ကံပေါက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းရုံးနှင့်ပိုက်လိုင်း ဖောက်ခွဲခံရ
diz_admin
August 11, 2022ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ရုံးခန်းတစ်ခုနှင့် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၉ ရက်က ကံပေါက်ဒေသ အိန္ဒာရာဇာရွာနှင့် ဆင်းကူးရွာကြားတွင်တစ်နေရာ၊ နတ်ကြီးစင်ရွာနှင့် စိန်ဘုံရွာကြားတွင် တစ်နေရာ ဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအပြင် ကံပေါက်ကျေးရွာအုပ်စုမှ အုန်းပင်ကွင်းကျေးရွာသို့သွားသည့် ကျေးရွာချင်းဆက်လမ်း အုန်းပင်ကွင်းရွာအနီးရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကြီးကြပ်ကွပ်ကဲရေးစခန်းလည်း ဩဂုတ်လ ၃ ရက်က ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ကဆိုသည်။ ယင်းကြီးကြပ်ရေးစခန်းတွင် အင်ဂျင်နီယာများနေထိုင်လေ့ရှိပြီး ဓာတ်ငွေ့ပိုက်လိုင်းခေါင်းများကို ထိန်းချုပ်ထားသော နေရာတစ်ခုဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းဖောက်ခွဲတိုက်ခိုက်မူ သုံးကြိမ်စလုံးကို ကန်ပေါက်ဒေသ ကာကွယ်ရေးအဖွဲ့ (KBDF)နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့( TPLF)တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဖောက်ခွဲတိုက်ခိုက်မူဖြစ်ပြီးနောက် အုန်းပင်ကွင်းရွာ၊ ကောင်းမူရွာ၊ […]


