ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးများကြောင်း ထုတ်ပြန်

diz_admin

July 14, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတိုက်ပွဲတွင် KNU က ဗိုလ်တစ်ဦးနှင့် PDF တပ်ခွဲမှူးအပါအဝင် သုံးဦးကျဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက ယနေ့ (ဇူလိုင် ၁၄) ထုတ်ပြန်သည်။ ဇူလိုင်လ ၁၃ ရက် နံနက်က ပဝတ်ကုန်းကျေးရွာဘုန်းကြီးကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မဟာမိတ်တပ်များက လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ တိုက်ပွဲအတွင်း KNU တပ်မဟာ ၄ တပ်ရင်း (၇) က ဗိုလ်ဖအေးနှင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က တပ်ခွဲမှူး စော်ဘွားတို့ ကျဆုံးခဲ့ရကြောင်း KPDF ကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်သည်။ ‘နန်းထိုက်အောင် စစ်ဆင်ရေး’ ဟု အမည်ပေးထားသည့် အဆိုပါထိုးစစ်ဆင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က […]

ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာအမျိုးသမီးလုပ်သားတစ်ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

diz_admin

July 13, 2022

ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်တွင် မြန်မာ အမျိုးသမီးအလုပ်သမားများ လိုက်ပါလာသော မီနီဘတ်စ်ကားနှင့် ကုန်တင်ကားတို့ တိုက်မိသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲကျော်တွင် စွန်ခရာခရိုင် စဒေါင်းဒေသ ကန်ချနဝနစ်ခ်ျလမ်းပေါ်ရှိ စဒေါင်းရော်ဘာစက်ရုံရှေ့၌ ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘတ်စ်ကားသည် အဆိုပါလမ်းမပေါ်၌ U Turn ကွေ့ရာတွင် တစ်ဖက်မှ လာနေသော ကွန်တိန်နာ သယ်ဆောင် လာသည့် ၁၈ ဘီး ကုန်တင်ကားက အရှိန်ဖြင့် ဝင်တိုက်မိသဖြင့် လမ်းဘေးမြောင်းအထဲသို့ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဘတ်စ်ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသမီး ၁၁ ဦး လိုက်ပါလာပြီး စဒေါင်းခရိုင် ဝါတ်ဟူဝ်ထနွန် […]

မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဋ္ဌအမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်

diz_admin

July 13, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်မှာ စွဲဆိုခံထားရသည့်အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်လာကြောင်း NLD ပါတီအသိုင်းအဝိုင်းတို့ထံမှ သိရသည်။ ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ ပြုသည်ဆိုကာ အောက်တိုဘာ ၂၇ ရက်နေ့ညက မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ ဒေါ်နွယ်နွယ်အောင်အပေါ် စွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး သက်သေအထောက်အထား တစ်စုံတစ်ရာမပါရှိသည့်အတွက် မော်လမြိုင်မြို့နယ် တရားရုံးက ဇူလိုင်လ ၁၁ ရက်နေ့တွင် အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်သည်ဟု NLD ပါတီနှင့် နီးစပ်သူအချို့တို့က ပြောသည်။ “ဒေါ်နွယ်နွယ်အောင်ကို စွဲဆိုထားတဲ့အမှုက သက်သေအထောက်အထား မပါလို့ဆိုပြီး မော်လမြိုင်မြို့နယ် […]

ထိုင်းစီးပွားရေး နလန်ပြန်ထူဖို့ အလုပ်သမား ငါးသိန်းကျော်လို

diz_admin

July 13, 2022

ကိုဗစ်ကာလနှောင်းပိုင်းတွင် ကျဆင်းသွားသော ထိုင်းနိုင်ငံ၏ စီးပွားရေးကို နလန်ပြန်လည်ထူနိုင်စေရန်အတွက် ရွှေ့ပြောင်းအလုပ်သမား ငါးသိန်းကျော် လိုအပ်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်းက ဇူလိုင် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ပြည်ပသို့ တင်ပို့နေသည့် စိုက်ပျိုးရေးထုတ်ကုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကဲ့သို့သော ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများတွင် အလုပ်သမား လိုအပ်ချက်မြင့်မားနေကြောင်း ကုန်သည်ကြီးများအသင်း၏ ဒုတိယဥက္ကဌ Mr. Poj Aramwattananont က ပြောသည်။ “အခုအချိန် စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ဖို့အတွက်ဆိုရင် အလုပ်သမားကိစ္စက အဓိကစဉ်းစားရမယ့် အချက်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ အလုပ်သမားလိုအပ်ချက်ဖြစ်သော အလုပ်သမား ငါးသိန်းကျော်ကို ခန့်ထားနိုင်ခဲ့ပါက ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း ၌ ရွှေ့ပြောင်းအလုပ်သမား သုံးသန်းနီးပါးအထိ ရှိလာမည်ဟု Mr. Pairoj Chotikasathien က […]

ပုလော မှော်မိရွာတွင် လက်နက်ကြီးကျည်ကျပြီး ရွာသားတစ်ဦးသေဆုံး

diz_admin

July 13, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မှော်မိကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး သေဆုံးသွားကြောင်း သေဆုံးသူ၏ ရပ်ဆွေရပ်မျိုးများထံမှ သိရသည်။ ဇူလိုင်လ ၁၂ ရက်နေ့ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ ပုလောအရှေ့ခြမ်း ကျေးရွာများဖြစ်သည့် ဂျင့်ဂါ၊ မှော်မိ၊ ကျောင်းနိမ့် ကျေးရွာများဖက်သို့ ပုလောတပ်ရင်းဘက်မှ လက်နက်ကြီးများဖြင့် တစ်ညလုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ညနေ ၆ နာရီဝန်းကျင်တွင် လက်နက်ကြီးကျည် မှော်မိရွာထဲသို့ ကျရောက်ပြီး အမျိုးသားတစ်ဦး ဗုံးဆံထိမှန်ကာ နေရာ၌ ပွဲချင်းပြီး သေဆုံးကြောင်း ဆွေမျိုးများက ပြောသည်။ သေဆုံးသူသည် အသက် ၅၃ နှစ်ရှိ ဦးစိန်ဝင်းဖြစ်ပြီး ကျည်စထိန်မှန်သဖြင့် ပေါင်ရင်းမှ ခြေတစ်ဖက်ပြတ်သွားပြီး ဝမ်းဗိုက်ကိုလည်း ထိမှန်ကာ သေဆုံးသွားကြောင်း ၎င်းတို့က ပြောပြသည်။ “သူက […]

ကရင်ကြီးရွာသားတစ်ဦး သဘော့ဆိပ်ဈေးအနီး ပစ်သတ်ခံရ

diz_admin

July 13, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ ဈေးအနီးတွင် ဇူလိုင် ၁၃ ရက် (ယနေ့) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ ကရင်ကြီးရွာသားဖြစ်ပြီး အသက်လေးဆယ်ကျော်အရွယ်ရှိ ဦးမောင်ဝင်းဆိုသူဖြစ်သည်။ ယနေ့ နံနက် ငါးနာရီကျော်က သဘော့ဆိပ်ဈေးတွင် ဇနီးဖြစ်သူအပါအဝင် သမီးနှစ်ယောက်နှင့်အတူ ဥယျာဉ်ခြံထွက်ပစ္စည်းများ လာရောက်ရောင်းချနေစဉ် အမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သူက ဈေးခင်းပြီးတဲ့အချိန် လက်ဖက်ရည်ဆိုင်နားမှာ နှစ်ချက်ပစ်ခံရတယ်။ ပြီးတာနဲ့ ထပြေးသွားသေးတယ်။ နောက်ကနေ သေနတ်သမားတွေက လိုက်ပစ်တာ နောက်‌ကျောမှာတစ်ချက် ခေါင်းမှာတစ်ချက်တော့ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ဦးမောင်ဝင်းသည် စစ်ကောင်စီခန့် ငါးရွာအုပ်စု အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ “သူက အုပ်ချုပ်ရေးမှူးရဲ့ […]

မသန်စွမ်းအရေးလှုပ်ရှားသူ ကော့သောင်းဒေသခံတစ်ဦး အဖမ်းခံရပြီး အကျဉ်းထောင်ပို့

diz_admin

July 12, 2022

ကော့သောင်းဒေသခံ မသန်စွမ်းအရေးလှုပ်ရှားသူ ကိုထွန်းဝင်းအောင်ဆိုသူ ဇူလိုင်လ ၁၀ ရက် ညက အဖမ်းခံလိုက်ရကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။ အဖမ်းခံရပြီး နောက်တစ်ရက်မှာပင် စစ်ကြောရေးမှတစ်ဆင့် ကော့သောင်းအကျဉ်းထောင်ပို့လိုက်ကြောင်း ၎င်းက ဆိုသည်။ ကိုထွန်းဝင်းအောင်မှာ စစ်အာဏာသိမ်းပြီးနောက် တိမ်းရှောင်နေရသူတစ်ဦးဖြစ်ပြီး သူ့အား မည်သည့်နေရာတွင် မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ “ဘယ်ပုဒ်မ တပ်တာလဲတော့ မသိရသေးဘူး။ သူတို့တပ်ချင်တဲ့ ပုဒ်မတပ်မှာတော့ သေချာတယ်” ဟု ကိုထွန်းဝင်းအောင်၏ မိတ်ဆွေက ဆက်လက်ပြောဆိုသည်။ ကိုထွန်းဝင်းအောင်သည် မသန်စွမ်တစ်ဦးဖြစ်ပြီး ဒေသအတွင်းရှိ ဘဝတူမသန်စွမ်းအရေးကို ဦးဆောင်လှုပ်ရှားသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဆွမ်းသွားပို့သည့် မိန်းကလေးငယ်သုံးဦး ကျောက်မိုင်းမြေကျင်းတွင် ရေနစ်သေဆုံး

diz_admin

July 12, 2022

မွန်ပြည်နယ် ပေါင်မြို့နယ် ဖလပ်ကျေးရွာ၌ ကျောက်မိုင်းတူးထားပြီး ရေပြည့်နေသည့် မြေကျင်းနေရာတွင် ယနေ့ နံနက်ပိုင်းက ကလေးငယ် သုံးဦး ရေနစ်သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၉ နှစ်အရွယ်၊ အသက် ၁၁ နှစ်အရွယ်နှင့် အသက် ၁၂ အရွယ် မိန်းကလေးငယ် သုံးဦးတို့ သေဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ကလေးငယ်တို့သည် ယနေ့ (ဇူလိုင် ၁၂) နံနက်ပိုင်းက တောရဘုန်းကြီးကျောင်းသို့ ဆွမ်းသွားပို့ပြီး ပြန်မရောက်လာကြသဖြင့် လိုက်ရှာကြကြောင်း ဒေသခံတို့က ပြောသည်။ ထိုသို့လိုက်ရှာရာမှ ကျောက်မိုင်းတူးထားသည့် မြေကျင်းအနီးတွင် ဖိနပ်များ တွေ့ရှိသဖြင့် ရေကန်ထဲ ဆင်းရှာစဉ် အလောင်းများတွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ရေကန်အနီးမှာ ဖိနပ်တွေ့ပြီး ရေကန်ထဲမှာ ဆင်းရှာကြတော့ ကလေးတွေရဲ့ […]