တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ထက် ကန်ဒေါ်လာသန်းလေးရာကျော် လျော့ကျ
diz_admin
December 22, 2021တနင်္သာရီတိုင်း၏ နယ်စပ်ကုန်သွယ်ရေးပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သန်းလေးရာကျော် လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း၏ နယ်စပ်ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၃၀ သန်းကျော် ရှိသည်။ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ဒေါ်လာ ၁၉၉၉ သန်းနီးပါးသာရှိသည့်အတွက် သန်း ၄၀၀ ကျော် လျော့ကျသွားခြင်းဖြစ်သည်။ လက်ရှိတွင် ပြင်ပဒေါ်လာငွေနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ် ဝန်းကျင်ရှိပြီး ဗဟိုဘဏ် သတ်မှတ်ဈေးမှာ ၁၈၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိသည်။ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းအရ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ပို့ကုန်ရော သွင်းကုန်ပမာဏပါ ကျဆင်းသွားခြင်းဖြစ်သည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းဂယက်ကြောင့် ပြည်တွင်းစားသုံးသူများ ငွေကြေးသုံးစွဲ နိုင်စွမ်းနည်းပါးလာခြင်းကြောင့် သွင်းကုန်လည်း ကျဆင်းလာကြောင်း […]


