ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

diz_admin

July 12, 2022

ကိုဗစ်ရောဂါ မျိုးကွဲတစ်ခုဖြစ်သည့် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်ခံထားရသူ ခြောက်ဦး တွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ကိုဗစ်ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၁၆) ခုအား ဆေးသုတေသနဦးစီးဌာနတွင် ဇွန်လ ၃၀ ရက်နေ့က စစ်ဆေးရာ BA.4 တစ်ခု၊ BA.5 ငါးခု တွေ့ရှိကြောင်း ဇူလိုင်လ ၁၁ ရက်ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ BA.4 နှင့် BA.5 တွေ့ရှိသူများ အားလုံးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး […]

ဝါဆိုလပြည့်နေ့ ထားဝယ်မြို့မြင်ကွင်း

diz_admin

July 12, 2022

ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ပေါ်နှင့် လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းက မြင်ကွင်းများ ဖြစ်သည်။

တနင်္သာရီ သိန္ဒောရွာတွင် သတင်းပေးဆိုသူ အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

July 12, 2022

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် စစ်ကောင်စီ သတင်းပေးဟုဆိုသည့် အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ သိန္ဒောရွာတွင် နေထိုင်သူ ကိုအသေးလေးဆိုသူအား ဇူလိုင်လ ၁၁ ရက်နံက် ၉ နာရီအချိန်တွင် သွားရောက်ရှင်းလင်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အသတ်ခံရသူသည် စစ်ကောင်စီတပ်အတွက် သတင်းလုပ်ပေးခြင်း၊ ထောက်ပို့လုပ်ပေးခြင်းအပြင် လူမနေရဲ (လူမရှိ) သည့် နေအိမ်များမှ ပစ္စည်းများခိုးယူကာ ၎င်း၏အိမ်တွင် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဆက်လက်ရေးသားထားသည်။   ၎င်းသည် တပ်ပြေးမှုဖြင့် အကျဉ်းကျခဲ့ပြီး စစ်ကောင်စီတပ်အတွက် သူလျှိုလုပ်ပေးမည်ဟူသော ခံဝန်ချက် ထိုးကာ လွတ်မြောက်လာသူဖြစ်ကာ လက်ရှိတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ကူညီဆောင်ရွက်ပေးနေသည့် အတွက် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ အသတ်ခံရသူနှင့် ပတ်သက်၍ Dawei Wach အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။ ဇူလိုင်လ […]

ရနောင်း လွှတ်တော်အမတ်လက်ထောက်၏ဖခင်အသတ်ခံရမှုတွင် မြန်မာလုပ်သား ၁၅ဦးကို ဖမ်းဆီးစစ်ဆေး

diz_admin

July 12, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင် သတ်ဖြတ်အလောင်းဖျောက်ခံရ သဖြင့် အနီးအနားရှိ မြန်မာအလုပ်သမား ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။ ရနောင်းခရိုင် ကရာဘူရီဒေသရှိ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရွာရှိ ရော်ဘာခြံထဲတွင် လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင်အလောင်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင် တွေ့ရှိခဲ့ရာမှ ခြံအနီးအနားရှိ မြန်မာ အလုပ်သမားများကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၈၁ နှစ်အရွယ်ရှိ Mr. Thanu Jaidee ဆိုသူဖြစ်ပြီး ရနောင်းခရိုင် လွှတ်တော်အမတ်၏ လက်ထောက်ဖြစ်သူနှင့် ပတ်ကျန်အုပ်စု အုပ်ချုပ်ရေးမှူးတို့၏ ဖခင်ဖြစ်သည်။ စစ်ဆေးချက်အရ သေဆုံးသူ၏ ဦးခေါင်း အရှေ့နှင့် အနောက်တွင် ဒဏ်ရာရထားသည်ကို တွေ့ရှိရပြီး အဆိုပါ အလောင်းကို ရော်ဘာခြံထဲရှိ […]

ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၂၅နှစ်ထိရှိလာပြီ

diz_admin

July 12, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ဇူလိုင်လ ၁၁ ရက်တွင် ထောင်ဒဏ် ၂နှစ် ထပ်မံအမိန့်ချမှတ်လိုက်ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအေးဇံသည် ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းသည်။ အဆိုပါအမှုအတွက် ဇူလိုင်လ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ခြင်း ဖြစ်သည်။ “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စွဲဆိုခံထားရတဲ့အမှုကို မနေ့က အမိန့်ချတယ်။ ၂ နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအေးဇံသည် ဖမ်းဆီးခံရပြီးနောက် စွဲဆိုခံထားရသည့်အမှုများအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပြီး ယခု ၂ နှစ် […]

ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သောမြန်မာလုပ်သား ၅၈ ဦး ဖမ်းဆီးခံရ

diz_admin

July 11, 2022

ကောင်းသောင်းဘက်မှ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်နှင့် ရနောင်းခရိုင်တို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၅၈ ဦးအား ဇူလိုင်လ ၁ဝရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ များက ထုတ်ပြန်ထားသည်။ ချွန်ဖွန်ခရိုင် ထာ့စဲဒေသတွင် ပစ်ကပ်ကား သုံးစီးဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၉ ဦးကို ထိုင်းတပ်မတော်အမှတ် (၄၄) က ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ အထောက်အထားမဲ့ မြန်မာအလုပ်သမားများပါလာသော ကားသုံးစီးသည် ရနောင်းခရိုင် ကရာဘူရီဒေသမှ တဆင့် ချွန်ဖွန်ခရိုင်သို့ တစ်ဦးလျှင် ဘတ် ၃၀၀၀ ယူကာ ပို့ဆောင်နေစဉ်တွင် ရွာသားများက သတင်းပေးတိုင်ကြားသဖြင့် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့မှာ ကော့သောင်း-ရနောင်းလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ဝင်လာကြသူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမား ၂၉ ဦးတွင် […]

ပန်းဒလဲ ပျူစောထီးအိမ်တိုက်ခိုက်ခံရပြီးနောက် အိမ်ရှေ့မှဖြတ်သွားသော လူငယ်သုံးဦး ပစ်ခတ်ခံရ

diz_admin

July 11, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ပျူစောထီးအဖွဲ့ဝင်များစုနေထိုင်သော အိမ်ကို တိုက်ခိုက်ခံရပြီးနောက် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သန်းသွားလာသည့် လူငယ်သုံးဦး ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါနေအိမ်ကို PDF ပူးပေါင်တပ်ဖွဲ့ဝင်များ ဇူလိုင်လ ၉ ရက်ည ၁၁နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ည ၁နာရီခွဲအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ “အဲဒီနေ့က တကယ့်ငရဲကျနေသ‌လိုပဲ။ သေနတ်သံတွေ မနည်းဘူး။ တစ်ဖက်နဲ့ တစ်ဖက် ပစ်နေကြတာ။ ထကြည့်လို့လည်း မရဲ။ တစ်နေကုန် လမ်းလည်း မထွက်ရဲကြဘူး” ဟု ယင်းရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းတွင် ယင်းနေအိမ်ရှေ့မှ ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သန်းသွားသည့် လူငယ် သုံးဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ […]

မြိတ်ခရိုင်တွင် တိုက်ပွဲနှင့် မိုင်းဆွဲမှု ၂၅ကြိမ်ထက်မနည်းဖြစ်ကြောင်း ထုတ်ပြန်

diz_admin

July 11, 2022

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နှင့် စစ်ကောင်စီတပ်တို့အကြား ဆယ်လအတွင်း တိုက်ပွဲနှင့် မိုင်းဆွဲ တိုက်ခိုက်မှု စုစုပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပုလောအခြေစိုက် ကရင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ပုလောမြို့နယ်အတွင်း KPDF အဖွဲ့သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ် အပါအဝင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းသူများကို တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင် ၈ရက်နေ့တွင် KPDF ထုတ်ပြန်ထားသည့် အချက်အလက်များ အရသိရသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၅ ကြိမ်နှင့် KPDF က မိုင်းဆွဲတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ် ရှိခဲ့ကြောင်း KPDF က ထုတ်ပြန်ထားသည့်စာရင်းအရ […]