တိုင်းအတွင်းသုံးနေသည့် ရသေ့ဆေး အသက်အန္တရာယ်ရှိကြောင်း ထိုင်းထုတ်ပြန်
diz_admin
March 24, 2022တနင်္သာရီတိုင်းအတွင်း အသုံးပြုနေကြသည့် ထိုင်းနိုင်ငံထုတ် ရသေ့ဆေးရည်တွင် အသက်အန္တရာယ် ဖြစ်စေသည့် စတီးရွိုက်ဆေးပြားများပါဝင်ကြောင်း ထိုင်းနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ယနေ့ထုတ်ပြန် လိုက်သည်။ အဆိုပါ ရသေ့ဆေးရည်တွင် ကျောက်ကပ်လျင်မြန်စွာပျက်စီးစေသည့် စတီးရွိုင်ဆေးပြားနှင့် ရောင်ရမ်းမူကို သက်သာစေသည့်ဆေးပြားများ၊ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံအသုံးပြုထားကြောင်း ထိုင်းနိုင်ငံ FDA က ထုတ်ပြန်ထားသည်။ ရသေ့ဆေးရည်သည် ခါးနာ၊ ဒူးနာ၊ အကြောရောဂါများကို ပျောက်ကင်းသည်ဟုဆိုကာ အွန်လိုင်းမှ တစ်ဆင့် တနင်္သာရီတိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေပြီး သုံးစွဲသူများလည်း ရှိနေသည်။ ထားဝယ်မြို့တွင် တစ်ဘူးလျှင် ၇၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ရောဂါပြင်းထန်းပါက တစ်နေ့ နှစ်ခွက် သောက်ရကြောင်း ထားဝယ်ခရိုင်တွင် ယင်းဆေးဘူးဖြန့်ဖြူး ရောင်းချနေသူအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို့က မှာတဲ့သူရှိရင် ထားဝယ်က ဒိုင်မှာသွားယူပြီး ပို့ပေးတယ်။ ပစ္စည်းများများယူရင်တော့ ဈေးလျှော့ပေးတယ်” ဟု […]


