ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းခန့်

diz_admin

November 3, 2021

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသေးသည်ဟု ပြည်နယ်ပညာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ ပြည်နယ်တစ်ခုလုံးတွင် ကျောင်းသား ကျောင်းသူ လေးသိန်းကျော်ရှိပြီး ယခုကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကျောင်းလာတက်ကြသည်။ ကျောင်းစဖွင့်သည့် ပထမအပတ်တွင် ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူဦးရေနည်းနေသော်လည်း ဒုတိယအပတ်ခန့်တွင် ကျောင်းသား ကျောင်းသူဦးရေ တိုးလာနိုင်သည်ဟုလည်း ပညာရေးဝန်ထမ်းတို့က ခန့်မှန်းထားကြသည်။ “ကျောင်းတက်တဲ့ကလေးက နည်းတယ်၊ စစဖွင့်ချင်းမို့လို့လားတော့ မပြောတတ်ဘူး၊ တချို့ကလည်း စိုးရိမ်ကြလို့ ကလေးကို ပေးမတက်သေးတာလည်းရှိတယ်၊ တဖြည်းဖြည်း များလာမယ် ထင်တာပဲ” ဟု မြို့နယ်ပညာရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြို့ပေါ်ရှိကျောင်းများထက် နယ်ဘက်ရှိကျောင်းများတွင် ကျောင်းတက်သည့် ကျောင်းသူကျောင်းသားဦးရေ ပိုများကြောင်း ကျောင်းဆရာ ဆရာမတို့ထံမှ သိရသည်။ ကျောင်းသားမိဘအချို့ကလည်း ကလေးလုံခြုံရေးအတွက် စိုးရိမ်ပြီး […]

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းအမှု နိုဝင်ဘာလ ၁၁ ရက်နေ့ အမိန့်ချမည်

diz_admin

November 3, 2021

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ ဦးမြင့်မောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရချိန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် သံပုံး (လင်ပန်း) တီးသည့် ဗီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တင်ခြင်းကြောင့် စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကို လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကိုလည်းကောင်း၊ ကြောက်ခြင်း ထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သည်။ ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ် နှစ်သိန်းဖြစ်စေ၊ အများဆုံးထောင်ဒဏ် ၂ နှစ်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နံနက်စောစောတွင် […]

ဒုတိယအကြိမ်ကျောင်းပြန်ဖွင့်ချိန် တိုင်းအတွင်း ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းကျော်

diz_admin

November 3, 2021

စစ်ကောင်စီက ဒုတိယအကြိမ် ကျောင်းတွေပြန်ဖွင့်ရန် ကြိုးပမ်းချိန်တွင် တနင်္သာရီတိုင်းအတွင်း ကျောင်းတက်သူ ဆယ့်ခြောက်ရာခိုင်နှုန်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ တပ်ကောင်စီအစိုးရက အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့ရာ မနေ့က ကျောင်းတက်သူ စုစုပေါင်း တစ်သောင်းသုံးထောင် ရှစ်ဆယ့်ရှစ်ဦး(၁၃၀၁၈) ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အထက်ပါ ကျောင်းတက်သူစာရင်းမှာ တစ်တိုင်းလုံးရှိ စာရင်းဖြစ်ပြီး အခြေခံပညာအစိုးရစာသင်ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ဘက ကျောင်းများတွင် တက်ရောက်သည့် စာရင်းဖြစ်သည်။ ဇွန်လ ၁၀ ရက် ပထမအကြိမ်ဖွင့်လှစ်ခဲ့စဉ်က တိုင်းအတွင်း ကျောင်းတက်သူ ၆၅၁ ဦးရှိပြီး ဇူလိုင်လ ၈ ရက် ကိုဗစ်ကြောင့် ကျောင်းတွေပြန်ပိတ်လိုက်ရသည့်အချိန်ထိ ကျောင်းတက်သူ ၇၉၈၁၈ ဦးရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။ “အခုမှဖွင့်ဖွင့်ချင်းလည်း ဖြစ်တာဆိုတော့လေ ကလေးတွေက […]

လောင်းလုံးဒေသခံများ ဆက်တိုက်အဖမ်းခံရ

diz_admin

November 3, 2021

နိုင်ဘာလ ၁ ရက်က လောင်းလုံး- စစ်ပြဲသွားလမ်းတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ပြဲကျေးရွာအပါအဝင် အနီးနားကျေးရွာမှ ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ယနေ့ နိုဝင်ဘာလ ၃ ရက်က လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာတွင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း သုံးဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။  ယင်းကျေးရွာနေ ကိုလုလုဇော်အား လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဇနီးဖြစ်သူနှင့် ၂ နှစ် အရွယ်ကလေးတစ်ဦး၊ ထို့အပြင် ဦးလေးဖြစ်သူ ကဒက်ထိန်ကျေးရွာ ရာအိမ်မှူးဟောင်းဖြစ်သူ ဦးဇော်ဝင်းကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။  နိုဝင်ဘာလ ၂ ရက်က စစ်ပြဲကျေးရွာအုပ် စစ်ပြဲရှေ့ပိုင်းရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်၏ မိသာစုနေအိမ်တစ်လုံး မီးရှို့ခံရပြီး ကျေးရွာဒေသခံ ၁၂ ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။  […]

ရေးတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိရောက်

diz_admin

November 2, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် လျှပ်စစ်မိတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိ စေ◌ျးတက်သွားသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ မဟာဓါတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏိတို့က လုပ်ဆောင်နေကြပြီး ပုဂ္ဂလိကကုမ္ပဏိ လျှပ်စစ်ဖြန့်ဖြူးရေးမရောက်သည့် ကျေးရွာတို့တွင် ကိုယ်ထူကိုယ်ထဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေကြသည်။ လက်ရှိတွင် ဒီဇယ်ဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာတို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၈၀၀ မှ စက်တင်ဘာလမှစပြီး တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားသည်ဟု သုံးစွဲသူတို့ထံမှ သိရသည်။ “ရွာမှာက ကုမ္ပဏီက ဖြန့်ဖြူးတဲ့ မီးမရောက်ဘူး၊ ရွာက ကိုယ်ထူကိုယ်ထနဲ့ သွယ်ထားတဲ့မိး၊ အခု ဆိစေ◌ျးတွေ တက်တော့ စက်တင်ဘာလကစပြီး တစ်ယူနစ် ၁၀၀၀ […]

ထားဝယ်နှင့် မြိတ် လေ‌ယာဉ်ခရီးစဉ်များ ပြန်ပြေးဆွဲရန် ယခုလကုန်အထိ မသေချာသေး

diz_admin

November 2, 2021

လပေါင်းများစွာ ရပ်နားထားသည့် ထားဝယ်နှင့် မြိတ် လေယာဉ်ခရီးစဉ်များ ပြန်ပြေးဆွဲရန် နိုဝင်ဘာလကုန်အထိ မသေချာသေးကြောင်း လေကြောင်းလိုင်းနှင့် လေယာဉ်လက်မှတ်အ‌ရောင်းကိုယ်စားလှယ်အချို့ထံမှ သိရသည်။ ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထား၀ယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့သည်။ ထိုနောက် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က အောက်တိုဘာလ တတိယအပတ်တွင်မှ ပြန်လည်ပြေးဆွဲခဲ့သည်။ ထားဝယ်နှင့် မြိတ်ခရီးစဉ်အား ယခုလတွင်လည်း ပြန်လည်ပြေးဆွဲရန် မရှိသေးကြောင်း အထက်ပါလေကြောင်းလိုင်းများ၏ call center တာ၀န်ကျ၀န်ထမ်းများက ပြောသည်။ “လောလောဆယ်တော့ ပြန်ဖွင့်ဖို့ မပြောသေးဘူး၊ ကော့သောင်းပဲ ဖွင့်သေးတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း call center တာ၀န်ကျ၀န်ထမ်းက ဆိုသည်။ လတ်တလောတွင် […]

မြိတ် လျှပ်စစ်မီတာခ တင်ဒါအောင်ဈေးထက် ကျပ်တစ်ရာကျော် တိုးကောက်

diz_admin

November 2, 2021

မြိတ်မြို့တွင် လျှပ်စစ်အားထုတ်လုပ်ဖြန့်ဖြူးရန်  တင်ဒါအောင်မြင်ထားသည့် ဈေးနှုန်းထက် ကျပ်တစ်ရာကျော်အထိ တိုးမြှင့်ကောက်ခံနေကြောင်း သိရသည်။  မြိတ်မြို့နယ်အတွက် တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် Petro & Trans Co., Ltd က ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။  သို့သော် စက်တင်ဘာလအတွက် တစ်ယူနစ်လျှင် ၄၂၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသဖြင့် တင်ဒါအောင်ဈေးထက် ၁၂၈ ကျပ်တိုးကောက်ခဲ့ခြင်းဖြစ်ကြောင်း မီးသုံးစွဲသူတို့ထံမှ သိရသည်။  ယင်းမတိုင်ခင် ဩဂုတ်လက တစ်ယူနစ်လျှင် ၃၉၈ ကျပ်ကျ ကောက်ခံခဲ့ပြီးဖြစ်သည်။  ကို‌ဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းဂယက်တို့ကြောင့် လျှပ်စစ်မီးအသုံးပြုကြသည့် အသေးစားလုပ်ငန်းအချို့ရပ်နားခဲ့ရပြီး မီတာခဈေးထပ်မံမြင့်တက်နေပါက လုပ်ငန်းအပြီးရပ်နားသည်အထိ ဖြစ်လာနိုင်ကြောင်း မော်တော်ယဉ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။  “အလုပ်ပါးရတဲ့အထဲ မီးဖိုးကကြီးလာတော့ ကြာလာရင် နားရတော့မလို့ဖြစ်နေပြီ” ဟု အထက်ပါ အသေးစား […]

လောင်းလုံး ကျောက်ဆင်အုပ်စု လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးများ၍ ဒေသခံများ အခက်တွေ့

diz_admin

November 2, 2021

ထားဝယ်ဒေသ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ သေနတ်ပစ်ခံရပြီးနောက် လုံခြုံရေးဂိတ်များထားပြီး စစ်ဆေးမှုများ‌နေသည့်အတွက် ဒေသခံများ အခက်ကြုံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်လက အဆိုပါရွာ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရီဦးနှင့် သဘော့ဆိပ်ရွာ အုပ်ချုပ်ရေးမှူးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ယင်းဖြစ်စဉ်နောက်ပိုင်းတွင် ကျောက်ဆင်ကျေးရွာ စာသင်ကျောင်းရှေ့၌ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က စခန်းချကာ ဒေသခံများအား တင်းကြပ်စွာစစ်ဆေးနေခြင်းဖြစ်သည်။ ထိုသို့ စစ်ဆေးရာတွင် ဆိုင်ကယ်လိုင်စင်‌၊ ရပ်ကွက်ထောက်ခံစာ၊ ဝန်ထမ်း ဟုတ်/မဟုတ်မေးမြန်းလေ့ရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကျွန်‌တော်ဆိုရင် ကျောက်ဆင်မှာဂိတ်ချပြီး စစစ်ဆေးကတည်းက မဖြတ်တော့ဘူး။ ဖြတ်ချင်စိတ်လည်းမရှိတော့ဘူး” ဟု အဆိုပါ အမျိုးသားကပြောသည်။ ထိုကဲ့သို့ တင်းကြပ်စွာစစ်ဆေးနေသည့်အပြင် ညအချိန်၌ ကျေးရွာနေသူများကို ဝင်ဖမ်းလေ့ရှိကြောင်း ဒေသခံများကပြောသည်။ အောက်တိုဘာလ ၁၁ ရက်နေ့မှ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူစုစုပေါင်း တစ်ဆယ်ကျော်ရှိကြောင်း […]