BREAKING
May 4, 2025

သတင်း

“ခ”လိုင်စင်ဖြင့် သုံးဘီးယာဉ် မမောင်းရ

diz_admin

February 19, 2020

ထားဝယ်ဒေသတွင် အသုံးပြုမှုများနေသည့် အိန္ဒိယနိုင်ငံထုတ် သုံးဘီးယာဉ်ကို “ခ” လိုင်စင်ဖြင့် မောင်းနှင်ခွင့် မရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(ကညန) တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။ အဆိုပါ အိန္ဒိယနိုင်ငံထုတ် သုံးဘီးယာဉ်နှင့် တရုတ်နိုင်ငံထုတ်သုံးဘီး ဆိုင်ကယ်များကို “ဟ” (သုံးဘီးမောင်း) လိုင်စင် သို့မဟုတ် “ဃ” လိုင်စင်ဖြင့်သာ မောင်းနှင်ခွင့်ရှိကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။ မြေပြင်တွင်မူ အဆိုပါ သုံးဘီးယာဉ်များကို “ဃ” ယာဉ်မောင်းလိုင်စင်ဖြင့်သာ မောင်းနှင်ခွင့်ရှိသည်ဟု ယူဆနေကြသည်။ “ဃ”ယာဉ်မောင်းလိုင်စင်မှာ အငှားကုန်တင်ယာဉ်နှင့် အငှားဘတ်စ်ကားမှလွဲ၍ ကျန်မှတ်ပုံတင်ထားသည့် ယာဉ်များအားလုံးကို မောင်းနှင်ခွင့်ရှိပြီး “ခ” လိုင်စင်က သုံးတန်အထိ တင်ဆောင် နိုင်သည့် ကိုယ်ပိုင်ယာဉ်များနှင့် ကိုယ်ပိုင် ဘတ်စ်ကားငယ်များ မောင်းနှင်ခွင့်ရှိသည်။ “သုံးဘီးကတော့ ကားလိုမဟုတ် ဘူးလေ။ […]

ကော့သောင်းအပါအဝင် မြို့နယ်လေးခု တီဘီရောဂါ ကွင်းဆင်းကုမည်

diz_admin

February 19, 2020

တိုင်းအတွင်းရှိ ထားဝယ်၊ သရက် ချောင်း၊ တနင်္သာရီနှင့် ကော့သောင်းမြို့ နယ်တို့ရှိ ကျေးရွာများသို့ တီဘီရောဂါ ကွင်းဆင်းကုသပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက် ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထင်ဇော်အောင်က ပြောသည်။ ထားဝယ်မြို့နယ်တွင် ရှမ္မတွင်း၊ ရောင်းမော်ကျေးရွာတို့ကို ဖေဖော်ဝါရီလ တတိယအပတ်၊ သရက်ချောင်းမြို့နယ် အတွင်း ကျေးရွာအချို့ကို မတ်လ ပထမအပတ်၊ တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် ကုန်ထုတ်စခန်း (အရပ်ခေါ် ရဲဘက်စခန်း)ကို ဒုတိယအပတ်၊ ကော့သောင်းမြို့နယ်ရှိ ကျေးရွာအချို့ကို တတိယအပတ်တွင် ကွင်းဆင်းကုသမည်ဟု ၎င်းက ပြောသည်။ “တစ်ခါသွားရင်တော့ သုံးလေးရွာလောက် ကုပေးဖြစ်တယ်။ ရွာတစ်ရွာကို စုရပ်အဖြစ်ထားပြီးတော့ အနီးအနားက ရွာကတွေကိုပါ ခေါ်ပြီး တီဘီရောဂါ စစ်ဆေးပေးတာပေါ့။ အဲလိုလုပ်ရင် ရွာတော်တော်များများကို ကာဗာ(လွှမ်းခြုံ) မိသွားစေတယ်”ဟု ဒေါက်တာ ထင်ဇော်အောင်က […]

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်လိုင်စင် လျှောက်ထားသူ မရှိသေး

diz_admin

February 19, 2020

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်လျှောက်ထားသူ မရှိသေးဟု မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသိုလှောင် ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့် ထားဝယ်မြို့ တိုင်းရောင်းဝယ်ရေး အရာရှိရုံးထံမှ သိရသည်။ ကျေးရွာသုံးစက်သုံးဆိုင်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်ဆိုင်ရာ အမိန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး စည်းကမ်းချက် ၃၃ ခု ပါဝင်သည်။ “လာလျှောက်ထားတာတော့ မရှိသေးဘူး။ ဆက်သွယ်စုံစမ်းတဲ့သူတွေတော့ ရှိတယ်။ သူက ချက်ချင်းလာ လျှောက်လို့က မရဘူးလေ။ ၁၀၅၊ ၁၀၆ မြေပုံတို့ ဘာတို့ ပါရမယ်လေ။ အဲဒါတွေကလည်း သက်ဆိုင်ရာ မြေစာရင်းရုံးတို့ ဘာတို့မှာ သွားလျှောက်ရတဲ့ အဆင့်တွေ ရှိတာကိုး”ဟု အထက်ပါရုံးမှ တိုင်းရောင်းဝယ်ရေးအရာရှိက ပြောသည်။ လက်ရှိတွင် အထက်ပါလိုင်စင် ဆိုင်ရာအမိန့်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများပြုလုပ်ရန် တိုင်းဒေသကြီးရေနံကြီးကြပ်ထိန်းသိမ်းရေး […]

တိုင်းအစိုးရ စပါးဝယ်မည့် အစီအစဉ် မလုပ်ဖြစ်တော့

diz_admin

February 19, 2020

တိုင်းအစိုးရက ထားဝယ်နှင့် မြိတ်ခရိုင်ရှိ လယ်သမားများထံမှ ကျပ်သိန်းပေါင်း တစ်သောင်းဖြင့် စပါးဝယ်ယူမည့် အစီအစဉ် မလုပ်ဖြစ်တော့ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချိုချိုက ပြောသည်။ လက်ရှိဒေသအတွင်း စပါးဈေးနှုန်းမှာ (တစ်တင်းလျှင်) ကျပ်ငါးထောင်ကျော်နေပြီဖြစ်သောကြောင့် ယင်းစပါး ဝယ်မည့်အစီအစဉ်ကို မလုပ်ဖြစ်တော့ခြင်းဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။ “အဓိကကတော့ စပါးဝယ်မယ်ဆိုတာက လယ်သမားတွေ အခြေခံဈေးနှုန်း (တင်းတစ်ရာလျှင်) ကျပ်ငါးသိန်းရအောင် ရည်မှန်းတာဖြစ်တဲ့အတွက် အခုက ကျပ်ငါးသိန်း နေရာတိုင်းမှာ ကျော်ကုန်ပြီ ဖြစ်တဲ့အတွက် စပါးဝယ်ယူဖို့ကို ဒီနှစ်အတွက် မလုပ်တော့ပြီ”ဟု ဒေါ်ရီရီချိုက ဖေဖော်ဝါရီလ ၁၂ ရက်က ပြောသည်။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က သတ်မှတ်သည့် စည်းကမ်းချက်တွင်လည်း အစိုးရက သတ်မှတ်ထားသည့် အခြေခံစပါးဈေးနှုန်း ကျပ်ငါးထောင် အထက်သို့ မြင့်တက်ပါက […]

LGBT သက်ကြီးပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲ ပြုလုပ်မည်

diz_admin

February 19, 2020

တတိယအကြိမ်မြောက် LGBT သက်ကြီးပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲကို မြိတ်မြို့ရှိ Hotel Grand Jade တွင် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့၌ ပြုလုပ်မည် ဖြစ်ကြောင်း လိင်တူချစ်သူများအဖွဲ့ LGBT တာဝန်ခံ ရင်ခွင်ဦးထံမှ သိရသည်။ မြိတ်ခရိုင်အတွင်းရှိ လိင်တူချစ်သူများအနက် အသက် ၆၀ နှစ်အထက်ရှိသူ တစ်ဆယ်ကျော်အား ကန်တော့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ Dawei Watch

တနင်္သာရီမြို့တွင် လူထုရှင်းသန့်အဖွဲ့က လုပ်မည့် သင်တန်းများ

diz_admin

February 19, 2020

တနင်္သာရီမြို့နယ် တကူတိုက်နယ်၊ တကူသံတိုက်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်မှ မေလအထိ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စက်ချုပ်နှင့် မြန်မာ့သိုင်းသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း လူထုရှင်းသန့်အဖွဲ့မှ သိရသည်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် မြန်မာ့သိုင်းသင်တန်းအတွက် သင်တန်းကာလမှာ တစ်လခွဲနှင့် စက်ချုပ်သင်တန်းအတွက် အချိန်သုံးလကြာမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း-၀၉၄၂၂၅၅၀၇၂၂၊ ၀၉၇၇၇၉၀၈၉၂၂ တို့ထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ Dawei Watch

တိုင်းအတွင်း ကလေးအလုပ်သမား စစ်တမ်းကောက်ရန် စီစဉ်

diz_admin

February 17, 2020

ကလေးအလုပ်သမား ပပျောက်ရေးစီမံချက်၏ ကနဦး လုပ်ငန်းဖြစ်သည့် ကလေးလုပ်သား စစ်တမ်းကောက်ယူ နိုင်ရေးစီစဉ်နေကြောင်း တနင်္သာရီတိုင်း ကလးလုပ်သား စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်စုစုနွယ်က ပြောသည်။ ကနဦးအနေဖြင့် အစားအစာထုတ် လုပ်ခြင်းလုပ်ငန်း၊ လက်လီ၊ လက်ကား ရောင်းဝယ်ရေးလုပ်ငန်းနှင့် မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် ကလေးအလုပ်သမားများ အလုပ်ဝင် ရောက်နေခြင်း ရှိ၊ မရှိကို စစ်တမ်းကောက် ယူမည်ဖြစ်ကြောင်း ဒေါ်စုစုနွယ်က ပြောသည်။ ၂၀၁၈ ခုနှစ်တွင် ကောက်ခံထားသည့် စာရင်းအရ တိုင်းအတွင်းတွင် အထက်ပါလုပ်ငန်း လုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဈေးဆိုင်စုစုပေါင်း လေးထောင်ကျော် (၄၅၀၁) ရှိသည့်အနက် နမူနာအနေဖြင့် ဆိုင်နှစ်ထောင်နီးပါး(၁၈၉၁ ဆိုင်) တွင် ကောက်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့ ကောက်ယူနိုင်ရန် […]

မလေးရှားပို့မည့် သစ်တန်ခြောက်ဆယ်နီးပါး တင်ဆောင်ထားသည့် လှေတစ်စီး ဖမ်းမိ

diz_admin

February 17, 2020

မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ ပို့ ဆောင်မည့် ပိတောက်အမျိုးအစား သစ်တန်ခြောက်ဆယ်ခန့်တင်ဆောင်ထားသည့် လှေတစ်စီးကို မြန်မာ-အိန္ဒိယ နယ်နိမိတ်မျဉ်းမှ ငါးမိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါလှေပေါ်တွင် လှေပဲ့နင်း အပါအဝင် လှေသား ၇ ဦးကို ဖေဖော်ဝါရီလ ၃ ရက်တွင် တပ်မတော်စစ်ရေ ယာဉ်က ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ လှေပေါ်ပါသူများကို စစ်မေးရာ အဆိုပါသစ်များကို ကော့သောင်းမြို့တွင် သစ်တောရုံးချုပ်၏ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူထားပြီး အဆိုပါသစ်များကို ကော့သောင်းမြို့မှ ဧရာ၀တီတိုင်း မြောင်းမြမြို့သို့ သယ်ဆောင်ခွင့်မျှောစာ ဖြင့် သယ်ဆောင်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မြောင်းမြမြို့သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ဆင်ကျွန်းနှင့် လငန်းကျွန်းအကြားရေပြင်သို့ရောက်ရှိချိန်တွင် လှေပိုင်ရှင်ဖြစ်သူက ပီနန်မြို့သို့ ပို့ဆောင် ရန် […]