ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

July 28, 2022

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး ယနေ့ (ဇူလိုင် ၂၈) နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ အရွယ် ဦးတင်လင်းဆိုသူကို နံနက် ၄ နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကင်းရှေ့ရွာအထွက်ရှိ ဆီဆိုင်အနီးတွင် သေနတ်ဖြင့်ပစ်သတ်ကာ ထားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ရွာထဲမှာ သတင်းထွက်နေတာကတော့ ဒလန်လိုလို ဘာလိုလိုပေါ့နော်” ဟု ၎င်းက ဆိုသည်။ ဇူလိုင်လတွင်းက ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဦးတင်လင်းဆီကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတိပေးစာပေးခဲ့သည်ဟု သတင်းများကြားသိရကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။ ကင်းရှေ့ရွာနှင့် ကျောက်လှေကားရွာတို့မှာ ၄ မိုင်ခန့် ကာဝေးဖြင့် ဆိုင်ကယ်ဖြင့်သွားပါက ၂၅ မိနစ်ခန့်သွားရသည်ဟု […]

မြိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

diz_admin

July 28, 2022

မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် အပစ်ခံရပြီး ဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း ဒေသခံများ ထံမှသိရသည်။ အသက် ၅၀ ကျော်အရွယ်ရှိ ကန်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်သည် ဇူလိုင်လ ၂၈ ရက်(ယနေ့)နံနက် ၅ နာရီဝန်းကျင်တွင် တပ်ပြင်စျေး၌ အပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။ “စျေးခင်းနေချိန်မှာ လာပစ်သွားတယ်လို့သိရတယ်။ ရှပ်ထိတယ်လို့ပြောနေကြတယ်။ လက်ရှိဆေးရုံတင်ထားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ယင်းအုပ်ချုပ်ရေးမှူးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ရသည်ကို မသိရှိရသေးကြောင်း၊ သေနတ်ဒဏ်ရာ လေးချက်ခန့် ရရှိသည်ဟုသိရကြောင်း ဒေသခံများ ကပြောသည်။ ၎င်းသည် စစ်ကောင်စီမှ ခန့်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး မိန်းမဖြစ်သူမှာ တပ်ပြင်စျေးတွင် စျေးရောင်းချနေကြောင်း ဒေသခံများ ကပြောပြသည်။ အုပ်ချုပ်ရေးမှူး အပစ်ခံရပြီးနောက် တပ်ပြင်စျေးအနီးတဝိုက်နှင့် ရေပုန်းရပ်ကွက် လမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများအား […]

ဝေါလေတိုက်ပွဲကြောင့် ထိုင်းသို့စစ်ဘေးရှောင်နေသည့် မြန်မာဒုက္ခသည် ၁၁၈ ဦးကို နေရပ်ပြန်ပို့

diz_admin

July 27, 2022

မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ၊တာခ့်ခရိုင် ဖို့ဖရာ့ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၁၁၈ ဦးကို ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကရင်ပြည်နယ် မြဝတီမြိုနယ် ဝေါလေဒေသအတွင်း ဇွန်လကုန်ပိုင်းက စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယင်းမြန်မာဒုက္ခသည်များမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံ တာခ့်ခရိုင် ဖို့ဖရာ့ဒေသအတွင်းရှိ ယာယီစစ်ရှောင်စခန်းများတွင် ခိုလုံခွင့်ပေး၍ လိုအပ်သည်များကို အကူအညီပေးလျက်ရှိကြောင်း၊ တိုက်ပွဲများငြိမ်သွားသဖြင့် မြန်မာနိုင်ငံဘက်သို့ အသုတ်လိုက် ပို့ဆောင်ပေးလျက်ရှိရာတွင် ယခုအကြိမ်မှာ ဘန့်မူအ်လုချိုင်ယာယီစခန်းမှ နောက်ဆုံးအသုတ်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ နောက်ဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့ပေးသော မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၁၁၈ ဦးတွင် အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၅၀ […]

ထားဝယ်မြို့တွင် လုပ်ငန်းလိုင်စင် စစ်ဆေးတင်းကျပ်သဖြင့် ကုန်ပစ္စည်းသယ်ယူရေးအခက်တွေ့

diz_admin

July 27, 2022

ထားဝယ်မြို့တွင် ကားများကို လုပ်ငန်းလိုင်စင်စစ်ဆေးမှု တင်းကျပ်နေသဖြင့် ကုန်ပစ္စည်း သယ်ယူရေးနှင့် ခရီးသည်ပို့ဆောင်ရေးတို့အတွက် အခက်အခဲကြုံတွေ့နေရကြောင်း နယ်ကားသမားအချို့က ပြောသည်။ ယာဉ်လိုင်စင်၊ အုံနာစာအုပ် စသည်တို့ ပြည့်စုံကြသော်လည်း ‌ထားဝယ်ခရိုင်ရှိ နယ်ကားသမား အများစုတွင် လုပ်ငန်းလိုင်စင် မရှိကြပေ။ ထားဝယ်ခရိုင်ရှိ ဒေသခံများသည် အန်စာတုံး၊ ခွေးဘီလူး စသည့် ကားများကို ဝယ်ယူကာ တနိုင်တပိုင် ခရီးသည် ပို့ဆောင်ခြင်း၊ ကုန်ပစ္စည်းသယ်ယူခြင်းတို့ လုပ်ကိုင်ကြသည်။ အာဏာမသိမ်းခင်ကမူ လုပ်ငန်းလိုင်စင် စစ်ဆေးမှုမရှိသဖြင့် အဆင်ပြေခဲ့သော်လည်း အာဏာသိမ်းပြီးနောက် လုပ်ငန်းလိုင်စင် စစ်ဆေးမှုတင်းကျပ်လာကြောင်း ကားသမားအချို့က ပြောသည်။ “လုပ်ငန်းဆိုပြီးလည်း ပြောလို့မရ။ နေ့တိုင်း ကားဆွဲနေရရင်တော့ ဟုတ်တာပေါ့။ အခုက ငှားတဲ့သူရှိမှ အော်ဒါ လိုက်ရတာဆိုတော့ လုပ်ငန်းလိုင်စင်ဆိုပြီး လုပ်မနေတော့တာ။ အရင် (အာဏာမသိမ်းခင်က) က သွားလို့ရနေ […]

လမ်းပေါ်ချထားသည့် အထုပ်များကို မကောက်ယူရန် မြိတ်(ပကဖ)သတိပေး

diz_admin

July 27, 2022

မြိတ်မြို့အတွင်း လမ်းပေါ်ချထားသည့် အထုပ်များအား ကောက်ယူခြင်း မပြုလုပ်ကြရန် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။ ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ပြည်သူများ လမ်းပေါ်ရှိ ကိုယ်နှင့် မသက်ဆိုင်သော အရာဝတ္ထုများအား ကောက်ယူခြင်းမပြုကြရန်၊ ဝေးဝေးမှ ရှောင်ရှားသွားကြရန် သတိပေးထားသည်။ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင်လ ၂၆ရက် ညတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲ တိုက်ခိုက်ရန် ပြင်ဆင်ချထားသည့်အထုပ်အား လမ်းသွားလာ ပြည်သူတစ်ဦးက ကောက်ယူသွားသည့်အတွက် မိုင်းကိုမခွဲဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။ မြိတ်ပကဖ အနေဖြင့် သတိကြီးစွာထားပြီး Mission များကို လုပ်ဆောင်နေရပြီး ပစ္စည်းဆုံးရှုံးမှုလည်း အကြိမ်ကြိမ်ရှိခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အကြိမ်ကြိမ် သတိပေးသည့်အပေါ် ပြည်သူများလိုက်နာမှု မရှိကြသည်ကို များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။ အကယ်၍ […]

ရဲစခန်းကခေါ်ခိုင်းသည်ဟုဆိုကာ ခေါ်သွားသည့် ပညစ်ရွာသားတစ်ဦးပျောက်ဆုံး

diz_admin

July 27, 2022

လောင်းလုံးမြို့နယ် ပညစ်ရွာတွင် ဇူလိုင်လ ၂၆ရက်နေ့က ရဲစခန်းက ခေါ်ခိုင်းသည်ဟုပြော၍ ခြိမ်းခြောက်ခေါ်ဆောင် ခြင်းခံရသည့် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ပျောက်ဆုံးနေသူမှာ ကလိန်အောင် ဇာတိဖြစ်ပြီး ပညစ်ရွာတွင် အိမ်ထောင်ကျသည့် ဦးမင်းဇော်ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၁၀ နာရီခန့်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင်ရောက်ရှိလာပြီး စစ်ဆေးရန်ရှိသဖြင့် ရဲစခန်းက ခေါ်ခိုင်း သည်ဟု ပြောဆိုပြီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းနေ့ ညနေပိုင်းတွင် လောင်းလုံး မြို့မရဲစခန်းသို့ မိသားစုဝင်များ သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ ရှိခဲ့ကြောင်း မိသားစုဝင်များပြောကြားချက်ကို ဒေသခံတစ်ဦးက ပြန်လည်ပြောပြသည်။ “လူနှစ်ယောက်လာခေါ်တယ်။ ဘာလို့လိုက်ရမှာလဲလို့ပြောတော့ သေနတ်ထုတ်ပြတယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးမင်းဇော်ဆိုသူမှာ ယခင်က ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ယခု ဥယျာဉ်ခြံလယ်ယာလုပ်ငန်း […]

ကော့သောင်းမှတဆင့် ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၅၈ဦးဖမ်းဆီးခံရ

diz_admin

July 26, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ကော့သောင်းနယ်စပ်မှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၅၈ ဦးကို ယနေ့ (ဇူလိုင်၂၆) ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ တရားမဝင် မြန်မာအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကားသုံးစီးသည် ရနောင်းခရိုင် ကရာဘူရီဒေသရှိ ဖက်ခ်ျကစမ်လမ်းပေါ်သို့ သွားနေသည်ဟု သတင်းရရှိသဖြင့် ထိုင်းတပ်မတော်နှင့် ရဲတပ်ဖွဲ့က ယနေ့ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပထမကားတစ်စီးတွင် မြန်မာအလုပ်သမား ၃၅ ဦး လိုက်ပါလာပြီး အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၂ဦးတို့ ပါဝင်ကာ ကား၏အနောက်တွင် ဘေးပတ်လည်ကို တာလပတ်အပြာရောင်ဖြင့် ဖုံး၍ လိုက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဒုတိယကားတွင် မြန်မာအလုပ်သမား ၂၃ ဦးအနက် […]

လောင်းလုံး ရေဖြူရွာ ဒေသခံသုံးဦး အဖမ်းခံရ

diz_admin

July 26, 2022

လောင်းလုံးမြို့နယ် ရေဖြူကျေးရွာဒေသခံ သုံးဦးကို ယနေ့ (ဇူလိုင် ၂၆) နံနက် ၃နာရီခန့်တွင် စစ်‌ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံရသူများမှာ ရေဖြူတံတားအနီးက ကုန်စုံဆိုင်ပိုင်ရှင် ဦးမောင်လွင်၊ ဒေါ်ဇာဇာမြင့်တို့ ဇနီးမောင်နှံနှင့် ရေဖြူအထက်တန်းကျောင်းအနီးနေထိုင်သည့် ဦးညီမောင်ထွေးဆိုသူတို့ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အိပ်ကောင်းနေတုန်း အချိန်လောက်ပေါ့၊ (စစ်ကောင်စီတပ်) သူတို့ဝင်လာတဲ့ အချိန်ဆိုရင်။ ရွာထဲကို စစ်ကားငါးစီး တန်းစီဝင်လာပြီးတော့ ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ အထက်ပါ ဒေသခံသုံးဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးပေ။ လက်ရှိတွင် လောင်းလုံးမြို့မရဲစခန်း၌ ဖမ်းဆီးထားသည်ဟု သိရသဖြင့် မိသားစုဝင်များ ရဲစခန်းသို့လိုက်သွားကြကြောင်း ဒေသခံအချို့က ပြောသည်။