ဟွန်ဆန်ရဲ့ အမျက်စက်ကွင်းမှ ဝေးရာ
Dawei Watch
July 14, 2025အသက် ၃၇ နှစ်အရွယ် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူတစ်ဉီးဟာ ကမ္ဘောဒီးယားအစိုးရနဲ့ စစ်တပ်ကို လူသိရှင်ကြား ဝေဖန်ပြီးနောက် အသက်ဘေးအန္တရာယ်ကြောင့် ထိုင်းနိုင်ငံမှာ ပုန်းအောင်းခဲ့ပါ တယ်။ ကမ္ဘောဒီးယားစစ်သားတွေကို လှောင်ပြောင်တဲ့ ရုပ်သံဖိုင်တစ်ခုကို လူမှုကွန်ရက် TikTok မှာ တင်ခဲ့တဲ့ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယား နိုင်ငံတကာလူငယ်ကွန်ရက်ရဲ့ ခေါင်းဆောင် အွမ်ပီဆက်ကို ကမ္ဘောဒီးယား အာဏာပိုင်တွေက အလိုရှိနေပါတယ်။ အဆိုပါဗွီဒီယိုရုပ်သံဖိုင်ဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် တပ်စွဲထားတဲ့ တပ်ဖွဲ့တွေ ဟာ အာဟာရချို့တဲ့ပြီး တိုက်ပွဲဝင်ဖို့ပြင်ဆင်မှု ညံ့ဖျင်းတယ်ဆိုတဲ့ စစ်သားဟောင်းတစ်ဉီးနဲ့ နီးစပ်သူတစ် ဉီးရဲ့ TikTok အကောင့်တွေကို အခြေခံထားပါတယ်။ အဲဒီပို့စ်ကြောင့် အွမ်ပီဆက်က သတင်းမှားတွေ ဖြန့်ဝေပြီး စစ်ဘက်အရာရှိတစ်ဉီးအဖြစ် အ ယောင်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့တဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဉက္ကဋ္ဌ ဟွန်ဆမ်ရဲ့ အပြင်းအထန် တုံ့ပြန်မှုကို […]


