သရက်ချောင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
August 9, 2022သရက်ချောင်းမြို့နယ် မော်ရှည်ကုန်းရပ်ကွက်နေသူ အမျိုးသားတစ်ဦး ယနေ့ (ဩဂုတ် ၉) မွန်းလွဲ ၁ နာရီခန့်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၆ နှစ်အရွယ် လားလား (ခေါ်) ဦးစိုးစိုးလေးမှာ ကဇိတံတားဦးကျေးရွာအနီးရှိ ၎င်း၏ ဥယျာဉ်ခြံတွင် အမည်မသိ သေနတ်သမားတစ်စုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သူက တောမုဆိုးဆိုတော့ တောပစ်သေနတ်လည်းရှိတယ်။ ဟိုအရင်တခါက စစ်သားတွေကို သူလမ်းပြလုပ်ပေးဖူးလို့ အသတ်ခံရတယ်လို့ ထင်တာပဲ” ဟု မော်ရှည်ကုန်းရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဦးလားလားမှာ အနေအေးပြီး ဖော်ရွေတတ်သူဖြစ်ကြောင်း ၎င်းက ပြောသည်။ ဦးလားလားကို ဇွန်လ ၂၄ ရက်ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့က လမ်းပြအဖြစ်ခေါ်ဆောင်ဖူးကြောင်း ဒေသခံအချို့က ပြောသည်။ “စစ်တပ်က လမ်းပြခေါ်ဆောင်တယ်။ သူက တောထဲမှာနေပြီး […]


