နဘုလယ်ဒေသ ထွက်ဝရွာတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
diz_admin
July 20, 2022ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထွက်ဝရွာတွင် ယနေ့ (ဇူလိုင် ၂၀) နေ့လယ်ပိုင်းက အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ပစ်သတ်ခံရသူနှစ်ဦးမှာ အသက် ခြောက်ဆယ်ဝန်းကျင်အရွယ်ရှိ ဦးစံအေးနှင့် ဦးအေးသားဆိုသူတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သေနတ်ကိုင်ဆောင်သူ ငါးဦးထက်မနည်း ရောက်ရှိလာပြီး ဦးစံအေးကို နေအိမ်တွင် ပစ်သတ်ခဲ့ပြီးနောက် ဦးအေးသားဆိုသူအား တစ်လမ်းကျော် အခြားအိမ်တွင် ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဦးစံအေးမှာက ဦးခေါင်း လည်ပင်း ရင်ညွန့် သုံးချက်ထိတယ်။ ဦးအေးသားမှာက ဦးခေါင်းမှာ နှစ်ချက်၊ လက်မှာ တစ်ချက် ထိတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးစံအေးဆိုသူမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များကို စိန်ခေါ်လေ့ရှိသူဖြစ်ပြီး ဦးအေးဆိုသူမှာလည်း ပျူစောထီး သင်တန်းတက်ရောက်ခဲ့ဖူးသည့် […]


