မြိတ်တွင် ရေတစ်ယူနစ် ၂၀၀၀ ကျပ်အထိ မြင့်တက်
diz_admin
March 15, 2022မြိတ်မြို့ပေါ် ရပ်ကွက်အများစုတွင် အိမ်သုံးရေ တစ်ယူနစ်လျှင် ကျပ် ၂၀၀၀ အထိ ဈေးမြှင့်တက်နေကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူတို့ထံမှ သိရသည်။ မြို့ပေါ်ရှိ အခြေခံလူတန်းစားအများစု နေထိုင်ကြသည့် မြိတ်တောင်နယ်မြေနှင့် မြိတ်တောင်ကျေးရွာအုပ်စု တို့ရှိ ရပ်ကွက်တို့တွင် မတ်လ ပထမပတ်မှစပြီး တစ်ယူနစ် ၂၀၀၀ ကျပ်အထိ ပေးဆောင်နေရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ ရေတစ်ယူနစ်လျှင် ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ်၊ ၁၇၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်အထိ တဖြေးဖြေး ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်နေသူအချို့က ပြောပြသည်။ “တစ်ယူနစ် နှစ်ထောင်ပေးရတာ ဆီဈေးတွေ တက်လာလို့တဲ့” ဟု ရာပြည့်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ရေမီတာခများ ဈေးတက်လာသဖြင့် […]


