ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ လျော့ကျ

diz_admin

December 31, 2021

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ယခင်လကထက် လျော့ကျလာကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။ ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကိုဗစ်ကြောင့် သေဆုံးရသူ ၁၈ ဦးရှိခဲ့ရာက ယခုဒီဇင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ လေးဦးသာ ရှိတော့ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။ အလားတူ မြိတ်ခရိုင်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလက သေဆုံးသူ လေးဦးရှိခဲ့ပြီး ယခုဒီဇင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ သုံးဦး ရှိတော့ကြောင်း အထက်ပါစာရင်းအရ သိရသည်။ ထားဝယ်ခရိုင်အတွင်း ယခုလ သေဆုံးသူ လေးဦးစလုံးမှာ ထားဝယ်မြို့နယ်တွင် နေထိုင်ကြသူများ ဖြစ်သည်။ အလားတူ မြိတ်ခရိုင်အတွင်း ယခုလ သေဆုံးသူ သုံးဦးစလုံးသည်လည်း မြိတ်မြို့နယ်အတွင်း နေထိုင်ကြ သူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ […]

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး ပြန်လာသူလေးဦးနှင့် ငါးဖမ်းလှေသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

December 31, 2021

ထိုင်းနိုင်ငံတွင် ထောင်ဒဏ်ကျခံပြီး ပြန်လွှဲခံရသူ လေးဦးနှင့် လှေမြုပ်ရာမှ ကယ်ဆယ်ထားသည့် ငါးဖမ်းလှေလုပ်သားတစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရကြောင်း ၎င်းတို့အား ကူညီလုပ်ဆောင်ပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄၆ ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံက မြန်မာဘက်ခြမ်း ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအနက် အမျိုးသား ၁၆၆ ဦးကို ကော့သောင်းမြို့ မိုးကုတ်ဝိပဿနာရှိ ကွာရန်တင်းစင်တာတွင် ထားရှိခဲ့ကြောင်း အထက်ပါအဖွဲ့ ဥက္ကဋ္ဌက ဆိုသည်။ အဆိုပါ အမျိုးသားများအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နှာခေါင်းတို့ဖတ် ရယူစစ်ဆေးသည့် (RTD Test Kid) နည်းဖြင့် ကိုဗစ်ပိုးစစ်ဆေးရာ လေးဦးတွင် ပိုးတွေ့ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ဒီဇင်ဘာလ ၂၉ […]

မုဒုံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ်တစ်ဦး ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခံရ

diz_admin

December 30, 2021

မွန်ပြည်နယ် မုဒုံမြို့က လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ကိုဆန်းလင်းဦးကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်တွင် ထောင်ဒဏ် တစ်နှစ်ခွဲ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ကိုဆန်းလင်းဦးကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပြီးခဲ့သည့် နိုဝင်ဘာလက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရပြီးနောက် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျိုက်မရောအကျဉ်းထောင် အထူးတရားရုံးတွင် ထောက်ဒဏ် တစ်နှစ်ခွဲ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်အချို့ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဒေသခံ PDF တို့နှင့် ပတ်သက်နေသည်ဆိုသည့်စွပ်စွဲချက်နှင့် […]

လောင်းလုံးတွင် အမျိုးသားတစ်ဦး လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေး၊ ဇနီးသည်အပါအဝင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

diz_admin

December 30, 2021

လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာတွင် ဒီဇင်ဘာလ ၂၉ ရက်ညက အမျိုးသားတစ်ဦး လက်ထိပ် တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ၎င်း၏ဇနီးသည်အပါအဝင် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တစ်ဆယ်ကျော်ဝန်းသည် ကမြောကြီးကျေးရွာတောင်ပိုင်းရှိ ဦးဌေးဝင်းနေအိမ်နှင့် ကိုအာကာဖြိုးနေအိမ်တို့ကို ဝင်ရောက်ရှာဖွေရာ ဦးဌေးဝင်းကို မဖမ်းမိဘဲ ကိုအာကာဖြိုးကိုသာ ဖမ်းမိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သို့သော် ကိုအာကာဖြိုးကို ဖမ်းဆီးထားစဉ် လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ဆိုသည်။ ထိုနောက် ဒီဇင်ဘာလ ၃၀ ရက် နံနက်တွင် ဦးဌေးဝင်း၏ဇနီး မညိုပြာနှင့် ကိုအာကာဖြိုး၏ ဇနီးဖြစ်သူ မစုမြတ်မွန်တို့ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါအမျိုးသားက ပြောသည်။ “သေနတ် […]

ဂျလန်းကျွန်းဆရာတော်၏ အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင် ကျင်းပမည်

diz_admin

December 30, 2021

မော်ကင်း (ခေါ်) ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၏ ဥတုဇရုပ်ကလာပ်မှ ကြွင်းကျန်ရစ်သော အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင် ကျင်းပမည်ဖြစ်ကြောင်း ဂျလန်းကျွန်း လက်ရှိကျောင်းထိုင်ဆရာတော်ဖြစ်သော ဒေါက်တာအရှင်ပညာသီရိက မိန့်ကြားသည်။ မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့နယ်အတွင်းရှိ ဂျလန်းကျွန်းတွင် သာသနာပြုခဲ့သည့် ဂျလန်းကျွန်းဆရာတော်၏ အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင်ကို ဆရာတော်၏ မွေးရပ်ဇာတိ ဖြစ်သည့် မန္တလေးတိုင်း သာစည်မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။ သာစည်မြို့နယ် အင်းဝင်းကျေးရွာရှိ ဆရာတော် ဦးစီးတည်ထောင်ခဲ့သည့် ကျောက်တောင် ကျောင်းတိုက်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ကျင်းပမည်ဖြစ်ကြောင်း ဆရာတော် ဒေါက်တာအရှင် ပညာသီရိက မိန့်ကြားသည်။ ဂျလန်းကျွန်းဆရာတော်၏ မွေးရပ်မြေဖြစ်သည့် သာစည်မြို့နယ် ဘိုကုန်းကျေးရွာမှ ဆရာတော်၏ အရိုးပြာအား ကရဝိတ်ယာဉ်ဖြင့် အင်းဝကျေးရွာရှိ ကျောက်တောင်ကျောင်းတိုက်သို့ ပင့်ဆောင်မည် ဖြစ်ကြောင်း […]

လောင်းလုံးမြို့အဝင်တွင် ဂိတ်သုံးခုချကာ စစ်ဆေးရေးတင်းကြပ်

diz_admin

December 30, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့အဝင်ဝနေရာသုံးခုတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးတင်းကြပ်နေကြောင်း ခရီးသည်အချို့ထံမှ စုံစမ်းသိရှိရသည်။ ထားဝယ်ဘက်မှ လာမည်ဆိုပါက လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်ဘုတ်အနီး၊ လောင်းလုံးမှ ပြင်ထိန်သွားလမ်း အဝင်ဝဖြစ်သည့် အောင်ချမ်းသာစေတီအနီး၊ လောင်းလုံးမှ ညင်းမော်သွားလမ်း မိုးလေဝသဆိုင်ဘုတ်အနီး စသည့်နေရာသုံးခုတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်စစ်ဆေးနေခြင်းဖြစ်ကြောင်း ယင်းလမ်းပိုင်းသို့ သွားခဲ့သည့် ခရီးသည်အချို့က ပြောသည်။ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းမှစပြီး ဂိတ်ချစစ်ဆေးတင်းကြပ်လာခြင်းဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ မှတ်ပုံတင်မူရင်း (သို့မဟုတ်) အုပ်ချုပ်ရေးမှူးထောက်ခံချက်တို့ကို အဓိကစစ်ဆေးကြောင်း စစ်ဆေးခံရသူအချို့က ပြောသည်။ “စစ်တာက တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ ဒီနေရာမှာ ကိုဗစ်လက်မှတ်ပဲစစ်ပြီးရင်း အခြားနေရာကျတော့ လိုင်စင်စစ်တယ်။ ကိုယ့်မှာ အပြည့်အစုံပါနေမှ ဖြတ်တာကောင်းတယ်။ ယောက်ကျားလေးတွေဆိုရင် ပိုစစ်တယ်၊ ဆိုင်ကယ်မောင်း‌တဲ့သူ ပိုစစ်တယ်။ အနောက်က […]

မွန်တွင် မိုးစပါးပေါ်ချိန် စပါးဈေးကောင်းရ

diz_admin

December 29, 2021

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်းရနေကြောင်း ပြည်နယ်အတွင်းရှိ စပါးကုန်သည်များနှင့် စပါးစိုက်တောင်သူတို့ထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ် စပါးဈေးသည် ယမန်နှစ် ဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ် နှစ်သိန်းကျော် ကွာဟနေကြောင်း စပါးကုန်သည်တို့ထံမှ သိရသည်။ “စပါးဈေးကတော့ အစားစားရှိတာပေါ့လေ။ ပေါ်ဆန်းမွှေးတို့ဆိုရင် ၁၀ သိန်းကျော်တယ်။ ဒီနှစ်ကတော့ စပါးဈေးကောင်းတယ်။ မနှစ်ကနဲ့စာရင် ဒီနှစ် ဈေးပိုကောင်းတယ်” ဟု မုဒုံမြို့နယ်မှ စပါးကုန်သည် ဒေါ်မီးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ်၌ စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ကိုးသိန်း၊ စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော် ပေါက်ဈေးရှိနေကြောင်းလည်း စပါးကုန်သည်တို့က ဆိုသည်။ […]

မြန်မာများကို ထိုင်းသို့ တရားမဝင်ပို့သည့် လူမှောင်ခိုသမား သုံးဦးကို ဖမ်းမိ

diz_admin

December 29, 2021

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က လူမှောင်ခိုပို့သည့် မြန်မာတစ်ဦးနှင့် ထိုင်းနှစ်ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူမှောင်ခိုပို့သဖြင့် အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အသက် ၄၁နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးတို့ကို ထိုင်းအာဏာပိုင်များက ဦးစွာ ဖမ်းမိခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားမှာ ပရာကျွတ်ခီရီခန်ခရိုင်အတွင်းရှိ ရော်ဘာခြစ် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူ လည်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ နှစ်ဦးအား ဖမ်းမိပြီးနောက် ရော်ဘာခြစ် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူမှတစ်ဆင့် လူမှောင်ခို လုပ်ကိုင်သည့် အသက် ၁၈ နှစ်ရှိ ထိုင်းအမျိုးသားတစ်ဦးကိုလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ဦးနှင့်အတူ ထပ်မံဖမ်းမိကြောင်း ပြည်သူ့ဆက်ဆံရေးဌာနက […]