တနင်္သာရီ သိန်ခွန်းရွာရှေ့တန်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံ
Dawei Watch
July 21, 2025ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာ စစ်ကောင်စီတပ်ရှေ့တန်းက တပ်သားနှစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၂၀ ရက်နေ့က သိန်ခွန်းရွာရှေ့တန်းတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-1သေနတ် နှစ်လက်၊ကျည် ၁၇၀ တောင့်နှင့်အတူ KNLAတပ်ရင်း ၁၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း အဆိုပါတပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့နှစ်ဦးက ထိုင်းနိုင်ငံက မိဘတွေရှိရာ နေအိမ်ကိုပြန်ချိန် အပြန်လမ်းမှာဖမ်းဆီးခံရပြီး စစ်မှုထမ်းထဲ ပါလာတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ဘက်ပြောင်းခိုလှုံလာသည့် အသက် ၂၈ နှစ်အရွယ် စစ်ကောင်စီတပ်သားမှာ ထားဝယ်အခြေစိုက် ခလရ ၂၆၇ တပ်ရင်း (ပင်လယ်ပြင် စိုးမိုးရေးတပ်)ကဖြစ်ပြီး နောက်တစ်ဦးမှာ အသက် ၂၉ နှစ်အရွယ်ရှိ ခလရ ၂၈၀ တပ်ရင်းမှ တပ်သားဖြစ်ကြောင်း KNLAတပ်ရင်း […]


