ့ သူ့ဆွေမျိုးအိမ်တွေ သုံးအိမ်လောက်အရှာခံရတယ်။ ‌အိမ်မှာရှိတဲ့ တီဗီတွေ၊ ဗီဒိုတွေကိုလည်း ရိုက်ဖျက်သွားတာ။ ဆိုင်ကယ်နှစ်စီးလည်း သိမ်းသွားသေးတယ်။ အဲဒီကတည်းက အိမ်ကိုမီးရှို့မယ်လို့ ပြောသွားတာ” ဟု မီးလောင်ခံရသည့်အိမ်ပိုင်ရှင်နှင့် အမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။ ယင်းအတွက်ကြောင့် အိမ်ပိုင်ရှင် မိသားစုဝင်များ ကြိုတင်တိမ်းရှောင်နေခဲ့ကြသဖြင့် မီးလောင်ချိန်တွင် နေအိမ်၌ လူမရှိကြောင်း ၎င်းကဆိုသည်။ မီးသတ်ကားတစ်စီးရောက်လာခဲ့‌သေးသော်လည်း အချိန်မမီသဖြင့် မီးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ […]

တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ဒေါ်လာသန်း‌ ခြောက်ရာကျော် ကျ

diz_admin

November 1, 2021

တနင်္သာရီတိုင်း နယ်စပ်ဂိတ်များ၏ ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ‌ကျော် ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနစာရင်းများအရ သိရသည်။ တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်နေသည့် နယ်စပ်စခန်း ၃ ခုရှိပြီး ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်ကြသည်။ အထက်ပါ ကုန်သွယ်ရေးစခန်းသုံးခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၃၀ သန်းကျော် ရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ် (သြဂုတ်လအထိ) စာရင်းတွင်မူ ဒေါ်လာ ၁၇၉၃ သန်း‌ကျော် ရှိကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိကျပ်ငွေလဲလှယ်နှုန်းအရ မြန်မာငွေ ကျပ်သိန်းပေါင်း ၁၁ သိန်းကျော် ကျဆင်းသွားခြင်းဖြစ်သည်။ တနင်္သာရီတိုင်း၏ အဓိကပို့ကုန်ဖြစ်သည့် ရေထွက်ပစ္စည်းတင်ပို့မှု ကျဆင်းသွားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးပမာဏလည်း ကျသွားခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက […]

သရက်ချောင်း ရငဲရွာ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း နေအိမ် ဝင်ရှာခံရ

diz_admin

November 1, 2021

သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း၏ နေအိမ်ကို အောက်တိုဘာလ ၂၉ ရက်ညနေက စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်များက လာရောက်ရှာဖွေခဲ့ကြောင်း ဒေသခံအချို့ထံမှ သည်။ ယင်းနေ့ ညနေတွင် စစ်သားနှင့် အရပ်ဝတ် ဆယ်ဦးခန့်ရောက်လာပြီး အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းအောင်အား ရှာဖွေခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ထိုသို့ ရှာဖွေချိန်တွင် အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းအောင် နှင့် မိသားစုဝင်များနေအိမ်တွင် မရှိကြောင်း ၎င်းက ပြောသည်။ ဒေသခံများ၏ အဆိုအရ ဦးမျိုးမင်းအောင် နေအိမ်ရှေ့ရှိ တံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သည့် ပစ္စည်းများအား ဖျက်ဆီးသွားကြသည်ဟု ဆိုသည်။ ‌”သူတို့ဝင်လာမှန်းသိတာနဲ့ ရွာကလူငယ်တွေကတော့ ရှောင်ကြတယ်။ ရွာခံသတင်းပေးတဲ့သူက လမ်းပြလာတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး‌ဟောင်း‌အိမ်အား ဝင်ရောက်ရှာ‌ဖွေ ပြီးနောက် ရငဲကျေးရွာရှိ […]

ကင်းမွန်ငါးဖမ်းရာသီစဖွင့်

diz_admin

November 1, 2021

ဝါလကင်းလွတ် သတင်းကျွတ်ပြီးပြီမို့ ကင်းမွန်လှေတို့ ပင်လယ်ပြင်သို့ ထွက်ခွါသွားကြပြီဖြစ်သည်။ သို့သော် လှေတစ်ချို့မှာ ထွက်ခွာရန် ပြင်ဆင်နေဆဲ။ ပင်လယ်ပြင်အတွင်းရှိ ကင်းမွန်များကို သီတင်းကျွတ်အပြီး အောက်တိုဘာ မှ တန်ခူးလ (ဧပြီလ) အကုန် မိုးဉီးကျရာသီအထိ ဖမ်းဆီးကြပြီး ဒေသခံတို့မှ လှေအရွယ်အစားမျိုးစုံ ကိုအသုံးပြုကြသည်။ လှေတစ်စီးလျှင်အနည်းဆုံး ရေလုပ်သားငါးဉီးမှ လှေကြီးလျှင် နှစ်ဆယ်နီးပါးအထိ လိုက်ပါပြီး ကင်းမွန်ဖမ်းလေ့ရှိကြသည်။ ကင်းမွန်များကို ငါးဖမ်းသလို ပိုက်တစ်ခုတည်းဖြင့် ဖမ်းကြသည်တော့မဟုတ်။ လှေရှိ လက်တံကြီးများတွင် လျှပ်စစ်မီးများ ထွန်းကာ ပိုက်များဖြင့် ချုပ်ပြီးဖမ်းကြသည်။ ယင်းသို့တစ်ညလုံး ဖမ်းကြပြီး နေ့ဖက်တွင်တော့ ရေလုပ်သားများ အိပ်စက်အနားယူကြသည်။ ကင်းမွန်များကို လဆုတ်၊ လကွယ် ညတွေမှာသာဖမ်းဆီးရပြီး လပြည့်လသာသည့် ညများတွင်တော့ လအလင်းရောင်ကြောင့် ဖမ်းဆီး၍ မရကြောင်း မြိတ်မြို့မှ ကင်းမွန်လှေ မီးဆရာကပြောပြသည်။ […]

ထားဝယ်မြို့ပေါ် ညမထွက်ရအမိန့် မပြောင်းဟုဆို

diz_admin

October 31, 2021

ထားဝယ်မြို့နယ်တွင် ညမထွက်ရအမိန့်မှာ ယခင်ထုတ်ပြန်ထားသည့်အတိုင်း ည ၁၀ နာရီမှ မနက် ၄ နာရီအထိ တည်ရှိမြဲဖြစ်ကြောင်း ထားဝယ်မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ည ၇ နာရီမထွက်ရ၊ ထွက်ပါက ပစ်မိန့်ပေးထားသည်ဟုဆိုကာ ဒေသခံများကြားတွင် ကောလာဟလသတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ထိုသို့ ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။ “အဲဒါ ကောလာဟလဖြစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ ဒီဘက်က ထုတ်ပြန်ထားတာကတော့ အားလုံးတပြေးညီပဲ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိပဲ” ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ရှိသူက ဆိုသည်။ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင်လည်း ညမထွက်ရအမိန့်ကို ည ၇ နာရီသတ်မှတ်ထားပြီး ထွက်ပါက ပစ်မိန့်ပေးထားသည်ဟု ပြောဆိုနေကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူ […]

သရက်ချောင်းမြို့နယ် ကမြိုင်ရွာ မိုင်တဲတာဝါတိုင်ဗုံးခွဲခံရ

diz_admin

October 31, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာရှိ မိုင်တဲတာဝါတိုင်သည် အောက်တိုဘာ ၃၁ ရက် ‌ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဗုံးခွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲသံကို ကြားရသော်လည်း မိုင်တဲတာဝါတိုင်မှာ ပြိုလဲကျသွားခြင်း မရှိကြောင်း ကမြိုင်ကျေးရွာ‌နေ အမျိုးသမီး တစ်ဦးက ဆိုသည်။ “ဗုံးပေါက်ကွဲသံကြားပြီး မီးခိုးတွေတွေ့လိုက်တယ်၊ တိုင်တော့ မလဲကျဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ တာဝါတိုင်မိုင်းခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်သည် ကိုမသိရဘဲ ဗုံးပေါက်ကွဲသံကြားပြီး‌နောက် စစ်ကားနှစ်စီး ရောက်လာသည်ဟု ၎င်းက ဆိုသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကျွဲမင်းကုန်းရွာရှိ မိုင်တဲတာဝါတိုင်တွင် မပေါက်ကွဲသေးသည့် မိုင်းတလုံးကို စစ်ကောင်စီအဖွဲ့ဝင်များက […]

မော်လမြိုင်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

October 31, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှရီ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီသည် အောက်တိုဘာ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အုပ်ချုပ်ရေးမှူးရုံးသွားရာလမ်းတွင် အမည်မသိသေနတ်သမားနှစ်ဦးတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှရီသည် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “၅ ချက် အပစ်ခံရတယ်လို့ ပြောတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဦးလှရီကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။ ဦးလှရီသည် မော်လမြိုင်မြို့နေပြည်သူများအား စိတ်ရောကိုယ်ပါ ဒုက္ခပေးနေသောကြောင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း မွန်ပြည်နယ် […]