ထားဝယ်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၏ မိသားစုဝင်နှစ်ဦး အဖမ်းခံရ
diz_admin
November 9, 2021ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဖြစ်သူ မသီရိမိုး၏ မိခင်နှင့် ညီမဖြစ်သူတို့ ဖမ်းဆီးခံရကြောင်း ဆွေမျိုးတော်သူတစ်ဦးက ပြောသည်။ အသက် ၄၀ ကျော်အရွယ် ဒေါ်သက်သက်ထွေးနှင့် အသက် ၁၆ နှစ်အရွယ် မရွှေရည်မိုးတို့နှစ်ဦးအား နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းဆိုသည်။ ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာရှိနေအိမ်တွင်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ “လာဖမ်းတာကတော့ အိမ်စီးကားနှစ်စီးနဲ့ အရပ်ဝတ်တွေနဲ့လာတယ်။ လာပြီးနေအိမ်မှာ ရှာတာတွေလုပ်တယ်။ ရှာပြီးတာနဲ့ ဖုန်းတွေသိမ်းပြီးတော့မှ သားအမိနှစ်ယောက်စလုံးကို ခေါ်သွားတယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ မသိရီမိုးသည်ဖေဖော်ဝါရီလ နေအိမ်မှဆင်းလာကတည်းက မိသားစုဝင်တို့နှင့် အဆက်အသွယ်မလုပ်တော့ကြောင်း ၎င်းဆွေမျိုးတော်စပ်သူကဆိုသည်။ မသီရိမိုးသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။ အဖမ်းခံထားရသည့် မသီရိမိုး၏ မိခင်နှင့် ညီမဖြစ်သူကို ထားဝယ်မြို့နယ်ရဲစခန်းတွင် […]


