ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် အရက်ရောင်းခွင့်လိုင်စင်အသစ် ချမပေးသေးဟုဆိုသော်လည်း ဆိုင်အသစ်များတိုးလာ

diz_admin

March 24, 2022

ထားဝယ်ခရိုင်အတွင်း အရက်ရောင်းချခွင့် လိုင်စင် (ယစ်မျိုးလိုင်စင်) အသစ်ချပေးထားခြင်းမရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကပြောဆိုသော်လည်း ဒေသခံအချို့ကမူ ခရိုင်အတွင်း အရက်အမျိုးအမျိုးကို လက်လီ၊ လက်ကား ရောင်းချနေသည့် ဆိုင်အသစ်များကို တွေ့လာကြောင်း ဆိုသည်။ အရက်လိုင်စင်အသစ် ချပေးခြင်းမရှိဘဲ အရင်လိုင်စင် အဟောင်းများကိုသာ သက်တမ်း တိုးပေးခြင်း ရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူအချို့ကမူ လိုင်စင် ရှိမရှိကို သေသေချာချာ မသိရသော်လည်း ချက်အရက်ဆိုင် (အရက်ဖြူဆိုင်) အပါအဝင် နိုင်ငံခြားအရက်အမျိုးမျိုးကို လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်များအသစ်တိုးလာသည်ကို တွေ့နေရကြောင်း ပြောဆိုကြသည်။ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကမူ “လိုင်စင်အသစ် ချပေးထားတာမရှိလို့ တရားဝင်တော့ ရောင်းလို့မရဘူး” ဟု ဆိုသည်။ ဖေဖော်ဝါရီလအတွင်းက အရက်ဆိုင်အသစ်ဖွင့် ရောင်းချနေသည့် ဆိုင်တစ်ဆိုင်အား လိုင်စင်ကိစ္စ‌သွားရောက် မေးမြန်းခဲ့သော်လည်း ဖြေကြားရန် အကြောင်းမရှိဟုသာ […]

ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ပုံမှန်ပြန်ပြေးဆွဲ

diz_admin

March 24, 2022

မုန်တိုင်းအန္တရာယ်ကြောင့် ခေတ္တရပ်နားခဲ့ရသည့် ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ ယနေ့ (မတ် ၂၄) ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသည်များထံမှ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်သုံးစီးနှင့် ကုန်တင်ရေယာဉ်များအား မုန်တိုင်း အန္တရာယ်ကြောင့် နှစ်ရက်အကြာ ရပ်နားခဲ့ရပြီးနောက် ယနေ့တွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြေင်း ၎င်းတို့က ပြောသည်။ “ဒီနေ့ကစပြီး သုံးစီးစလုံး ပြန်ထွက်နေပါပြီ။ သူ့အလှည့်နဲ့သူ ပြန်ထွက်နေပါပြီ” ဟု ဂန္ဓမာအမြန်ရေယာဉ်ပဲ့နှင်းက ပြောသည်။ လက်ရှိအချိန်တွင် ရွှေပင်ဂွင်းအမြန်ရေယာဉ်နှင့် ကြံတိုင်းအောင်အမြန်ရေယာဉ်နှစ်စီးပြေးဆွဲနေပြီး မနက်ဖြန်တွင် ဂန္ဓမာအမြန်ရေယာဉ်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အနီရောင်အဆင့်အဖြစ်ကြေညာထားသည့် အားကောင်းသည့်မုန်တိုင်းငယ်မှာ ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ မရောက်ခဲ့ဘဲ မတ်လ ၂၃ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းသို့ရောက်ရှိပြီးနောက် အားပျော့ပျယ် သွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ တနင်္သာရီကမ်းရိုးတမ်း […]

ရေဖြူ နဘုလယ်ဒေတွင် အမျိုးသားတစ်ဦး သတ်ခံရပြီး အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

diz_admin

March 24, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ရလိုင်ရွာက ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး အသတ်ခံရပြီး ပရဒတ်ရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၅၈ နှစ်အရွယ်ရှိ ဦးမြင့်သားဆိုသူကို မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ယင်းရွာက ဒေသခံတစ်ဦးက ပြောသည်။ ဦးခေါင်းတွင် ကျည်ထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။ ၎င်းသည် ကံပေါက်ဒေသဖက်ကဖြစ်ပြီး ရလိုင်ရွာတွင် လာရောက်အခြေချနေထိုင်သည်မှ ဆယ်နှစ် ဝန်းကျင်ရှိပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ ဆေးဆရာကို ပစ်သတ်ခဲ့ကြောင်း Dawei guerrilla revolutionary force (DGRF) အဖွဲ့နှင့် Launglone People Defense Force […]

ပြည်တွင်းလေယာဉ်ခရီး မှတ်ပုံတင်မူရင်းပြနိုင်မှ စီးခွင့်ရတော့မည်

diz_admin

March 23, 2022

လေယာဉ်ဖြင့် ပြည်တွင်းခရီးသွားလာလျှင် ဧပြီလ ၁ရက်နေ့မှစတင်ကာ နိုင်ငံသားကတ် (မှတ်ပုံတင်) မူရင်း ပြသနိုင်မှသာလျှင် စီးနင်းခွင့်ရတော့မည်ဖြစ်ကြောင်း လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်နှင့် အထက် မြန်မာနိုင်ငံသားခရီးသည်များသည် လေဆိပ်ကောင်တာနှင့် စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်မူရင်း ပြသနိုင်မှသာ စီးနင်းနိုင်တော့မည်ဖြစ်ကြောင်း Air KBZ လေကြောင်းလိုင်းက ယနေ့ (မတ် ၂၃) အသိပေးထားသည်။ မြန်မာအမျိုးသား လေကြောင်းလိုင်းကလည်း မြန်မာနိုင်ငံသား ခရီးသည်များသည် မှတ်ပုံတင် ပြသနိုင်မှသာ လေယာဉ်စီးနင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း ယနေ့ အသိပေးစာထုတ်ထားသည်။ ထောက်ခံစာ၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ မြန်မာနိုင်ငံကူးလက်မှတ် စသည်တို့ ပြသပြီး ပြည်တွင်းလေကြောင်းခရီးများကို သွား၍မရတော့ကြောင်းလည်း ယင်းလေကြောင်းလိုင်းက အသိပေးထားသည်။ ယင်ခင်က ပြည်တွင်းလေကြောင်း စီးနင်းရာတွင် မှတ်ပုံတင် မပါလျှင် […]

မြိတ်တွင် မတ်လအတွင်း ကိုဗစ်ဖြင့် ခုနစ်ဦး သေဆုံး

diz_admin

March 23, 2022

မြိတ်မြို့တွင် မတ်လအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ခုနစ်ဦး ရှိနေပြီဖြစ်ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန၏ မြို့နယ်အလိုက် Covid 19 ပိုးတွေ့၊ သေဆုံးလူနာ အခြေပြဇယားတွင် ဖော်ပြပြီး မြေပြင်တွင် ယင်းထက် ပိုများကြောင်း နာရေးကူညီမှုအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ ဇယားထုတ်ပြန်ချက်အရ မတ်လ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ သေဆုံးသူ ခုနစ်ဦးနှင့် ကိုဗစ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၃၂ ဦးတို့ ရှိကြောင်း ဖော်ပြထားသည်။ တိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်သည် မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်နိုင်တီးကုသဆောင်မှ စာရင်းများသာ ဖြစ်ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ပုဂ္ဂလိကဆေးရုံများနှင့် ရပ်ကွက်တို့အတွင်း ကိုဗစ်ဖြင့် သေဆုံးသူများလည်း ရှိနေပြီး စုစုပေါင်း ကို‌ဗစ်လူနာ ဆယ်ဦးခန့်ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ […]

ပုလောကုန်းရွာတွင် PDF နှင့် ပျူစောထီးတို့ အပြန်အလှန်ပစ်ခတ်

diz_admin

March 23, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ပုလောကုန်းကျေးရွာတွင် ပုလော PDF တပ်နှင့် ပျူစောထီးအဖွဲ့တို့ ယနေ့ (မတ် ၂၃) နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၉ နာရီခန့်ကစပြီး ပုလောကုန်းကျေးရွာက ပျူစောထီးများနှင့် ပုလော PDF တပ်တို့အကြား အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အထိအခိုက်ရှိတယ်လို့တော့ လောလောဆယ် မကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါကျေးရွာတွင် မတ်လ ၁၆ ရက်နေ့ကလည်း ပျူစောထီးအဖွဲ့အပါအဝင် စစ်ကောင်စီတပ်နှင့် ပုလော PRDF၊ PPDF၊ KNLA ပူးပေါင်းအဖွဲ့တို့အကြား ၃ နာရီအကြာ တိုက်ပွဲပြင်းထန်ခဲ့သေးသည်။ ပုလောကုန်းကျေးရွာတွင် ရွာသားအများစုက မြိတ်မြို့၊ ပုလောမြို့များနှင့် နီးစပ်ရာ ဆွေမျိုးများရှိသည့် ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး […]

ထားဝယ်-ရန်ကုန် လေကြောင်းလိုင်းသုံးခု အလှည့်ကျပြေးဆွဲ

diz_admin

March 23, 2022

ထားဝယ်-ရန်ကုန်ခရီးစဉ်ကို လေကြောင်းလိုင်းသုံးခု ပူးပေါင်းပြီး ယနေ့ (မတ် ၂၃) မှစတင်ကာ နေ့စဉ် အလှည့်ကျပြေးဆွဲနေကြောင်း အဆိုပါလေကြောင်းလိုင်းများထံမှ သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်းတို့ ပူးပေါင်းပြီး အလှည့်ကျ ပြေးဆွဲနေခြင်းဖြစ်သည်။ ရန်ကုန်-ထားဝယ်-ရန်ကုန် ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းလိုင်းက တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်၊ မန်းရတနာပုံက အင်္ဂါ‌၊ စနေ နှစ်ရက်၊ အဲသံလွင်က ကြာသပတေး၊ တနင်္ဂနွေ နှစ်ရက် ပြေးဆွဲပေးမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းများထံမှ သိရသည်။ ယင်းသို့ အလှည့်ကျ ပူးပေါင်းပြေးဆွဲမှုကြောင့် လေကြောင်းလိုင်းသုံးခုအနက် မည်သည့် လေကြောင်း၏ လက်မှတ်ဖြင့်ဖြစ်စေ ခရီးသည် သွားလိုသည့် နေ့ရက်တွင် ပြေးဆွဲသည့် လေကြောင်းလိုင်းကို စီးနိုင်မည် ဖြစ်ကြောင်း လေကြောင်းလိုင်းများထံမှ သိရသည်။ ဥပမာ ခရီးသည်သည် မြန်မာ့လေကြောင်း […]

လောင်းလုံး နာ‌ရေးကူညီမှုအသင်းပိုင်ပစ္စည်းများ အခိုးခံရ

diz_admin

March 22, 2022

လောင်းလုံးမြို့ နာရေးကူညီမှုအသင်းပိုင်ပစ္စည်းများ အခိုးခံလိုက်ရကြောင်း ယင်းနာရေးကူညီမှု အသင်းထံမှ သိရသည်။ အခိုးခံလိုက်ရသော ပစ္စည်းများမှာ မီးထိန်းစက်နှစ်လုံး၊ မီးကြိုးခွေအချို့၊ အလောင်းထည့်ရေခဲသေတ္တာ မီးပလပ်ခုံ၊ ကားဘတ်ထရီတစ်လုံး၊ သံတိုင် ငါးချောင်း စုစုပေါင်းကာလတန်ဖိုး ငွေကျပ် နှစ်သိန်း ဝန်းကျင် ရှိကြောင်း ယင်းအသင်းမှ တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာတော့ နာရေးပစ္စည်းတွေ အခိုးခံရတယ်လို့ တစ်ခါမှ မကြုံဖူးဘူး” ဟု ၎င်းက ဆိုသည်။ ယနေ့ (မတ် ၂၂) နံနက် ၉ နာရီခွဲ မြို့အတွင်းက နာရေးတစ်ခုကို ကူညီရန်ရှိ၍ အသင်းသားများ ပစ္စည်း သွားယူစဉ် ပစ္စည်းများ ပျောက်ဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့်နာရေးတစ်ခုကို ကူညီအပြီး ရက် ၂၀ ခန့်အကြာတွင် […]