ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

August 13, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ခေါင်ခိုက်လာသည့် ကုန်ဈေးနှုန်း ပြည်တွင်းမှာ အခြေခံစားသောက်ကုန်များ ဈေးနှုန်း ခုန်တက်နေပြီး အဓိက စားကုန်ဖြစ်သည့် ဆန်ဈေးမှာလည်း အာဏာ သိမ်းကာလမှာပင် ဈေးနှစ်ဆတက်သွားသဖြင့် အိမ်ရှင်မများ ဈေးသွားရန်ပင် လန့်လာကြသည်အထိ ဖြစ်လာသည်။ ဝင်ငွေထွက်ငွေကို ချိန်ဆပြီး မီးဖိုချောင်စရိတ်ကို ချွေတာသုံးစွဲရေးက အိမ်ရှင်မများအတွက် ခေါင်းခဲဖွယ်ရာ အခြေအနေပင်။ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ် ကျပ် ခုနစ်သောင်းဝန်းကျင် ရှိရာမှ ကျပ် တစ်သိန်းနီးပါးအထိ ပေးဝယ်နေရပြီး အခြားသော အခြေခံစားကုန်များလည်း ယခုသီတင်းပတ်အတွင်း ဈေးတက်လာနေသည်။ အာဏာသိမ်းကာလ တစ်နှစ်ကျော်တွင်မူ ဆန်ဈေးမှာ နှစ်ဆတက်သွားသည်။ ထို့ကြောင့် ပြည်သူများမှာ […]

တနင်္သာရီနှင့် ပုလောတွင် မနက်ဖြန်မှစ၍ လျှပ်စစ်မီးအချိန်ပိုင်းသာရတော့မည်

diz_admin

August 13, 2022

မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ဩဂုတ်လ ၁၄ ရက်နေ့မှစပြီး လျှပ်စစ်မီး အချိန်ပိုင်းသာ ပေးဝေသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီမှ တနင်္သာရီမြို့နယ် မန်နေဂျာ ဦးဝင်းကိုက ပြောသည်။ လက်ကျန် ဒီဇယ်လောင်စာဆီ လျော့နည်းနေသဖြင့် အချိန်ပိုင်းဖြင့်သာ ဖြန့်ဖြူး‌ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြသည်။ “မနက် ၄ နာရီကနေ ညနေ ၄နာရီအထိ မီးပိတ်ထားမယ်။ နေ့ခင်းဘက် မီးပိတ်မှာပေါ့” ဟု မန်နေဂျာ ဦးဝင်းကိုက ပြောဆိုသည်။ လက်ကျန်ဒီဇယ်ဆီ တစ်ဆယ့်ကိုးလုံး (၁၉ ပီပါ) သာ ကျန်ရှိနေသည့်အတွက် အချိန်ပိုင်းမှာလည်း ကိုးရက်သာ ပေးနိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “လက်ရှိဆီနဲ့ဆို ကိုးရက်ပဲမောင်းရမယ်။ ကိုးရက်ကျော်ရင် ဆီလုံးလုံး မရှိတော့ပြီ” ဟု မန်နေဂျာ ဦးဝင်းကိုက ပြောသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

August 12, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရုရှားကို စစ်သားတစ်သိန်းစစ်ကူနိုင်တယ်လို့ မြောက်ကိုရီးယားဆို ယူကရိန်းကိုတိုက်ဖို့ ရုရှားကို မြောက်ကိုရီးယားကနေ စစ်သားတစ်သိန်း စေလွှတ်ပေးမယ်လို့ ကမ်းလှမ်းထားသလို မြောက်ကိုရီးယားရဲ့ စစ်ရေးအတွေ့အကြုံ ပြည်စုံတာကိုလည်း ရုရှားဘက်က ချီးကျူးတယ်လို့ ရုရှားနိုင်ငံပိုင်သတင်းစာကနေ သိရပါတယ်။ ယူကရိန်းရဲ့ ဖက်ဆစ်ဝါဒ ကို ဆန့်ကျင်တိုက်ဖျက်ဖို့ မြောက်ကိုရီးယားက တာဝန်ထမ်းဆောင်လိုတဲ့ ဆန္ဒရှိရင် ခွင့်ပြုသင့်ပါတယ်လို့လည်း ရုရှားစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ Korotchenko က ဆိုထားပါတယ်။ မြောက်ကိုရီးယားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထအင်အားအကြီးဆုံးစစ်တပ်ဖြစ်ပြီး တပ်ဖွဲ့ဝင်ပေါင်း ၁ ဒသမ ၃ သန်းနီးပါးရှိတယ်လို့ ဆိုကြပါတယ်။ Ref: WION ဒေါ်နယ်ထရမ့်၏ အိမ်ကို […]

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ

diz_admin

August 12, 2022

ထိုင်းနိုင်ငံ စူခိုထိုင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၉ ဦးကို ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လမ်းဖန်းခရိုင်မှတဆင့် မြန်မာအလုပ်သမားများကို ဗန်ကားဖြင့် တင်ဆောင်လာသည်ဟု သတင်းကြိုရထားသဖြင့် စူခိုထိုင်းခရိုင်ရှိ ပါငီဝူစစ်ဆေးရေဂိတ်အရောက်တွင် ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရန် အချက်ပြသော်လည်း အရှိန်ဖြင့်မောင်းပြေးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းနောက် အဆိုပါဗန်ကားသည် စရီးစာန်ခ်ျနားလိုင်းဒေသရှိ ဝတ်ဘန်းမိုင်ဘုန်းကြီးကျောင်း၏ အုတ်နံရံကို ဝင်တိုက်မိကြောင်း သတင်းများတွင် ဖော်ပြသည်။ ဘုန်းကြီကျောင်းအနီးတွင် လုပ်အားပေးလုပ်ကိုင်နေသူများမှ ကူညီရန်သွားသောအခါတွင် ကားပေါ်ပါသူ အများစုမှာ ထိုင်းစကား မပြောတတ်ဘဲ မြန်မာလူမျိုးများဖြစ်နေသည်ဟု သိရှိရပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၂၉ ဦးတွင် အမျိုးသား ၁၀ […]

ထားဝယ်မြို့က စီးပွားရေးလုပ်ငန်းရှင်အချို့ ခြိမ်းခြောက်ငွေညှစ်ခံရ

diz_admin

August 12, 2022

ထားဝယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ထံ အမည်မသိသူများက ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေညှစ်မှုများ ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှိအချို့ထံမှ သိရသည်။ စီးပွားရေးလုပ်ငန်းရှင်အချို့ထံ ဖုန်းဖြင့်ဆက်သွယ်လာပြီး ငွေကျပ်သိန်းဆယ်ချီတောင်းခံလေ့ရှိပြီး မပေးပါက နေအိမ် သို့မဟုတ် စီးပွားရေးလုပ်ငန်း အဆောက်အအုံအား ဗုံးထောင်ဖောက်ခွဲမည်ဟု ခြိမ်းခြောက်ကြောင်း ကိုယ်တိုင်ကြုံရသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ လူကိုယ်တိုင် ငွေလာယူရန် အဆင်မပြေသဖြင့် ဖုန်းနံပတ်တစ်ခုပို့ပေးပြီး ယင်းဖုန်းနံပတ်သို့ အွန်လိုင်းငွေလွှဲ ဝန်ဆောင်မှု Wave Pay၊ KBZ Pay တို့ဖြင့် ငွေလွှဲခိုင်းကြောင်း ၎င်းက ဆိုသည်။ ထားဝယ်မြို့ရှိ အခြားစီးပွားရေးသမားအချို့လည်း ယင်းကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခံနေရပြီး ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ ဟော်တယ်လုပ်ငန်းပိုင်ရှင် စသည့် အလတ်စား စီးပွားရေးလုပ်ငန်းပိုင်ရှင်များကို ပို၍ ပစ်မှတ်ထား ခြိမ်ခြောက်ငွေညှစ်လေ့ရှိကြောင်း အခြားစီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။ “ဒီလိုမျိုးဖြစ်နေတာ တစ်ယောက် နှစ်ယောက်‌တည်းတော့ […]

ပေါင်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်နေအိမ် ချိတ်ပိတ်ခံရ

diz_admin

August 12, 2022

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်၏ နေအိမ် ချိတ်ပိတ်ခံရကြောင်း ၎င်းနှင့်နီးစပ်သူတို့ထံမှ သိရသည်။ ပေါင်မြို့နယ်၊ ကော့ကံကျေးရွာရှိ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောဆန်းဝင်း၏ နေအိမ်ကို စစ်ကောင်စီက ဩဂုတ်လ ၉ ရက်နေ့တွင် လာရောက်ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ ဩဂုတ်လ ၇ရက်နေ့က ဦးစောဆန်းဝင်း၏ နေအိမ်တွင် မီးလန့်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ထဲ ဝင်ရောက် စစ်ဆေးခဲ့ရာ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် အတောင့် ၅၀ နှင့် စနိုက်ပါ မှန်ပြောင်းတစ်လက်ရရှိသည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားကြောင်း ၎င်းတို့က ပြောဆိုသည်။ ဦးစောဆန်းဝင်း၏ နေအိမ်တွင် လက်နက်အချို့တွေ့ရှိသည်ဆိုပြီးနောက် ဦးစောဆန်းဝင်းသည် PDF အဖွဲ့အစည်း များနှင့် ဆက်စပ်သည်ဟုဆိုပြီး နေအိမ်ကို […]

ပြင်သစ်နိုင်ငံတွင် ဧရာမ တောမီးကြီးလောင်ကျွမ်း၊ မီးသတ်အင်အား ၁၀၀၀ ဖြင့် ငြှိမ်းသတ်နေရ

diz_admin

August 11, 2022

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုးဒေသတွင် ဧရာမ တောမီးကြီး လောင်ကျွမ်းလျက်ရှိရာ မီးသတ်အင်အား တစ်ထောင်ကျော်ကို အသုံးပြုကာ ငြှိမ်းသတ်နေရကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါတောမီးသည် အလွန်ကြီးမားသောကြောင့် တောအုပ်နယ်မြေ ဧက တစ်သောင်းခုနှစ်ထောင်သုံးရာ ကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ “ဒီတောမီးက သတ္တဝါဆိုး ဘီလူးကြီးလိုပါပဲ” လို့ မီးသတ်ဌာန ကိုယ်စားလှယ် ဂရီဂိုရီအလီယိုနီ က ပြင်သစ်ရေဒီယိုကို ပြောကြားခဲ့သည်။ မီးသတ်တပ်ဖွဲ့က ကြိုးစားငြှိမ်းသတ်လျက်ရှိသော်လည်း လေတိုက်နူန်းမြင့်မားခြင်း၊ အပူချိန်မြင့်မားခြင်းတို့ကြောင့် မီးသတ်လုပ်ငန်းများ ခရီးမတွင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဩစတီးယား၊ ဂျာမနီ၊ ဂရိ၊ ပိုလန် နှင့် ရိုမေးနီးယား မီးသတ်များက လာရောက်ကူညီနေသည်ဟု ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန် က ပြောကြားသည်။ ဥရောပဒေသက တသားတည်း လာရောက်ကူညီသည်ဟု ဆိုသည်။ အပူချိန်မြင့်မားခြင်း၊ […]

ထားဝယ်တွင် စက်သုံးဆီပြတ်လပ်မှုစတင်၊ ယနေ့အကန့်အသတ်ဖြင့်ရောင်းချ

diz_admin

August 11, 2022

ထားဝယ်တွင် ဩဂုတ်လ ၁၀ ရက်မှ စတင်ကာ စက်သုံးဆီပြတ်လပ်မှုစတင်ဖြစ်ပေါ်နေပြီး ယနေ့တွင် အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူအချို့နှင့် ထားဝယ်ဒေသခံတို့ကပြောသည်။ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးနှင့် စက်သုံးဆီဆိုင်ကြီးအချို့မှ တာဝန်ရှိသူအချို့ကမူ သီလဝါဆိပ်ကမ်းမှ သယ်ယူသည့် ဆီတင်ကားများ ကြန့်ကြာနေသဖြင့် ဈေးကွက်တွင်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေ၍ အကန့်အသတ်ဖြင့် ‌ရောင်းချရခြင်းဖြစ်သည်ဟု ဆိုသည်။ စက်သုံးဆီတင်သွင်းနေသည့် သီလဝါဆိပ်ကမ်းမှာပင် လိုသလောက်ဝယ်ယူမရဖြစ်နေပြီး တန်းစီနေရသဖြင့် ဈေးကွက်တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ထားဝယ်မြို့ ကမျောကင်းလမ်းရှိ ဆီဆိုင်ကြီးတစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယနေ့တွင်ထားဝယ်မြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး ဆီကျပ်နှစ်ထောင်ဖိုးသာ သတ်မှတ်ရောင်းချပေးပြီး ကားတစ်စီးလျှင် ဆီ ကျပ်တစ်သောင်းဖိုးသာ ခွဲတမ်းဖြင့် သတ်မှတ်ရောင်းချပေးကြောင်း ၎င်းက ပြောသည်။ “မနေ့ကလိုမျိုး ဆီလုံးဝပြတ်သွားမှာစိုးလို့ ကျွန်တော်တို့က ခွဲတမ်းနဲ့ဆီကိုရောင်းချပေးနေတာ၊ အခု ကျွန်တော်တို့ ဆီတိုက်တဲ့ကားတွေဆိုရင်အပေါ်မှာ(သီလဝါမှာ) တစ်ပတ်ကျော်ပြီ ဆီကမရနိုင်ဘူး […]