ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ
diz_admin
August 8, 2022ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၂၃နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဩဂုတ်လ ၇ရက် ညတွင် လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် အသတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းဌာနများသို့ ပြောဆိုထားသည်။ ဩဂုတ်လ ၇ ရက် ည ၁၁ နာရီခန့်တွင် နွန်ထဘူရီခရိုင် ဘန့်ဘိုဝ်ထွန်းဒေသရှိ အဆိုပါအမျိုးသမီးနေထိုင်ရာ ကွန်ဒိုဘေးတွင် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကရင်လူမျိုးဖြစ်သည့် မစန်းသီမိုးတွင် လည်ပင်း၌ ဓားကဲ့သို့အရာဖြင့် ထိုးသွင်းထားသည့် ဒဏ်ရာရထားပြီး သွေးထွက် လွန်ကာ သေဆုံးသည်ဟု ဘန့်ဘိုဝ်ထွန်းဒေသရဲစခန်းမှ ရဲတပ်ဖွဲ့များနှင့် မှုခင်းဆရာဝန်များက အတည်ပြုကြောင်း သတင်းတွင် ရေးသားသည်။ ၎င်းနှင့်အတူနေ သူငယ်ချင်းဖြစ်သူသည် တိုက်ခန်းသို့ ပြန်လာရာ အခန်းတံကား သော့မခတ်ထားဘဲ ပွင့်နေသည်ကို တွေ့ရပြီး ကွန်ဒိုဘေးတွင် အမျိုးသမီးတစ်ဦး အလောင်းတွေ့သည်ဟုဆိုသဖြင့် သွားကြည့်ရာ […]


