ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် အိမ်စီးကား နေအိမ်ကို ဝင်တိုက်၊ လူ ၁၀ ဦးဒဏ်ရာရ

diz_admin

December 17, 2021

မြိတ်မြို့နယ် ကန်သာယာကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၇) အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ နေအိမ်တစ်အိမ်အတွင်း ဝင်တိုက်သဖြင့် ကားပေါ်လိုက်ပါလာသူ ၁၀ ဦး ဒဏ်ရာရကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသည့် VIGO အမျိုးအစား အဖြူရောင်ကားသည် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ကားတိုက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီးခုနှစ်ဦးတို့ ဒဏ်ရာ ရရှိသဖြင့် မြိတ်မြို့ရှိ အမှတ် (၅) ခုတင် ၁၀၀ ဆံ့ စစ်ဆေးရုံသို့ တင်ပို့ထားပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ကန်သာယာကျေးရွာသည် အင်္ဂမော်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး မြိတ်-တနင်္သာရီ ကားလမ်းမဘေးတွင် တည်ရှိသည်။ ယင်း ယာဉ်တိုက်မှုတွင် […]

ထားဝယ်ခရိုင်လျှပ်စစ်မီတာခ လစဉ်ဈေးတက်၊ တင်ဒါအောင်ဈေးထက် ၄၅ ကျပ်ပို

diz_admin

December 17, 2021

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာခမှာ ပြီးခဲ့သည့် ဇူလိုင်လမှစကာ လစဉ်ဈေးတက်နေပြီး ဈေးတက်မည့် အကြောင်းကို ကြိုတင်အသိပေးခြင်းလည်း မရှိကြောင်း လျှပ်စစ်သုံးစွဲသည့် ပြည်သူများထံမှ သိရသည်။ ဇူလိုင်လက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ် ကောက်ခံနေရာမှ ဒေါ်လာဈေးတက်သည်ဟုဆိုကာ နိုဝင်ဘာလအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၈၃ ကျပ်အထိ တိုးမြှင့်ကောက်ခံနေသည်။ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro and Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် တင်ဒါအောင်ထားပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လုပ်ကိုင်နေခြင်းဖြစ်သည်။ နိုဝင်ဘာလအတွက် ကောက်ခံနေသည့် ဈေးနှုန်းအရ တင်ဒါအောင်ဈေးထက် လျှပ်စစ်တစ်ယူနစ်လျှင် ၄၅ ကျပ် ပိုမိုနေသည်။ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်တစ်ယူနစ်လျှင် ဇူလိုင်လတွင် ၂၃၅ ကျပ်၊ ဩဂုတ်လတွင် ၂၄၈ ကျပ်၊ […]

တနင်္သာရီ လယ်သစ်ရွာတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

diz_admin

December 17, 2021

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ဒလန်ဟု သတင်းထွက်နေသည့် လယ်သစ်အရှေ့ကမ်းတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုဝေဖြိုးအောင်နှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၃၂နှစ်အရွယ် မလှဝင်းတို့အား လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်ခြင်းဖြစ်ကြောင်း အဆိုပါရွာသားများက ပြောသည်။ “ရှစ်ချက်လောက် ရှိတယ်။ သေနတ်သံကြားရတာ။ ဘယ်သူတွေ လာပစ်သွားတယ်လို့တော့ မသိရ သေးဘူး” ဟု လယ်သစ်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါဇနီးမောင်နှံသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိပြီး မူးယစ်ဆေးဝါးလည်း ရောင်းချသည်ဟု ဒေသခံအချို့က ပြောဆိုသည်။ ဒလန်လုပ်ခြင်း၊ မူးယစ်ဆေးရောင်းချခြင်း စသည့် ဒေသခံအချို့၏ ပြောဆိုချက်များနှင့် ပတ်သက်၍ Dawei […]

လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ

diz_admin

December 17, 2021

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမင်းသိန်းထွန်းဦး (ကိုစကစ်) ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ကိုစကစ်ကို ညပိုင်း အိမ်မှာ လာဖမ်းခေါ်သွားတယ်။ ရဲဘက်ကနေ သိရတာက NUG နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးတယ်လို့ ပြောတယ်” ဟု ၎င်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ဦးမင်းသိန်းထွန်းဦးကို ရေးမြို့နယ် မော့ကနင်ကျေးရွာရှိ အမှတ် (၁၀၆) တပ်ရင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟုလည်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဦးမင်းသိန်းထွန်းဦးသည် […]

မွန်တွင် ကိုဗစ်လူနာအသစ်များ ပြန်တွေ့

diz_admin

December 16, 2021

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသူများထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက် သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ရာမှ ဩဂုတ်လလယ်ခန့်မှစကာ ကိုဗစ်ကူးစက် သေဆုံးမှုနှုန်း သိသိသာသာ စတင်လျော့ကျလာခဲ့သည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့နည်းကျဆင်းလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းမှစကာ မြို့နယ် အချို့တို့တွင် ကိုဗစ်ကူးစက်လူနာအသစ်များ ဆက်တိုက် ပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။ “ကိုဗစ်ကတော့ ပေါ့ဆလို့မရဘူး။ အခုဆို မြို့နယ်တချို့တွေမှာ ပိုးတွေ့လူနာအသစ်တွေ ပြန်တွေ့နေတော့ သတိရှိကြပါ။ mask တပ်ပြီးမှ သွားလာကြပါ” ဟု မြို့နယ်တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာသဖြင့် မပေါ့ဆ ကြရန်၊ ကျန်းမာရေးအသိရှိကြရန်၊ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်းလိုက်နာ နေထိုင်ကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က ပြောသည်။ ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိနေခြင်းမှာ ကိုဗစ်မျိုးကွဲသစ် […]

ဆိုင်ကယ်တစ်ပတ်ရစ်ဈေး မြင့်တက်

diz_admin

December 16, 2021

ထားဝယ်ဒေသတွင် ပြီးခဲ့သည့်တစ်လခန့်မှစကာ ဆိုင်ကယ်တစ်ပတ်ရစ်ဈေး မြင့်တက်နေကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူအချို့ထံမှ သိရသည်။ ဆိုင်ကယ်အသစ် (ပါကင်) ဈေးတက်နေသည့်အတွက် အသုံးပြုပြီး ဆိုင်ကယ်တစ်ပတ်ရစ်ဈေးလည်း တက်သွားကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူတစ်ဦးက ဆိုသည်။ ဆိုင်ကယ် ထုတ်လုပ်သည့်ခုနှစ်၊ အမျိုးအစားနှင့် ဆိုင်ကယ်ကောင်း၊ မကောင်းအပေါ်မူတည်ကာ ငွေကျပ်တစ်သိန်းမှ သုံးသိန်းဝန်းကျင်အထိ ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။ “ဆိုင်ကယ်ဈေးတွေက မိုးပေါ်မှာချည်းပဲ။ အကုန်တက်နေကြတယ်” ဟု ယင်းဆိုင်ကယ် ဝယ်ရောင်း လုပ်နေသူက ဆိုသည်။ ထားဝယ်ဒေသတွင် ၂၀၁၃ ခုနှစ်ထုတ် Click I အမျိုးအစား ဆိုင်ကယ်ကို ပျမ်းမျှအားဖြင့် ၁၀ သိန်း ဝန်းကျင်ဖြင့် ရောင်းချနေကြသည်။ လက်ရှိတွင် ဆိုင်ကယ်ဈေးတက်သွားသော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ဆိုင်ကယ် ဝယ်ရောင်းလုပ်နေသည့် အခြားအမျိုးသားတစ်ဦးက ဆိုသည်။ “လူတွေက ပြန်ရောင်းလည်း ဈေးမြင့်တာပဲ။ […]

လောင်းလုံး ဝေဒီရွာတွင် ရွာသားသုံးဦးအဖမ်းခံရ၊ ဆိုင်ကယ်အချို့ကိုလည်း ဒဏ်ရိုက်

diz_admin

December 16, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် စစ်တပ်က တပ်လာစွဲပြီး‌နောက် ရွာသားသုံးဦး အဖမ်းခံရကာ ဆိုင်ကယ်အချို့ကိုလည်း ဖမ်းဆီးဒဏ်ရိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်တပ်က ဝေဒီကျေးရွာဈေးအနီးရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံတစ်ဦးကပြောသည်။ ဒီဇင်ဘာလ ၁၅ ရက်က ညဦးပိုင်း အပြင်ထွက်သည့် အမျိုးသားသုံးဦး အဖမ်းခံရပြီး ပြန်မလွတ်လာသေးကြောင်း ဒေသခံတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၁၆) နံနက် ၁၀ နာရီကျော်တွင် ပြောသည်။ မည်သည့်အတွက် ဝေဒီကျေးရွာတွင် တပ်လာစွဲသည်ကို မသိကြောင်း ဒေသခံအချို့က ဆိုသည်။ ဒီဇင်ဘာလ ၉ ရက်ကမူ ဝေဒီကျေးရွာအနီးက အင်းဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ဗုံးပေါက်ကွဲမူ ဖြစ်ပွားခဲ့ဖူးသည်။ အင်ဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်မူမှာ ထားဝယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က […]

ထားဝယ် ရေဝိုင်းရွာက အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

December 16, 2021

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု၊ ရေဝိုင်းရွာက အမျိုးသားနှစ်ဦး ဒီဇင်ဘာလ ၁၄ ရက် ညတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း အဆိုပါကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ညနေ ၅ နာရီခန့်က ရေဝိုင်းရွာနှင့် မြင်းမတပ်ရွာကြားလမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အသက် ၄၅ နှစ်အရွယ် ဦးမြမွှေးနှင့် အသက် ၃၅ နှစ်အရွယ် ကိုဇော်မင်း ဆိုသူတို့မှာ မူးယစ်ဆေးဝါး ရောင်း ဝယ်နေပြီး စစ်ကောင်စီကို သတင်းပေးနေသဖြင့် တနင်္သာရီနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။ အသတ်ခံရသူနှစ်ဦး၏ ရုပ်အလောင်းများမှာ ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အထက်ဖြစ်ရပ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပေ။ အသတ်ခံရသူနှစ်ဦး၏ မိသားစုဝင်များနှင့် Dawei […]