တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာ
diz_admin
August 4, 2022တနင်္သာရီမြို့နယ် စစ်ဘေးရှောင်ပြည်သူများ ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ နေရပ်သို့ ပြန်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။ တကူ၊ သရဘွင်၊ သိန္ဒောစသည့် ကျေးရွာအုပ်စုတို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ ပြန်လာကြကြောင်း ဒေသခံများက ပြောသည်။ “တော်တော်များများတော့ တဖြေးဖြေးနဲ့ ပြန်လာနေကြပြီ။ မလာကြသေးတဲ့လူတွေလည်း ရှိနေသေးတယ်” ဟု တကူ၊ သံတိုက်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ အလားတူ သရဘွင်နှင့် သိန္ဒောကျေးရွာတို့မှ စစ်ဘေးရှောင်နေသူများသည်လည်း နေရပ်သို့ ပြန်လည်ရောက်ရှိ လာနေကြောင်း ဒေသခံများက ပြောသည်။ “အားလုံးနီးပါးတော့ ပြန်ရောက်လာကြပြီဆိုပေမယ့် တိုက်ပွဲက ဘယ်အချိန် ထဖြစ်ဦးမယ် မသိသေးဘူး” ဟု သရဘွင်ကျေးရွာအုပ်စုနေ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်များ ယင်းကျေးရွာများတွင် မရှိတော့သည့်အတွက် […]


