ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စက်သုံးဆီဈေး အနည်းငယ်ပြန်ကျနေသော်လည်း ထားဝယ်တွင် ဈေးမြင့်နေဆဲ

diz_admin

July 15, 2022

စက်သုံးဆီတစ်လီတာ ကျပ်နှစ်ထောင်ကျော် သုံးထောင်နီးပါးအထိ ဈေးမြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း အနည်းငယ်ပြန်ကျလာသော်လည်း ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ဈေးတင် ရောင်းချနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် တိုင်းနှင့် ပြည်နယ်အလိုက် ရောင်းချ ရမည့် ရည်ညွှန်းဈေးနှုန်းကို နေ့စဉ်ထုတ်ပြန်နေရာ ထားဝယ်ခရိုင်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ယင်းသတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချနေကြခြင်းဖြစ်သည်။ ယနေ့ (ဇူလိုင် ၁၅) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ချက်အရ ထားဝယ်တွင် ၉၂ တစ်လီတာ ၁၇၉၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၈၆၀ ကျပ်နှင့် ဒီဇယ်ဈေးနှုန်းမှာ အမျိုးအစား အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၀၀ ကျပ်မှ ၂၂၅၅ ကျပ်အထိ ရောင်းချရမည်ဖြစ်သည်။ သို့သော် ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့မှာမူ ၉၂ တစ်လီတာလျှင် အနိမ့်ဆုံး […]

မောင်းမကန်လမ်းတွင် နေအိမ်တစ်လုံး ဓားပြတိုက်ခံရ

diz_admin

July 15, 2022

လောင်းလုံးမြို့နယ်၊ ထားဝယ်-မောင်းမကန်လမ်းရှိ ရွာတစ်ရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက နေအိမ်တစ်လုံး ဓားပြတိုက်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂နာရီကျော်က ဆိုင်ကယ်စီးအမျိုးသားနှစ်ဦး ရုတ်တရက်ရောက်ရှိလာပြီး အသက် ၃၀ ကျော် အရွယ် အိမ်ရှင်ဇနီးမောင်နှံကို သေနတ်ဖြင့်ချိန်ကာ ဓားပြတိုက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရသောအိမ်မှာ နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး နိုင်ငံခြားအရက် လက်လီလက်ကား ရောင်းချကြောင်း ဒေသခံများထံမှ သိရသည်။ “လင်မယားနှစ်ယောက်စလုံးကို လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ အဝတ်နဲ့ခေါင်းကို အုပ်ပြီးထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရမှုကြောင့် ဆိုင်ကယ်တစ်စီး၊ အမျိုးသားဖြစ်သူ၏ ဝတ်ဆင်ထားသော ဆွဲကြိုးတစ်ကုံး၊ လက်ကိုင်ဖုန်း သုံးလုံး၊ ငွေသား သိန်းတစ်ရာကျော်၊ ဇနီးဖြစ်သူ ဝတ်ဆင်ထားသော လက်စွပ်တစ်ကွင်းတို့ ပါသွားကြောင်း ယင်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ […]

ပုလော ပဝတ်ကုန်းရွာရှိ နေအိမ်တစ်လုံး မိုင်းဆွဲခံရ

diz_admin

July 15, 2022

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံး မိုင်းဆွဲခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပြီးနောက်တစ်ရက် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ်တွင် ဘုန်းကြီးကျောင်းအနီးရှိ နှစ်ထပ်တိုက် မိုင်းဆွဲခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ အဆိုပါနေအိမ်သည် စစ်ကောင်စီတပ်နှင့် တရင်းတနှီးပေါင်းသင်းသူ ဦးပေသီး၏ နေအိမ်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲဖြစ်သည့် ဇူလိုင် ၁၃ ရက်နေ့က စစ်ကောင်စီတပ်က စနိုက်ပါ သေနတ်သမား ယင်းအိမ်ပေါ်တွင် တက်ရောက် နေရာယူ ပစ်ခတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည့် နေအိမ်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “မိုင်းသုံးလုံး ခွဲသံကြားရတယ်။ ပေသီးအိမ်လည်း ပြိုကျသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မိုင်းခွဲချိန်၌ နေအိမ်တွင် လူမရှိသည့်အတွက် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟုလည်း ဒေသခံများက ပြောသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

July 15, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ယူကရိန်းနိုင်ငံသားတွေ ရုရှားနိုင်ငံသားခံယူခွင့် သမ္မတပူတင်လက်မှတ်ထိုး ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံသားအားလုံးကို ရုရှားနိုင်ငံသားဖြစ်ကြောင်း ခံယူခွင့်ပြုတဲ့အမိန့်ကို ဇူလိုင် ၁၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အရင်တုန်းက Donetsk နဲ့ Luhansk ဒေသတွေမှာ နေထိုင်သူတွေနဲ့ တောင်ပိုင်း Zaporizhzhia နှင့် Kherson ဒေသတွေမှာ နေထိုင်သူတွေကိုသာ ခွင့်ပြုခဲ့ပေမဲ့ အခုအမိန့်က ယူကရိန်းနိုင်ငံသားအားလုံးအတွက် ဖြစ်တယ်လို့ သိရပါတယ်။ အရင် ၂၀၁၉ ခုနှစ်ကနေ စတင်ခဲ့တဲ့ ဒီအမိန့်ဟာ အခုနှစ်အတောအတွင်းအထိ ထိန်းချုပ်နယ်မြေနှစ်ခုက ဒေသခံပေါင်း ခုနစ်သိန်းနှစ်သောင်းခန့်အထိ ရုရှားနိုင်ငံသား ခံယူခွင့်ရရှိခဲ့ပါတယ်။ Ref: Wion […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိ၊ မျိုးကွဲသစ်ဟုတ်မဟုတ် အတည်မပြုနိုင်သေး

diz_admin

July 15, 2022

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်က ကိုဗစ်ဂေါပိုးရှိသူတစ်ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းစစ်ဆေးတွေ့ရှိသည့် ကိုဗစ်မှာ နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲအသစ် ဟုတ်မဟုတ် အတည်မပြုမနိုင်ကြောင်း ထားဝယ်ခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့တွင် ကူးစက်မြန် အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်  BA.4 နှင့် BA.5 ကူးစက်မှုစတင်တွေ့ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ပြည်ပမှပြန်လာသူများတွင် ယင်းမျိုးကွဲသစ် ကူးစက်ခံရကြောင်း  စစ်ဆေးတွေ့ရှိထားပြီး ဖြစ်သည်။ ယင်းအတွက်ကြောင့် ယခုရေဖြူမြို့တွင် စစ်ဆေးတွေ့ရှိသော ကိုဗစ်‌ရောဂါမှာ နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲသစ် ဟုတ်မဟုတ် သိရှိနိုင်ရန် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကို Dawei Watch ယနေ့ဆက်သွယ်မေးမြန်း ခဲ့ခြင်းဖြစ်သည်။ အသစ်ထွက်‌ပေါ်လာသော ကိုဗစ်မျိုးကွဲများအား ဓာတ်ခွဲစစ်ဆေးမူများကို ရန်ကုန်၊ မော်လမြိုင်မြို့တို့တွင်သာ စစ်ဆေးလေ့ရှိပြီးမှ မျိုးကွဲသစ်ဟုတ်မဟုတ် အတည်ပြုထုတ်ပြန်လေ့ရှိသည်။ ယခုပိုးတွေ့လူနာကိုမူ ထားဝယ်မြို့တွင်သာ စစ်ဆေးထားခြင်းဖြစ်ပြီး ကိုဗစ်မျိုးကွဲအသစ်ဟုတ်မဟုတ် စစ်ဆေးရန် […]

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားသုံးဦး ဆေးကုသခွင့်ရနေဟုဆို

diz_admin

July 15, 2022

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားသုံးဦး ဆေးကုသခွင့်ရရှိနေကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ထံက သိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်က နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး၊ မြို့တွင်းရပ်ကွက်က မစုလှိုင်နွေးနှင့် တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာက မခင်ကေခိုင်တို့ ဆေးဝါးကုသခွင့်ရရှိနေပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အသက် ၂၁ နှစ်ခန့်ရှိ ကိုဝေယံဖြိုးကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်က ကြက်စားပြင်ရပ်ကွက်၊ စောမိညိုလယ်ကွင်းစပ်တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် လက်မောင်းတွင် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်မောင်းအရိုး ကြေသွားခဲ့ခြင်းဖြစ်သည်။ ကိုဝေယံဖြိုး၏လက်မောင်းမှာ ထားဝယ်တွင်ကုသ၍ မရသဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ခန့်က ရန်ကုန်အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခွင့်ရခဲ့ပြီး ဧပြီလ ၂၀ ရက်ခန့်တွင် အင်းစိန်ဆေးရုံ၌ တက်ရောက်ကာ ခွဲစိတ်ကုသခွင့်ရကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက […]

ခရီးသည်တင်ကားအနီး လက်နက်ကြီးကျည်ကျ၍ ၄ ဦးဒဏ်ရာရ

diz_admin

July 14, 2022

မြိတ်မြို့မှ ထားဝယ်ဖက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်နောက်လိုက်အပါအဝင် ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ခရီးသည် ၂၀ ခန့်လိုက်ပါလာသည့် ရွှေဝယ်မင်းမှန်လုံယာဉ်မှာ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာအနီး ရပ်နားနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပဝတ်ကုန်းရွာဒေသခံများက ပြောသည်။ “ကားရပ်နေတုန်း အပေါ့ဆင်းသွားကြတာ ခရီးသည်လေးရောက် ဒဏ်ရာရပြီး ပုလောဆေးရုံမှာ ကုနေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ မသိရသေးပေ။ ကားရပ်ထားသည့်အချိန်သည် ပဝတ်ကုန်းရွာတွင် တိုက်ပွဲပြင်းထန်ဖြစ်နေချိန်ဖြစ်ပြီး ပုလောမြို့စစ်ကောင်စီတပ်များ ဘက်မှလက်နက်ကြီးဖြင့် ပစ်ခတ်နေချိန်ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။ “တိုက်ပွဲဖြစ်နေတယ်ကြားလို့ ရှေ့ဆက်မသွားပဲ ရပ်နေတုန်းမှာ လက်နက်ကြီး လာကျတာ “ဟု ဒေသခံအမျိုးသား […]

ရေဖြူ စရဖရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

diz_admin

July 14, 2022

‌ထားဝယ်ခရိုင် ရေဖြူမြို့ (ဂ) ရပ်ကွက်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ဇူလိုင်လ ၁၃ ရက်ညက ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ည ၁၁ နာရီခန့်တွင် ယင်းရုံးက ပေါက်ကွဲသံများကြားရခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် အဆောက်အအုံတစ်ခုလုံး ပျက်စီးနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဘယ်လိုဖြစ်တာလဲတော့ သေချာမသိရဘူး။ ဒီမနက် ရုံးထဲမှာ တစ်ထပ်တိုက် ကြေမွနေတာပဲ သိရတယ်” ဟု ၎င်းက ဆိုသည်။ ယင်း စရဖရုံးတွင် ဝန်ထမ်းသုံးလေးဦး နေ့ဖက်လာရောက် တာဝန်ထမ်းဆောင်ပြီး ညဘက်ပြန်သွားလေ့ရှိသဖြင့် ဖောက်ခွဲခံရချိန်တွင် ရုံးထဲလူမရှိနိုင်ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံအချို့က ပြောသည်။ ယင်းဖောက်ခွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ ယနေ့ (ဇူလိုင် ၁၄) မွန်းလွဲ ၂ နာရီအချိန်အထိ […]