ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

၂ နှစ်နီးပါးရပ်ထားသည့် မွန်ကျောက်သင်ပုန်းလုပ်ငန်း ပြန်လည်ပတ်စပြု

diz_admin

December 16, 2021

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) က ၂ နှစ်နီးပါး ရပ်နားထားရသည့် ကျောက်သင်ပုန်းလုပ်ငန်းများ ပြန်လည်ပတ်စပြုနေပြီဖြစ်ကြောင်း ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။ ကိုဗစ်စဖြစ်ကတည်းက ရပ်နားထားရသည့် ကျောက်သင်ပုန်းလုပ်ငန်းများ ယခုအခါ ကျောင်းများ၊ ကျောက်သင်ပုန်းရောင်းသည့် ဆိုင်များ ပြန်လည်ဖွင့်လှစ်လာသည့်အတွက် ကျောက်သင်ပုန်းလည်း အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း ကျောက်သင်ပုန်းလုပ်ငန်းရှင်တို့က ပြောသည်။ “အခုမှ ကျောင်းတွေ ပြန်ဖွင့်လာမှ နည်းနည်းပြန်ရောင်းလာရတယ်” ဟု ဘီလူးကျွန်း မုဒွန်းကျေးရွာမှ ကျောင်းသင်ပုန်းလုပ်ငန်းရှင် ကိုအောင်မိုးခိုင်က ပြောသည်။ လက်ရှိတွင် ကျောက်သင်ပုန်းကို ကျောင်းသုံး စာရေးကိရိယာများအဖြစ် အနည်းငယ် အရောင်းအဝယ် ဖြစ်နေသည့်အပြင် အိမ်၊ ဟိုတယ်၊ စားသောက်ဆိုင် အစရှိသည့်နေရာတို့တွင် အလှဆင်ရန်အတွက်နှင့် လက်ဆောက်ပစ္စည်းများအဖြစ်လည်း အရောင်းအဝယ်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။ ကျောင်သင်ပုန်းကို မွန်ပြည်နယ်ဈေးကွက်များအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း အမှာများ […]

ထားဝယ်ကို အောက်မေ့သတိရခြင်း

diz_admin

December 15, 2021

အော့မေ့ဟှယ် ထားဝယ် (We Miss Dawei) အမည်ရ ထားဝယ်ကို လွမ်းဆွတ်သတိရခြင်း ပွဲတော် တစ်ခုကို ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုအကြား ရပ်ရွာကို မပြန်နိုင်သည့် အခြေအနေတွင် သတိရခြင်း လွမ်းခြင်း အောက်မေ့သတိရခြင်း အထိမ်း အမှတ်အနေနှင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထားဝယ်မြို့တွင် We Love Dawei စီစဉ်ကျင်းပခဲ့ဖူးသော အဖွဲ့များက ဦးစီးပြုလုပ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရောက် ထားဝယ်တိုင်းရင်းသားများ၊ မြန်မာများနှင့် ထိုင်းပြည်သူ စုစုပေါင်း လေးရာခန့် ဆင်နွှဲခဲ့ကြသည်။ ဓာတ်ပုံ – Razi

မြိတ်ရော်ဘာဈေး အနည်းငယ်ကျ

diz_admin

December 15, 2021

မြိတ်ရော်ဘာဈေးကွက်အတွင်း ရာသီစအဖွင့်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း ရော်ဘာခြံ လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ လက်ရှိတွင် ရော်ဘာနေလှမ်းပြား တစ်ပိဿာလျှင် သုံးရာကျပ်အထိနှင့် ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် တစ်ပိဿာလျှင် ၃၅၀ ကျပ်အထိ ဈေးနှုန်းကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က ပြောသည်။ ရော်ဘာ ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဈေးရှိရာမှ ၁၆၅၀ ကျပ်အထိ ဈေးကျခဲ့ခြင်း ဖြစ်ကြောင်း ရွှေဒူးရွာနေ ရော်ဘာခြံ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “တစ်ခါ ရောင်းရင် ပိဿာငါးရာဆိုတော့ နှစ်သိန်းနီးပါးအထိ လျော့သွားတာ” ဟု ၎င်းကဆိုသည်။ အဆိုပါ ရွှေဒူးရွာနှင့် အနီးတဝိုက်ကျေးရွာတို့ရှိ ရော်ဘာခြံတို့တွင် ရော်ဘာခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ်တို့ကို အများဆုံး ပြုလုပ်ရောင်းချလေ့ရှိကြကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူများထံမှ သိရသည်။ မြိတ်ဒေသထွက် ရော်ဘာတို့အား […]

ရေဖြူတွင် NLD မြို့နယ်အလုပ်အမှုဆောင်နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

December 15, 2021

ထားဝယ်ခရိုင် ရေဖြူမြို့တွင် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် နှစ်ဦး၏ နေအိမ်အား စစ်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ချိတ်ပိတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရေဖြူမြို့ (ဃ) ရက်ကွက် နှင်းဆီလမ်းရှိ ဦးသိန်းဇော်ဦး နေအိမ်နှင့် ၎င်းရပ်ကွက် ရေတံခွန်လမ်းသွယ်ရှိ ဦးအောင်ဇော်ထွေးနေအိမ်တို့ ချိတ်ပိတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဦးသိန်းဇော်ဦးနှင့် ဦးအောင်ဇော်ထွေးတို့ နှစ်ဦးမှာ NLD ပါတီ ရေဖြူမြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသည်။ PDF အဖွဲ့များနှင့် ဆက်သွယ်သည်ဟုဆိုကာ ချိတ်ပိတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ မိသားစုအလိုက် တိမ်းရှောင်နေကြရသူများ ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အိမ်မှာ လူမရှိဘူးဆိုတော့ အိမ်ကိုပဲ ချိတ်ပိတ်ပြီး ပြန်သွားကြတယ်။ (ချိတ်ပိတ်ထားတဲ့) အိမ်ခြံထဲကို ဘယ်သူမှ မဝင်ရဘူးလို့လည်း မှာသွားတယ်” ဟု […]

သရက်ချောင်း ကျွဲမင်းကုန်းရွာက NLD ပါတီအမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

December 15, 2021

သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာက NLD ပါတီအမာခံ ဦးစိုးသိန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၄ ရက်တွင် လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ ကျွဲမင်းကုန်းရွာ အနီးဝန်းကျင်က ကနက်သီရိရွာ၌ ပြည်သူ့စစ်နှစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဩဂုတ်လ ကုန်ပိုင်းကပင် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထား သည်ဟုလည်း ဒေသခံ အချို့က ပြောသည်။ ဒီဇင်ဘာလ ၁၃ ရက် ည ၈ နာရီခန့်တွင် ဦးစိုးသိန်းနှင့် လူငယ်တစ်ဦးတို့ ဆိုင်ကယ်ဖြင့် ကတွဲရွာသို့ သွားစဉ် ပျူစောထီး အဖွဲ့က တားဆီးပြီး စစ်ကောင်စီတပ်ကို ဖုန်းခေါ်သဖြင့် ဆိုင်ကယ်ထားကာ ၎င်းတို့နှစ်ဦး ကိုယ် လွတ်ရုံး ထွက်ပြေးလာခဲ့ရသည်ဟု သိရကြောင်း ဦးစိုးသိန်းနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ်အပြီးတွင် […]

ထိုင်းဘတ်ငွေနှင့် မြန်မာငွေ တိုက်ရိုက်ပေးချေ ကုန်သွယ်နိုင်ရန် လက်မှတ်ထိုးပြီးဟုဆို

diz_admin

December 14, 2021

ထိုင်းနိုင်ငံနှင့် ရောင်းဝယ်ကုန်သွယ်ရာတွင် မြန်မာငွေအား တိုက်ရိုက်ပေးချေနိုင်ရန် စီစဉ်နေကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။ ထိုင်းနိုင်ငံအပါအဝင် အိန္ဒိယ၊ တရုတ်နိုင်ငံ သုံးငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရန် သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ ထိုကဲ့သို့ မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်မည့် အသေးစိတ် အစီအစဉ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိ သေးပေ။ ယင်းကဲ့သို့ မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်မည့် အကြောင်းအရာအား မသိရှိရသေးကြောင်း တနင်္သာရီတိုင်း ထီးခီးနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးကုမ္ပဏီအချို့နှင့် ထားဝယ်မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့က ပြောဆိုကြသည်။ ယင်းအစီအစဉ်ကြောင့် မည်သို့ အကျိုးသက်ရောက်မည်ကို မေးမြန်းချက်အပေါ်တွင်လည်း မှတ်ချက်ပေးရန် […]

သရက်ချောင်းမြို့ပေါ်ရှိ ဆိုင် ၃၀ ကျော်ကို ပိတ်ခိုင်း

diz_admin

December 14, 2021

သရက်ချောင်းမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင် စသည်ဖြင့် ဆိုင်ပေါင်း ၃၀ ကျော်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် ပိတ်ထားခိုင်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။ ကိုဗစ်ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်မထားဘဲ ဖွင့်လှစ်နေသည့် ဆိုင်များကို ပိတ်သိမ်းခိုင်းထားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ပြုလုပ်ကြပြီး ဆိုင်များလည်း ပိတ်ထားခဲ့ကြသည်။ ယင်းသပိတ်အပြီး နောက်တစ်ရက်တွင် ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားချက်ထုတ်ခြင်းမှာ အဆိုပါသပိတ်ကြောင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။ သရက်ချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်ကမူ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန်နှင့် ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် ပိတ်သိမ်းခိုင်းခြင်းသာဖြစ်ကြောင်း ပြောသည်။ ညွှန်ကြားစာတွင်လည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန်အတွက်ဟုသာပါရှိကြောင်း ၎င်းက ဆိုသည်။ “(အသံတိတ်သပိတ်) အဲဒါနဲ့ ဆိုင်မှာ […]

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ၏ မိခင် တရားစွဲခံရ

diz_admin

December 13, 2021

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုး၏ မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို စစ်ကောင်စီက ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲထားကြောင်း မသီရိမိုးက ပြောသည်။ မသီရိမိုး၏ မိခင် အသက် ၄၆ နှစ်အရွယ် ဒေါ်သက်သက်ထွေးနှင့် အသက် ၁၆ နှစ်အရွယ် ညီမဖြစ်သူတို့ကို ထားဝယ်မြို့နယ် ကနိုင်းဒါရွာရှိ နေအိမ်တွင် နိုဝင်ဘာ ၈ ရက် ည ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ မသီရိမိုး၏ ညီမဖြစ်သူမှာ အသက် ၁၈နှစ် မပြည့်သေးသဖြင့် ဖမ်းဆီးခံရပြီးနောက် ၄ ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်ပြီး မိခင်ဖြစ်သူကိုမူ ဆက်လက်ဖမ်းဆီးထားကြောင်း မသီရိမိုးက ဆိုသည်။ နိုဝင်ဘာလထဲတွင် မိခင်ဖြစ်သူကို တရားစွဲဆိုလိုက်သည်ဟု သိရပြီး […]