ရေဖြူတွင် ကျေးရွာအချို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရ
diz_admin
July 31, 2022ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာနှင့် ဧကနိကျေးရွာဘက်ကို ဇူလိုင်လ ၃၀ ရက် နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိရွာအပြင် ရငဲကျေးရွာမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရငဲကျေးရွာမှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “ရွာထဲမှာတော့ လူတစ်ယောက်မှ မကျန်ဘူး။ တစ်ရွာလုံးက ပြေးနေလွှားနေရတယ်ဆိုတော့။ ကျွန်နော်တို့က နယ်ဘက်ဆိုတော့ သတင်းကြားတာနဲ့ ပြေးပဲ။ တော်တော်လေးကို ကြောက်ကြတာကိုး” ဟု အထက်ပါ လူငယ်အမျိုးသားက ဆိုသည်။ ရငဲရွာမှာ ဧကနိရွာနှင့် ရွာနီးစပ်ဖြစ်ပြီး ဆိုင်ကယ်ဖြင့် ၅ မိနစ်ခန့်သာ သွားရသည်။ ဇူလိုင်လ ၃ဝရက် အာရုံမတက်မီ ၄ နာရီခန့်က ခမောင်းချောင်းနှင့် ဧကနိရွာအနီးရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီ တပ်က […]


