ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ခရီသည်တင်ကား သုံးစီး ပစ်ခတ်ခံရ၊ သုံးဦး ဒဏ်ရာရ

diz_admin

December 24, 2021

မြိတ်ဘက်မှ ထားဝယ်ဘက်သို့ မောင်းလာသည့် ခရီသည်တင်ကား သုံးစီး သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာအနီးတွင် ယနေ့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သုံးဦး ဒဏ်ရာရကြောင်း ကားသမားတစ်ဦးနှင့် ခရီးသည်အချို့က ပြောသည်။ ရွှေမန္တလေး၊ ရတနာတိုး၊ အန်တီဝင်း စသည့် ခရီးသည်တင်ကားသုံးစီး ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းပစ်ခတ်ခံရခြင်းကြောင့် ရွှေမန္တလေးခရီးသည်တင်ကား ယာဉ်မာင်းတွင် ပြင်းထန်ဒဏ်ရာရပြီး ရတနာတိုးခရီးသည်တင်ကားတွင်လိုက်ပါလာသည့် ခရီးသည်နှစ်ဦးတွင်လည်း သေနတ်ဒဏ်ရာရကြောင်း ၎င်းတို့ထံမှ သိရသည်။ အန်တီဝင်းကားတွင်မူ ခရီးသည် ထိခိုက်မူမရှိဘဲ ကားကို သေနတ် ဆယ်ချက်ခန့် ထိမှန်ကြောင်း ယင်းကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကားသမားတစ်ဦးကမူ “ရွှေမန္တလေးကားရဲ့ ဒရိုင်ဘာမှာတော့ နားထင်ရှပ်ပြီး ထိသွားပြီးတော့ ဆေးရုံတင်လိုက်တယ်။ အသက်အန္တရာယ်ကတော့ […]

တောင်ပျောက်တိုက်နယ်တွင် စစ်တပ်က နယ်မြေရှင်းမည်ဟုဆိုကာ လမ်းကြောင်းပိတ်ဆို့

diz_admin

December 23, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာအနီးဝန်းကျင်နှင့် တောင်ပျောက်တိုက်နယ်တခွင်တို့ကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်မည်ဟုဆိုကာ လမ်းကြောင်းများကို ယနေ့ (ဒီဇင်ဘာ ၂၃) စတင်ကာ ပိတ်ဆို့လိုက်ပြီ ဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။ စော်ဖျားရွာမှ တောင်ပျောက်တိုက်နယ်သို့ သွားသည့်လမ်းကြောင်းမှာ ဂငယ်ပုံသဏ္ဏန် လမ်းကြောင်း နှစ်ခုရှိသည်။ လမ်းကြောင်းတစ်ခုမှာ သဲချောင်းကြီးရွာ အဝင်အထွက်လမ်းကြောင်းဖြစ်ပြီး နောက်လမ်းကြောင်းတစ်ခုမှာ စော်ဖျားရွာမှ အင်းပြား၊ ကထီးဝ၊ ပဒတ်ချောင်း၊ တောင်ဇင်း စသည့်တောင်ပျောက်သို့ သွားသည့် လမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်း နှစ်ခုစလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “မနေ့တည်းက ကြေညာထားတယ် ထင်တယ်။ စစ်တပ်က တောထဲမှာနေတဲ့ ရွာသူရွာသားတွေ အားလုံး ကိုယ့်အိမ်ကိုယ်ပြန်ပေးကြပါ။ ဒီတစ်ပတ်မှာ သူတို့ စစ်ကြောင်းထိုးလာချိန် ပြည်သူတွေကို PDF တွေနဲ့ မှားပြီး ရောပစ်မိမှာစိုးလို့ […]

မွန် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

December 23, 2021

မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာခင်ဆောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါင်မြို့နယ် ပေါင်းရပ်ကွက်ရှိ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်ကို ဒီဇင်ဘာ ၂၂ ရက်နေ့က လာရောက် ချိတ်ပိတ်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဦးဇော်ဇော်ထူးတို့ နေအိမ်မှာက လူမရှိနေဘူး။ မနေ့ နေ့လည်လောက်က အိမ်ကို နိုင်ငံတော်ပိုင် သိမ်းတယ်ဆိုတဲ့စာ လာကပ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အတူ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်ရှိ မွန်ပြည်နယ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါက်တာခင်ဆောင်၏ နေအိမ်ကိုလည်း အာဏာသိမ်းစစ်ကောင်စီတို့က ဒီဇင်ဘာ ၂၂ ရက်က ချိတ်ပိတ်လိုက်ကြောင်း ဒေသခံများထံမှ […]

ရာသီအဖွင့် စပါးဈေးကောင်း

diz_admin

December 23, 2021

ယခုနှစ် စပါးထွက်နှုန်းကျဆင်းခဲ့သော်လည်း ရာသီအဖွင့် စပါးဈေးကောင်းရနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် လက်ရှိစပါး‌ပေါ်ချိန် ပေါက်ဈေးမှာ ဆန်ကြမ်းအမျိုးအစား စပါးဆိုလျှင် တစ်တင်း ၆၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည် အမျိုးအစားဆိုလျှင် တစ်တင်း ၁၀၀၀၀ ကျပ် ဝန်းကျင်၊ ပေါ်ဆန်းအမျိုးအစား ဆိုလျှင် ၁၂၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း လယ်သမားအချို့နှင့် ဆန်စက်ပိုင်ရှင်အချို့က ပြောသည်။ ယ‌မန်နှစ်ကမူ ရာသီဖွင့်ချိန်မှ ဖေဖော်ဝါရီလအထိ စပါးဈေးကောင်းမရခဲ့ဘဲ ကမာကြည်အမျိုးအစား စပါးတစ်တင်းမှာ အမြင့်ဆုံး ကျပ် ၇၀၀၀ ဝန်းကျင်သာ ရရှိခဲ့ကြောင်း လယ်သမားအချို့က ပြောသည်။ “ဒီနှစ်က စပါးအထွက်နည်းလို့ ဈေးကောင်းရနေတာ” ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ လယ်သမား ဒေါ်မယ်ချိုက ပြောသည်။ ဓာတ်မြေဩဇာ‌အပါအဝင် လယ်ယာလုပ်ငန်း သွင်းအားစု ဈေးမြင့်တက်ခြင်း၊ မိုးနောက်ကျခြင်း၊ […]

ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါး အကူညီလို

diz_admin

December 23, 2021

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု ခေါင်တိုင်ပြင်ရွာအနီးတွင် တိုက်ပွဲဖြစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေးလာရသည့် ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် စောင်၊ အနွေးထည်များ အကူညီလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါကျေးရွာအနီးရှိ ထားဝယ်ပြောက်ကျားတော်လှန်ရေးအဖွဲ့ (DGRF-PDF) တပ်စခန်းနှင့် ကျေးရွာအတွင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် များနှင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ကြသဖြင့် ခေါင်တိုင်ပြင်ရွာက ဒေသခံ သုံးရာနီးပါး ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်များသည် DGRF-PDF စခန်းနှင့် ခေါင်တိုင်ပြင်ရွာတွင် တပ်စွဲထားသဖြင့် စစ်ရှောင်များ နေရပ်ပြန်မရဘဲဖြစ်သည်ဟု […]

မြိတ်နယ်တခွင် တစ်ပတ်ရစ်ဆိုင်ကယ် အဝယ်လိုက်

diz_admin

December 23, 2021

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာဘက်တို့တွင် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ပြီး တစ်ပတ်ရစ် မော်တော် ဆိုင်ကယ်များ အဝယ်လိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဒေါ်လာဈေးကြောင့် ဆိုင်ကယ်အသစ်ဈေးကွက်တွင် ဈေးနှုန်း ခုန်တက်သွားသဖြင့် တစ်ပတ်ရစ် ဆိုင်ကယ် များကို ကျေးရွာများတွင် လိုက်လံဝယ်ယူနေခြင်းဖြစ်ကြောင်း ဆိုင်ကယ်ဈေးကွက်အတွင်းမှ စုံစမ်း သိရှိ ရသည်။ မော်ဒယ်နိမ့် တစ်ပတ်ရစ်ဆိုင်ကယ် တစ်စီးလျှင် ငွေသိန်းဂဏန်းအထိ ဈေးပိုပေးပြီး လာရောက်ဝယ်ယူ နေကြခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောပြသည်။ “ဈေးကောင်းရတော့ ရောင်းကြတယ်။ ရောင်းပြီး အသစ်ပြန်ဝယ်မှ ဈေးတက်နေမှန်း သိကြတာ” ဟု ၎င်းက ပြောသည်။ အဆိုပါ ပဲ့တိုင်ကျေးရွာရှိ မော်တော်ဆိုင်ကယ်အဟောင်း တစ်ပတ်ရစ်များဖြစ်သည့် ၂၀၁၈ ခုနှစ်ထုတ် ဗီယက်နမ်အမျိုးအစား ဆိုင်ကယ်တစ်စင်းကို ကျပ်ခြောက်သိန်းမှ ကိုးသိန်းကျပ်အထိ၊ ၂၀၁၅ ခုနှစ်ထုတ် […]

ကင်းမွန် ဖမ်းဆီးရရှိမှုနည်းသဖြင့် ကုန်ကျစရိတ် မကာမိဟုဆို

diz_admin

December 22, 2021

မြိတ်ခရိုင်အတွင်း ကင်းမွန်ဖမ်းဆီးရမိမှု နည်းသည့်အတွက် ကုန်ကျစရိတ် မကာမိကြောင်း ကင်းမွန်လှေရှင်များက ပြောသည်။ တနင်္သာရီပင်လယ်ပြင်အတွင်း ရာသီပေါ်ကင်းမွန်များကို နိုဝင်ဘာလဆန်းက စတင်ဖမ်းဆီးနေကြပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိမှုနည်းကာ လှေအချို့ စရိတ်မကာမိကြကြောင်း လှေပိုင်ရှင်များက ဆိုသည်။ “(စက်သုံး) ဆီစရိတ်၊ အစားသောက်စရိတ်ကကြီးပြီး ကင်းမွန်အရနည်းတော့ မကျန်ဘူးပေါ့” ဟု မြိတ်မြို့မှ ကင်းမွန်လှေပိုင်ရှင် ဦးလှိုင်ဖူးက ပြောသည်။ ပြီးခဲ့သည့်နှစ်က စက်သုံးဆီ တစ်ပေပါ တစ်သိန်းနှစ်သောင်းသာ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ပေပါ သုံးသိန်းနီးပါးဖြင့် ဝယ်သုံးနေကြရသလို အခြေခံစားသောက်ကုန်များသည်လည်း ထက်ဝက်ခန့် ဈေးနှုန်းမြင့်တက်နေသည်။ နှစ်စဉ်တစ်လကို လှေတစ်စီးလျှင် နှစ်ဆယ်ကီလိုဝင် ကင်းမွန်ဘန်းရေ တစ်ရာရရှိနေသည့်လှေသည် ယခုအခါ ကင်းမွန်ဘန်းရေ လေးဆယ်မှ အများဆုံး ခြောက်ဆယ်အထိသာ ဖမ်းယူရရှိနေကြကြောင်း ကင်းမွန်လှေရှင် ကိုအေးမင်းက ပြောသည်။ “လှေတော်တော်များများက အရင်ကလောက် […]

မီးသင်္ဂြိုဟ်ရာတွင် သရဏဂုံတင်ခွင့်အပါအဝင် ကန့်သတ်ချက်အချို့ကို ပြန်ခွင့်ပြု

diz_admin

December 22, 2021

ထားဝယ်မြို့သုသာန်တွင် ကိုဗစ်ကပ်ဘေးကြောင့် မီးသင်္ဂြိုဟ်ရာ၌ သတ်မှတ်ထားသည့် ကန့်သတ်ချက် အချို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ ဖြေလျှော့လိုက်ကြောင်း နာရေးကူညီမှု (ထားဝယ်) ထံမှ သိရသည်။ ထို့ကြောင့် ၉၆ ပါး ရောဂါဖြင့် သေဆုံးသည့် ရုပ်အလောင်းအား အိတ်ထဲထည့်ရန် မလိုဘဲ နှစ်လောင်းတွဲ မီးရှို့ခြင်း၊ ဘာသာရေး လူမှုရေး လိုအပ်ချက်အရ တစ်လောင်းထဲ မီးရှို့ပြီး အရိုးကောက်ခွင့်ပြုခြင်းနှင့် သုသာန်တွင် သရဏဂုံတင်ခြင်းတို့ကို ပြန်လည်ခွင့်ပြုနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေး တတိယလှိုင်းကာလ၌ သေဆုံးသူများပြားသည့်အတွက် မီးသင်္ဂြိုဟ်ရာတွင် စည်းကမ်း ကန့်သတ်ချက်အချို့အား ဇူလိုင်လတွင် စတင်သတ်မှတ်ထားခဲ့သည်။ ယင်းအချိန်က ကိုဗစ် သို့မဟုတ် ၉၆ ပါး ရောဂါဖြင့် သေဆုံးအလောင်းများကို သေတ္တာပုံးဖြင့် ထည့်ခွင့် မပြုဘဲ အိတ်ဖြင့်ထည့်ပြီး မီးသင်္ဂြိုဟ်ရန်၊ […]