KTLA နှင့် KNU ကြား တင်းမာမှုတွင် PDF များ ဝင်မပါရန် KTLA ပြော
Dawei Watch
July 16, 2025ကော်သူးလေတပ်မတော် -KTLA နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ကြား တင်းမာမှုတွင် ပြည်သူ့ကာကွယ် ရေးတပ်-PDF တပ်ရင်း၊ တပ်ဖွဲ့နှင့် ပကဖအဖွဲ့များ ဝင်မပါကြရန် ထားဝယ်ခရိုင်အခြေစိုက် KTLA ဆာကဆောတပ်မက ထုတ်ပြန်သည်။ KTLA ကို KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က လာရောက်တိုက်ခိုက်မည် ဆိုသည့် သတင်းများထွက်ပေါ်နေပြီး KTLA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အခြေစိုက် ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မ တပ်ရင်း (၃) မှ ဒုတပ်ရင်းမှူး စောဒါးကေ က လူမှုကွန်ရက်တွင် ဇူလိုင်လ ၁၄ရက်က ထုတ်ဖော်ပြောဆိုသည်။ ကရင်လက်နက်ကိုင် အချင်းချင်းပဋိပက္ခတွင် ပြည်သူ့ကာကွယ်ရေးတပ်-PDF တပ်ရင်းတပ်ဖွဲ့များ ဝင်မပါကြရန် ၎င်းက ဆိုသည်။ “ကျွန်တော်တို့နေတဲ့ နေရာကို သူတို့လာတိုက်ဖို့က သေချာတယ်။ […]


