ဘီးလင်းမြစ်ရေတွင် ရေနေသတ္တဝါများ အသက်မရှင်နိုင်
diz_admin
January 6, 2020မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်း မြစ်ရေထဲ ရေနေသတ္တဝါများ အသက် မရှင်နိုင်ဘဲ သုံးစွဲမိလျှင်လည်း အဆိပ်သင့် ပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟု ကျောက်ဆည်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာအေးအေးချိုက ပြောသည်။ ဒီဇင်ဘာ ၂၇ ရက်က ဘီးလင်းမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘီးလင်းမြို့ နယ်၏ ရေမြေသဘာ၀နှင့် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲတွင် “ဘီးလင်းမြစ်အလယ် ပိုင်းနှင့် မြစ်ဖျားပိုင်းရှိ ရေအရည်အသွေး များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာခြင်း စာတမ်း” ခေါင်းစဉ်ဖြင့် ဘီးလင်းမြစ်ရေ အခြေအနေ လေ့လာတွေ့ရှိချက်များကို ဒေါက်တာအေးအေးချိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “(ဘီးလင်းမြစ်ရေထဲ) အောက်ဆီ ဂျင်ပျော်ဝင်မှုတွေဟာ အများကြီးနည်းနေတဲ့အတွက်ကြောင့်မို့ ရေနေသတ္တဝါ တွေ အသက် မရှင်သန်နိုင်ပါဘူး။ သံဓာတ်၊ ခဲဓာတ်၊ […]