ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်း မပါဝင်
diz_admin
January 30, 2020ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းကိုပါ ထည့်သွင်းကျင်းပမည်ဟု စီစဉ်ထားသော်လည်း မထည့်သွင်းတော့ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။ အမျိုးသမီးဘောလုံးအသင်းတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကစားသမားများ မရှိခြင်းကြောင့် ပြိုင်ပွဲတွင် အမျိုး သမီးအသင်းကို မထည့်သွင်းရန် ထားဝယ်တက္ကသိုလ်ဘက်မှ ဇန်နဝါရီလ ၂၃ ရက်က အကြောင်းကြားလာကြောင်း အထက်ပါဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။ “အမျိုးသမီးကစားသမားတွေက မရှိဘူး။ တစ်သင်းစာကို မပြည့်ဘူးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်းအတွက်ကြောင့် အဆိုပါ ဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၂ ရက်အထိ ထားဝယ်မြို့ တိုင်းအားကစားတွင် တစ်နေ့နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ ယင်းပြိုင်ပွဲကို […]