ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ် မြကမ်းသာရွာက ပြောင်းရွှေ့ခံရသူများ ယာယီအိမ်ဆောက်ရေးနှင့် သွားလာရေးခက်ခဲနေ

diz_admin

December 29, 2021

မြိတ်မြို့တွင် မြကမ်းသာရွာဟု ခေါ်ကြသည့်နေရာမှ ပြောင်းရွှေ့ခံလိုက်ရသည့် လူရှစ်ရာကျော်အတွက် အစားထိုးပေသည့်မြေမှာ ဓနိတောမြေဖြစ်နေပြီး ယာယီအိမ်ဆောက်ရန်နှင့် လမ်းပန်းသွားလာရေး အခက်အခဲရှိနေကြောင်း အကူအညီပေးနေသူများနှင့် ရွာသားများထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စု၊ MFD အိမ်ရာအနီးရှိ မြကမ်းသာကျေးရွာဟု အမည်တပ်ခေါ်သည့် မြေပေါ်တွင် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင် အိမ် ၁၅၂ ဆောင် အိမ်ထောင်စုအားဖြင့် ၁၆၀ နီးပါးကို မြိတ်အနာဂတ်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MDF) က ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ ကုမ္ပဏီက အစားထိုးနေရာချပေးသည့် နေရာကို ပြောင်းရွှေ့လာသူအချို့မှာ ယာယီအိမ်များ စတင်ဆောက်လုပ်နေကြပြီဖြစ်ကြောင်း အကူအညီပေးနေ သူများနှင့် ရွာသားများထံမှ သိရသည်။ သို့သော် ငွေကြေးအခက်အခဲရှိသဖြင့် အများစုမှာ ယာယီအိမ်ဆောက်ရန် အခက်အခဲ ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။ ကုမ္ပဏီက အစားထိုးချထားပေးသည့် မြေနေရာသည် ရှမ်းချောင်းကြီးရွာနှင့် […]

ထားဝယ်ခရိုင် ယခုနှစ်မီးလောင်မှုများတွင် ရှို့မီးနှင့် လျှပ်စစ်ကြောင့် အများဆုံး

diz_admin

December 29, 2021

ထားဝယ်ခရိုင်တွင် ယခုနှစ်အတွင်း မီးလောင်မှုအကြိမ် နှစ်ဆယ်ကျော်ရှိပြီး ယင်းအနက် ရှို့မီးနှင့် လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်နေကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ မီးလောင်ကျွမ်းမှု ၂၂ ကြိမ်ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ စာရင်းအရ သိရသည်။ အဆိုပါ မီးလောင်မှုများအနက် ရှို့မီး ခုနစ်ကြိမ်နှင့် လျှပ်စစ်မီးကြောင့် ခုနစ်ကြိမ် လောင်ကျွမ်းကြောင်း အထက်ပါစာရင်းများအရ သိရသည်။ ရှို့မီးတွင် လက်ရှိနိုင်ငံရေး အခြေအနေကြောင့် လုပ်ဆောင်မှုအပြင် ယင်းနှင့် မသက်ဆိုင်ဘဲ အခြားသော ကိစ္စများကြောင့်လည်း ပါဝင်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ မီးဖိုမီးမှတစ်ဆင့် လောင်ကျွမ်းမှု ခြောက်ကြိမ်နှင့် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု နှစ်ကြိမ်ရှိကြောင်း ယင်းစာရင်းအရ သိရသည်။ ထိုမီးလောင်မှုများတွင် နေအိမ်အဆောက်အအုံ ၁၄ လုံး […]

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနှစ်ရာကျော်ကို ကော့သောင်းသို့ ပြန်လွှဲ၊ ဖျားနာသူ ငါးဦးပါ

diz_admin

December 28, 2021

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ နှစ်ရာကျော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကော့သောင်းမြို့သို့ လွှဲပေးလိုက်ပြီး ယင်းအနက် ဖျားနာသူ ငါးဦးပါဝင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ထံမှ သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၂၄၆ ဦးကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခြင်းဖြစ်သည်။ ယင်း ၂၄၆ ဦးအနက် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ဖျားနာနေကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် အဆိုပါဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ ကျန်းမာရေးချို့တဲ့သည့် လူနာငါးဦးတို့အပါအဝင် ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစင်တာသို့ ဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း FED မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့က […]

ဓနိပျား လုပ်ကိုင်ကြသူနည်းလာ

diz_admin

December 28, 2021

ထင်းအခက်အခဲကြောင့် ဓနိပျား ကျိုချက်လုပ်ကိုင်ကြသူ နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။ ဓနိပျား ကျိုချက်ရာတွင် အသုံးပြုသည့် ထင်းများ ဝယ်ရန်ခက်ခဲခြင်း၊ ဈေးကြီးပေးကာ ဝယ်ယူရခြင်း တို့ကြောင့် လုပ်ကိုင်သူ နည်းလာခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်ကြသူများက ပြောသည်။ “ရွာမှာတော့ လုပ်တဲ့သူ နည်းနည်းပဲ ကျန်ပြီ။ ထင်းတွေ ဈေးကြီးလို့ မလုပ်ကြတော့ဘူး” ဟု မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာနေ ဦးတင်က ဆိုသည်။ တောင်ရှည်ကျေးရွာတွင် ယခင်က ပုံမှန်ဓနိပျားကျိုချက်သူ နှစ်ဆယ်ဦးခန့်ရှိပြီး ငါးနှစ်ခန့်အတွင်း လုပ်ကိုင်သူတဖြည်းဖြည်း လျော့ကျလာကာ လက်ရှိ ငါးဦးခန့်သာ ကျန်တော့ကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။ အလားတူ ပသောင်းကျေးရွာတွင်လည်း ယခင်ကဓနိပျားကျိုချက်သူ တစ်ရာနီးပါးရှိခဲ့သော်လည်း ယခုအခါ ဆယ်ဂဏန်းပင် မပြည့်တော့ကြောင်း ဒေသခံများက ပြောသည်။ “အဓိက က […]

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ၏မိခင် ထောင်ဒဏ် ၂ နှစ်ချခံရ

diz_admin

December 28, 2021

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုး၏ မိခင်ဖြစ်သူကို ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။ မသီရိမိုး၏ မိခင် အသက် ၄၆နှစ်အရွယ် ဒေါ်သက်သက်ထွေးနှင့် အသက် ၁၆ နှစ်အရွယ် ညီမဖြစ်သူတို့ကို ထားဝယ်မြို့နယ် ကနိုင်းဒါရွာရှိ နေအိမ်တွင် နိုဝင်ဘာလ ၈ ရက် ည ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းနောက် အသက် ၁၈နှစ် မပြည့်သေးသည့် ညီမဖြစ်သူအား ဖမ်းဆီးပြီး လေးရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကိုမူ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ “သီရိမိုးအနေနဲ့ လာအဖမ်းခံ။ ကြိုက်တဲ့အချိန် လာအဖမ်းခံတဲ့အချိန် အမေကို […]

ပုလောတွင် နှစ်ရက်အတွင်း လူသုံးဦး ပစ်သတ်ခံရ

diz_admin

December 27, 2021

မြိတ်ခရိုင် ပုလောမြို့နယ်တွင် နှစ်ရက်အတွင်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ကျောင်းနိမ့်ကျေးရွာတွင် ဒီဇင်ဘာလ ၂၆ ရက် ည ၆ နာရီခန့်က ဦးဖိုးတိုနှင့် ဒေါ်လုံးငယ်ဆိုသူ ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၎င်းတို့နှင့် အတူရှိနေသူ အမျိုးသားတစ်ဦးသည်လည်း ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများကပြောသည်။ ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နေ့လယ်ကလည်း ပဝတ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးကြွက်နီအား အမည်မသိ အဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီးသွားပြီး ရွာအပြင်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများ ကပြောသည်။ အသတ်ခံရသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသည် စစ်ကောင်စီတပ်အား သတင်းပေးနေသည့် ဒလန်ဟု သတင်းထွက်နေကြောင်း ရွာသားတစ်ချို့က ပြောဆိုခဲ့ကြသည်။ […]

မွန်လူငယ်များနေ့ကို အကျဉ်းချုံး ကျင်းပမည်

diz_admin

December 27, 2021

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၀) ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပသွားမည်ဖြစ်ကြောင်း (၁၀) ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီတို့ထံမှ သိရသည်။ ကိုဗစ်ကပ်ရောဂါအခြေအနေနှင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေတို့ကြောင့် ယခုနှစ်တွင် မွန်လူငယ်များနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတို့က ပြောသည်။ “ဒီနှစ်လည်း ကိုဗစ်ကပ်ရောဂါနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အခမ်းအနားကို လူနည်းနည်းနဲ့ အကျဉ်းချုံးပဲ လုပ်သွားမယ်။ ပြီးရင် အွန်လိုင်းကနေ live လွှင့်သွားမယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အနယ်နယ်အရပ်ရပ်ရောက်နေသည့် မွန်လူငယ်များ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးလာစေရေး၊ တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေရန်အတွက် ရည်ရွယ်ပြီး မွန်လူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခြင်းဖြစ်ကြောင်း […]

ရေဖြူတွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

December 26, 2021

ရေဖြူမြို့နယ် တလိုင်းယာချောင်းဝရွာအနီး မိုင်တိုင် ၁၉-၂၀ တွင် စစ်ကောင်စီကားကို မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း YePhyu-PDF အဖွဲ့က ထုတ်ပြန်ထားသည်။ သင်တန်းဆင်းများ ပြန်လာသည့် (ခ.မ.ရ-၄၀၈) တပ်ရင်းကကားဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ အများပြည်သူကို အမြဲနှောက်ယှက်နေသဖြင့် ကလိန်အောင်မြို့ရှိ (ခ.မ.ရ-၄၀၈) တပ်ရင်းက ကားကို တိုက်ခိုက်ခြင်းဖြစ်သည်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူ မည်မျှရှိသည်ကို အတည် မပြုနိုင်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောဆိုသည်။