ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် ကားရေထဲကျရာမှပျောက်ဆုံးနေသော မြန်မာလုပ်သားနှစ်ဦး၏အလောင်းကိုရှာတွေ့

diz_admin

July 22, 2022

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားတစ်စီး ရေထဲမျောပါရာမှ ပျောက်ဆုံးနေသည့် မြန်မာအလုပ်သမားနှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ဇူလိုင်လ ၂၁ ရက် နံနက် ၄နာရီဝန်းကျင်က မြန်မာနှစ်ဦးလိုက်ပါကာ ထိုင်းနိုင်ငံသား မောင်းနှင်သည့် ပစ်ကပ်ကားမှာ ကားလမ်းရေကျော်နေချိန် ဖြတ်မောင်းရာမှ ကားလမ်းဘေးမြောင်းထဲထိုးကျကာ မြန်မာနှစ်ဦးပျောက်ဆုံးနေခြင်း ဖြစ်သည်။ မြန်မာနှစ်ဦးအနက် အသက် ၃၂ နှစ်အရွယ် ကိုဖြိုးဝေထွန်းဆိုသူကို ဇူလိုင် ၂၁ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် သေဆုံး လျက်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ၎င်း၏ အလောင်းကို ကားမြောင်းထဲကျသွားသောနေရာနှင့် ၄ ကီလိုမီတာခန့်အကွာရှိ စက်မှုဇုန်တံတားအနီး မြက်ပင်များကြားတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။ မိုးတနေကုန် မရပ်မနား ရွာသွန်းနေမှုကြောင့် ရေစီးသန်လာသဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်များကို […]

မြိတ်တွင် ကွမ်းသီးအနု ဈေးကျ

diz_admin

July 22, 2022

မြိတ်မြို့နယ်အတွင်းရှိ ကွမ်းသီးအနုဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းများ ကျဆင်းနေကြောင်း စုံစမ်းသိရသည်။ ယခင်က ကွမ်းသီးအနုတစ်လုံးလျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၆၅ ကျပ်နှင့် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ကျော်အထိ ရရှိခဲ့ကြောင်း ကွမ်းစိုက်တောင်သူအချို့က ပြောပြသည်။ လက်ရှိ ကွမ်းသီးအနု တစ်လုံးလျှင် ၃၅ ကျပ်နှင့် တစ်ပိဿာလျှင် ၃၄၀၀ ကျပ်သာရရှိကြောင်း ပရည်တောင်ရွာနေ ကွမ်းစိုက်‌တောင်သူတစ်ဦးက ပြောသည်။ “ကွမ်းသီး တစ်အိတ်သွားရောင်းတာ အရင်ကဆို ငါးသောင်းကျော်အထိရတာ။ (ဇူလိုင် ၂၂) ဒီမနက်သွားရောင်းတော့သုံးသောင်းနီးပါးလောက်ပဲ ရတယ်” ဟု အထက်ပါ ကွမ်းစိုက်တောင်သူက ပြောဆိုသည်။ ကွမ်းသီးအနု ဈေးကောင်းသဖြင့် ရောင်းချသူများလာသောကြောင့် လက်ရှိတွင် ကွမ်းသီးအနု အဝင်များနေသဖြင့် ဈေးနှုန်းလျော့ကျသွားခြင်းဖြစ်ကြောင်း ကွမ်းသီးအနုအဝယ်ဒိုင်အချို့ထံမှ သိရသည်။ “အခုက မိုးတွင်းလည်းဖြစ်တယ်။ အနုတွေ […]

သားမမွေးနိုင်ဘဲ သေဆုံးသွားသည့် လင်းပိုင်

diz_admin

July 22, 2022

ကော့သောင်းခရိုင်၊ ပါချန်မြစ်ဝှမ်း ရေလယ်ကျွန်းအနီး သားမွေးနေစဉ် သေဆုံးကာ မျောပါနေသည့် လင်းပိုင်အမ တစ်ကောင်ကို တွေ့ရှိပြီး ယနေ့ (ဇူလိုင် ၂၂) နံနက်ပိုင်းတွင် ဝဲငယ်ရွာ၌ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ လင်းပိုင်အမ ဝမ်းဗိုက်တွင် လင်းပိုင်သားပေါက်လေး၏အမြီးပိုင်း အပြင်ထွက်လျက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သဖြင့် သားမမွေးနိုင်သဖြင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။ လင်းပိုင်အမသည် အရှည် ၇ ပေကျော်နှင့် လုံးပတ် ၅ ပေကျော်ရှိပြီး သားပေါက်လေးမှာ အရှည် ၄ ပေနီးပါးနှင့် လုံးပတ် ၂ ပေကျော်ရှိသည်။

မိုးရာသီအတွင်း တနင်္သာရီတိုင်းက စစ်ဘေးရှောင်တစ်သောင်းကျော် စားဝတ်နေရေးအခက်ကြုံ

diz_admin

July 22, 2022

တနင်္သာရီတိုင်းတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသော စစ်ဘေးရှောင်တစ်သောင်းကျော်သည် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နေရေး၊ စားသောက်ရေးနှင့် ဆေးဝါးများ အခက်ခဲကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင်များအရေးဆောင်ရွက်သူများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲပြင်းထန်မှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့အထိ သရက်ချောင်း၊ ထားဝယ်၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၁၀၀၀၀ ကျော်ရှိကြောင်း ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။   ၎င်းတို့မှာ စားနပ်ရိက္ခာ၊ ဆေးဝါးများလိုအပ်နေပြီး စစ်ဘေးရှောင်အချို့မှာ စစ်ဘေးရှောင်စခန်းတွင် မဟုတ်ဘဲ နီးစပ်ရာ တောတောင်ဥယျာဉ်ခြံတို့တွင် နေထိုင်နေသဖြင့် ယခုမိုးရာသီနေ့ရက်များတွင် နေထိုင်စားသောက်ရေးအတွက် အကူအညီ ပိုမိုလိုအပ်လျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ တနင်္သာရီတိုင်း၌ ဇူလိုင်လ ၁၁ ရက်မှစ၍ ငါးရက်ဆက်မိုးကြီးခဲ့ပြီး ၁၆၊ ၁၇ ရက်များတွင် မိုးလျော့နည်းခဲ့သော်လည်း […]

မော်လမြိုင် အထကကျောင်း အုတ်တံတိုင်းပြိုကျပြီး လူငါးဦးသေ၊ တစ်ဦးဒဏ်ရာရ

diz_admin

July 22, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထက (၅) စာသင်ကျောင်း အုတ်တံတိုင်း ဘေးတွင်ရှိသည့် လက်ဖက်ရည်ဆိုင်ပေါ် ပြိုကျသဖြင့် လူ ငါးဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။   မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်ရှိ အထက (၅) စာသင်ကျောင်းဘေး အုတ်တံတိုင်း ယနေ့ (ဇူလိုင် ၂၂) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ပြိုကျခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “အုတ်တံတိုင်း ဘေးမှာက လက်ဖက်ရည်ဆိုင်တွေ ရှိတယ်။ အဲဒီအပေါ်မှာ ပြိုကျသွားတယ်။ လူ ၆ ယောက် ပိမိတယ်။ ၅ […]

လောင်းလုံး ဂေါ့အင်းရွာက ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

July 22, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးပါတီဝင်တစ်ဦး ဇူလိုင်လ ၂၁ ရက် ညနေ ၅ နာရီကျော်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသွားသူမှာ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးထွန်းသားဆိုသူဖြစ်ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက နေအိမ်သို့ လာရောက်ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူတို့အိမ်က ဂေါ့အင်း သာစည်ဘီယာဆိုင်နားမှာပါ။ အဲဒီမှာပဲ ပစ်ခံရတာ။ ဒဏ်ရာတွေတော့ ကျွန်တော်တို့လည်း မမြင်ရတော့ မသိဘူး။ ကျွန်တော်တို့ သွားကြည့်တဲ့အချိန်ဆို နာရေးက အလောင်းလာကောက်ပြီး ကားပေါ်တင်နေပြီ” ဟု ယင်းအိမ်သို့ သွားကြည့်ခဲ့သူတစ်ဦးက ဆိုသည်။ ဦးထွန်းသားသည် ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအဆင့် စည်းရုံးရေး တာဝန်ယူထားသူတစ်ဦး ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ၎င်းအား မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် […]

ပဝတ်ကုန်းရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ဟုဆို

diz_admin

July 22, 2022

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝေဟင်မှ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF-Palaw) က ထုတ်ပြန်ချက်နှင့် ရုပ်သံမှတ်တမ်းအရ သိရသည်။ ပဝတ်ကုန်းလမ်းဆုံ နှစ်နေရာတွင် စစ်ကောင်စီတပ် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီခန့်က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ယနေ့ (ဇူလိုင် ၂၂) ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးထိခိုက်ဒဏ်ရာရရှိကာ အရေးပေါ်ကားသုံးစီးဖြင့် လာရောက် တင်ဆောင်သွားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ယင်းတိုက်ခိုက်မှုကို ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF-ပုလော) နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) မဟာမိတ်ပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ စစ်ကောင်စီတပ် အကျအဆုံး ရှိမရှိကိုမူ မသိရသေးကြောင်း ရေးသားထားသည်။ KPDF-Palaw page စာမျက်နှာတွင်လည်း ဒရုန်းဖြင့်တိုက်ခိုက်သည့် […]

မြန်မာပြည်သူ ၂၂ သန်းခန့် ဆင်းရဲနွမ်းပါးမှု ကြုံနေရဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

diz_admin

July 22, 2022

မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း (သန်း ၂၂ သန်းကျော်) သည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကမ္ဘာဘဏ်၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြသည်။ စစ်အစိုးရကာလ လွန်ခဲ့သည့် ဆယ်စုနှစ်က ဆင်းရဲနွမ်းပါးမှုအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။ ၂၀၂၀ မတ်လတွင် ရှိခဲ့သည့် ဆင်းရဲမွဲတေမှု နှုန်းထက် နှစ်ဆမြင့်တက်လာခြင်း ဖြစ်သည်ဟုလည်း ဖော်ပြသည်။ ပြည်သူ့အင်အားဦးစီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေမှာ ၅၅ သန်းကျော်ရှိသဖြင့် ၄၀ ရာခိုင်နှုန်းမှာ ၂၂ သန်းကျော်ရှိသည်။ လူတစ်ဦးတစ်ရက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဒေါ်လာမရလျှင် ဆင်းရဲနွမ်းပါးသူဟု ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည်။ ကိုဗစ်ရောဂါနှင့် […]