BREAKING
November 19, 2025

သတင်း

ရက်ပ်အဆိုတော် စနူပ်ဒေါ့ဂ် ဆွမ်ဆီးအသင်းရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာ

Dawei Watch

July 18, 2025

နာမည်ကျော် ရက်ပ်အဆိုတော် စနူပ်ဒေါ့ဂ်ဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးစီးတီးအသင်းရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူပြီး အသင်းရဲ့ ပူးတွဲပိုင်ရှင်နဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လိုက်ပြီလို့ BBC က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဆွမ်ဆီးအသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံကို မိတ်ဆက်ခဲ့ပြီး အဲ့ဒီလို မိတ်ဆက်မှုမှာ စနူပ် ဒေါ့ဂ် ကို မော်ဒယ်လ်အဖြစ် မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရပါတယ်။ အခုတော့ အသက် ၅၃ နှစ်အရွယ် အမေရိကန်ကြယ်ပွင့် စနူပ် ဒေါ့ဂ် ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားဂန္ထဝင်ကစားသမား မိုဒရစ်ရဲ့လမ်းစဉ်နောက်ကို လိုက်ပါပြီး ကလပ်ရဲ့ ပိုင်ရှင်အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီလို့ ဆွမ်ဆီးအသင်းက တရားဝင်ကြေညာချက်ထုတ်ပြန်ထားပြီလည်းဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက မိုဒရစ်ဟာ ကလပ်ရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။ အေစီမီလန်နဲ့ […]

စစ်ကောင်စီတပ်သားများအနီး မနေကြရန် ပြည်သူများကို KNU သတိပေး

Dawei Watch

July 18, 2025

စစ်ကောင်စီတပ်စခန်း၊ ဂိတ်နှင့် စခန်းချထားသည့် နေရာအနီး မနေကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) အထူးတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်က သတိပေးချက်ထုတ်ပြန်လိုက်သည်။ စစ်ရေးအရှိန်မြှင့်တင်ရန်ရှိနေသည့်အတွက် စစ်ကောင်စီတပ်စခန်း၊ ဂိတ်နှင့် စခန်းချတပ်စွဲထားသည့် နေရာအနီးတွင် မနေကြရန်နှင့် နီးကပ်နေပါက နေရာရွှေ့ပြောင်း နေထိုင်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် နေရာရွေ့မပြောင်းရွေ့ဘဲ နေထိုင်သူများ ထိခိုက်မှုရှိလာပါက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ ယင်းအပြင် စစ်ကောင်စီကို ပံ့ပိုးကူညီခြင်း၊ သတင်းပေးခြင်း၊ ရိက္ခာထောက်ပံ့ခြင်းစသည့် ကူညီမှုများ မပြုလုပ်ရန် အထူးတားမြစ်ကြောင်းလည်း ဖော်ပြထားသည်။ အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သဖြင့် စစ်ကောင်စီတပ်စခန်းချရာ နေရာများနှင့် နီးနီးကပ်ကပ် မနေကြရန်နှင့် ဗုံးခိုကျင်းများတူးထားကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ယူကရိန်းသမိုင်းတွင် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ပေါ်ပေါက်

Dawei Watch

July 18, 2025

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်းစကီး၏ အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှုတွင် ယူလီယာဆီပရင်ဒင်မှာ ယူကရိန်းသမိုင်းတစ်လျှောက် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည်။ ယင်းမှာ ၁၅ နှစ်ကျော်ကာလအတွင်း ယူကရိန်းတွင် အမျိုးသမီးဝန်ကြီးချုပ်တစ်ဦး ပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။ အသက် ၃၉ နှစ်အရွယ် ယူလီယာဆီပရင်ဒင်ကိုသည် ယခင်အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ယင်းရာထူးတာဝန်များကြောင့် သူမသည် သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရနှင့် အနီးကပ် ထိတွေ့ဆက်ဆံခဲ့ရသည်။ ယခင်ဝန်ကြီးချုပ် ဒန်းနစ်ရှမီဟားသည် ၂၀၂၀ ခုနှစ်ကတည်းက ဝန်ကြီးချုပ်တာဝန်ယူလာခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာနကို တာဝန်ယူဦးစီးသွားမည် ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများဖြင့် လုံးပန်းနေရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ ယူလီယာဆီပရင်ဒင်ကိုအား ဝန်ကြီးချုပ်သစ်အဖြစ် ကြာသပတေးနေ့က ယူကရိန်းလွှတ်တော်တွင် အတည်ပြုခဲ့သည်။ ယူလီယာဆူပရင်ဒင်ကိုသည် […]

ကလေးမီးဖွားခွင့် ရက် ၁၂၀ အထိ ခံစားခွင့်ပြုရန် ထိုင်းအောက်လွှတ်တော် အတည်ပြု

Dawei Watch

July 18, 2025

ထိုင်းနိုင်ငံတွင် ကလေးမီးဖွားခွင့်အတွက် အမျိုးသမီးအလုပ်သမားများကို ခွင့် ၁၂၀ ရက်အထိ ခံစားခွင့်ပြုမည့် ဥပဒေမူကြမ်းတစ်ရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထို့အပြင် ကလေးထိန်းရန် ဖခင်ဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက် အမျိုးသားကိုလည်း ခွင့်ရက် ၁၅ ရက် ခံစားခွင့်ပြုရန် အတည်ပြုထားသည်။ ကလေးမီးဖွားခွင့်ရက်များ တိုးမြှင့်သတ်မှတ်ရေးအပါအဝင် အလုပ်သမား ဥပဒေမူကြမ်းကို ဇူလိုင်လ ၁၆ ရက်နေ့က အောက်လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် ထောက်ခံမဲ ၄၁၆ မဲဖြင့် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။ မီးဖွားခွင့်ရက်ကို မိခင်များက ယခင်က ခွင့်ရက် ၉၈ ရက်ခံစားခွင့်ရရှိနေပြီး ယခုအတည်ပြုလိုက်သော ဥပဒေအသစ်အရ ခွင့်ရက်ကို ၁၂၀ ရက်အထိ ခံစားခွင့် ရရှိလာမည်ဖြစ်သည်။ ထို့အပြင် ယောက်ျားဖြစ်သူ သို့မဟုတ် အိမ်ထောင်ဖက်များအနေဖြင့်လည်း ၎င်းတို့၏ […]

ရေပေါ်ထောင်တည်ဆောက်ထားပြီဆိုတာ မဟုတ်ဘူးလို့ စင်ကာပူ အကျဉ်းဦးစီးဌာနပြော

Dawei Watch

July 18, 2025

စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) က စင်ကာပူနိုင်ငံအနေနဲ့ ကမ္ဘာ့ပထမဆုံး ရေပေါ်ထောင်ကို စတင်ဖွင့်လှစ်လိုက်နိုင်ပြီဆိုတဲ့ အွန်လိုင်းသတင်းတွေက သတင်းမှားတွေလို့ စင်ကာပူ အကျဉ်းဦးစီးဌာန (SPS)ကို အတည်ပြုပြီး The Straits Time သတင်းဌာနက ဖော်ပြပါတယ်။ ဒီလို ကောလာဟလတွေဟာ လူမှုကွန်ရက် မီဒီယာတွေထက်မှာ ရက်ပေါင်းများစွာ ပျံ့နှံ့လာပြီးတဲ့နောက် စင်ကာပူ အကျဉ်းဦးစီးဌာန (SPS) က အခုလိုဖြေရှင်းလိုက်တာဖြစ်ပါတယ်။ ကောလာဟလ Post တွေထဲမှာ စင်ကာပူကမ်းရိုးတန်းကနေ မီတာ ၅၀၀ အကွာ ပင်လယ်ပြင်ထဲမှာရှိတဲ့ အဆောက်အအုံတစ်ခုကို ရေပေါ်အကျဉ်းထောင်အဖြစ် အသေးစိတ် ရေးသားဖော်ပြထားပြီး နိုင်ငံရဲ့ လူဦးရေထူထပ်မှုနဲ့ မြေနေရာအခက်အခဲတွေကို ဖြေရှင်းပေးနိုင်စေဖို့အတွက် စင်ကာပူအစိုးရက အခုလို စီမံလိုက်တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့က အင်စတာဂရမ် လူမှုကွန်ရက်မှာ […]

ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲများကို ဝေဖန်ခြင်းမပြုရန် အမေရိကန်သံတမန်အားလုံးကို တားမြစ်

Dawei Watch

July 18, 2025

နိုင်ငံခြားတိုင်းပြည်များမှ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ တရားမျှတမှုရှိမရှိ ၊ ဂုဏ်သိက္ခာရှိမရှိ မှတ်ချက်ပေးပြောဆိုခြင်းမပြုရန် ကမ္ဘာအနှံ့ရှိ အမေရိကန်သံတမန်များအားလုံးကို အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက တားမြစ်လိုက်သည်။ ယင်းသို့ တားမြစ်သည့် အမိန့်စာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကမ္ဘာအနှံ့မှ အမေရိကန်သံရုံးများနှင့် ဌာနများထံ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးပို့လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းမှာ ပြည်ပတိုင်းပြည်များတွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ထွန်းရေးကို အားပေးထောက်ခံလေ့ရှိသည့် အမေရိကန်အစိုးရ၏ အစဉ်အလာ ချဉ်းကပ်မှုမှ သိသာထင်ရှားစွာ သွေဖည်သွားခြင်း ဖြစ်ကြောင်း ရိုက်တာက ဖော်ပြသည်။ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားနှင့် ဆက်စပ်မှုမရှိလျှင် ပြည်ပရွေးကောက်ပွဲများနှင့် ပတ်သက်၍ ပြောဆိုချက်များ မပြုလုပ်ရန် ၊ လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ရေးသားချက်များ မပြုလုပ်ရန် အဆိုပါ အမိန့်စာတွင် တားမြစ်ထားသည်။ “နိုင်ငံခြားရွေးကောက်ပွဲတစ်ခုနဲ့ […]

ထားဝယ် အာယုဒါနအဖွဲ့တွင် စက်ပျက်၍ အောက်ဆီဂျင်ထုတ်လုပ်မှု ယာယီရပ်နား

Dawei Watch

July 18, 2025

ထားဝယ်မြို့ရှိ အာယုဒါနအရေးပေါ် အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့တွင် အာဆီဂျင်ထုတ်လုပ်ပေးသည့် စက်တစ်လုံးမှာ ချွတ်ယွင်းသွားသည့်အတွက် အောက်ဆီဂျင်ထုတ်လုပ်မှု ယာယီရပ်နားရမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ ထားဝယ်ခရိုင်အတွင်းရှိ လူနာများအတွက် အောက်ဆီဂျင် နေ့စဉ်ထုတ်လုပ်ပေးနေသည့် စက်တစ်လုံးမှာ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ချွတ်ယွင်းသွားသည်ဟု ယင်းအဖွဲ့ကဆိုသည်။ ရန်ကုန်မြို့သို့သွားရောက်၍ စက်အပိုပစ္စည်းများ ဝယ်ပြီးပြင်ဆင်ရမည်ဖြစ်၍ ထားဝယ်ခရိုင်အတွင်း အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးမှုကို ဇူလိုင်လ ၁၈ ရက်နေ့ မှ ၂၃ ရက်နေ့အထိ ရပ်နားထားရမည်ဖြစ်ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့- ထားဝယ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “အခုက နေ့စဉ် အောင်ဆီဂျင်ထုတ်ပေး နေတဲ့ စက်ကြီးပျက်သွားတာ ဒီနေ့မနက်ပဲ ရန်ကုန်မြို့ကို ပစ္စည်းဝယ်ဖို့ လူလွတ်လိုက်ပြီ” ဟု အထက်ပါအဖွဲ့တာဝန်ရှိသူကပြောသည်။ အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့-ထားဝယ် ၏ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံတွင် ယခင်ကစက်နှစ်လုံးဖြင့် […]

ယူကေတစ်နိုင်ငံလုံးတွင် အသက် ၁၆ နှစ်မှစ၍ မဲပေးခွင့်ပြု

Dawei Watch

July 18, 2025

ယူကေအစိုးရ၏ မဲပေးပိုင်ခွင့် အသက်အရွယ်လျှော့ချမည့် အစီအစဉ်အရ နိုင်ငံအနှံ့ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၆ နှစ်နှင့် အသက် ၁၇ နှစ် လူငယ်များပါ မဲပေးခွင့်ရှိလာတော့မည် ဖြစ်သည်။ ယင်းမှာ ယူကေအစိုးရ၏ ရွေးကောက်ပွဲဥပဒေမူကြမ်းသစ်နှင့်အတူ စတင်မိတ်ဆက်ခဲ့သည့် အပြောင်းအလဲများစွာထဲမှ တစ်ခု ဖြစ်သည်။ ယင်းအပြောင်းအလဲများစွာထဲတွင် မဲဆန္ဒရှင်မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြရာ၌ ယူကေဘဏ်ကတ်များကို အသုံးပြုခွင့်၊ မဲဆန္ဒရှင်အဖြစ် စက်ဖြင့် အလိုအလျောက် မှတ်ပုံတင်သည့်စနစ်၊ ရွေးကောက်ပွဲတွင် ပြည်ပကြားဝင်စွက်ဖက်မှုမှ ကာကွယ်ရန် နိုင်ငံရေးအရ ငွေကြေးထောက်ပံ့လှူဒါန်းများအပေါ် စည်းကမ်းပိုမိုတင်းကျပ်လာခြင်းတို့လည်း ပါဝင်သည်။ စကော့တလန်နှင့် ဝေးလ်ပြည်နယ်မှ ဒေသန္တရကောင်စီရွေးကောက်ပွဲများ၊ ဝေးလ်လွှတ်တော်နှင့် စကော့တလန်လွှတ်တော် ရွေးကောက်ပွဲများတွင် အသက် ၁၆ နှစ်အရွယ် လူငယ်များကို ယခင်ကတည်းက မဲပေးခွင့်ပြုထားခဲ့ပြီး ဖြစ်သည်။ ယူကေလွှတ်တော်ရွေးကောက်ပွဲ၊ အင်္ဂလန်နှင့် မြောက်အိုင်ယာလန်မှ ဒေသန္တရရွေးကောက်ပွဲများတွင်မူ […]