ပုလောအရှေ့ဖျားတွင် လက်နက်ကြီးကျည်ကျပြီး လူငယ်တစ်ဦးထပ်မံသေဆုံး
diz_admin
July 19, 2022ပုလောမြို့နယ် ပိန္နဲတောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ် အရှေ့ဖျားရွာဖြစ်သည့် ပိန္နဲတောင်ကျေးရွာတွင် ယနေ့ (ဇူလိုင် ၁၉) နံနက် ၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။ “ပစ်တာက ည ၉ နာရီလောက်ကစပြီး (ရွာတွေကို) လျှောက်ပစ်နေတာ။ ရွာထဲ သုံးလုံးလာကျတယ်။ နှစ်လုံးပေါက်တယ်။ တစ်လုံးက မကွဲဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသူသည် ပုလောမြို့နယ်၊ တိုကျေးရွာမှ ခေတ္တပြောင်းရွှေ့လာရောက်နေထိုင်သူဖြစ်သည့် မောင်ဇင်ဝိုင်းဟု သိရကြောင်း ဒေသခံများက ပြောသည်။ “သူက လူပျိုပဲသေး။ လာနေတာ သိပ်မကြာသေးဘူး” ဟု […]


