သရက်ချောင်း ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
July 28, 2022သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး ယနေ့ (ဇူလိုင် ၂၈) နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ အရွယ် ဦးတင်လင်းဆိုသူကို နံနက် ၄ နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကင်းရှေ့ရွာအထွက်ရှိ ဆီဆိုင်အနီးတွင် သေနတ်ဖြင့်ပစ်သတ်ကာ ထားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ရွာထဲမှာ သတင်းထွက်နေတာကတော့ ဒလန်လိုလို ဘာလိုလိုပေါ့နော်” ဟု ၎င်းက ဆိုသည်။ ဇူလိုင်လတွင်းက ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဦးတင်လင်းဆီကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတိပေးစာပေးခဲ့သည်ဟု သတင်းများကြားသိရကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။ ကင်းရှေ့ရွာနှင့် ကျောက်လှေကားရွာတို့မှာ ၄ မိုင်ခန့် ကာဝေးဖြင့် ဆိုင်ကယ်ဖြင့်သွားပါက ၂၅ မိနစ်ခန့်သွားရသည်ဟု […]


