ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းသို့ မြန်မာအလုပ်သမား ၁၅၀ကျော် တရားဝင်ထပ်ပို့

diz_admin

May 19, 2022

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများကို ယခုလအတွင်း တရားဝင် စတင်ပို့ဆောင်နေပြီး ယနေ့ (မေ ၁၉) တွင် တတိယသုတ်အဖြစ် ၁၅၁ ဦး ရောက်ရှိလာကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။ အလုပ်သမားခေါ်ယူမှုကို ၂နှစ်ကျော်ကြာ ရပ်ဆိုင်ထားပြီးနောက် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ ပြန်လည်ခေါ်ယူနေရာ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် မေလ ၁၀ ရက်နေ့တွင် ပြန်လည် ပို့ဆောင်နေခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများကို မေလ ၁၀ ရက်၊ မေလ ၁၁ ရက်၊ မေလ ၁၉ ရက်နေ့တို့တွင် ပို့ဆောင်ခဲ့ပြီး စုစုပေါင်း ၇၃၉ ဦး ရှိပြီဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ယနေ့ မဲဆောက်နယ်စပ်စခန်းသို့ ရောက်ရှိလာသူ ၁၅၁ ဦးမှာ JMK services ပြည်ပအလုပ်ကိုင်ရှာဖွေရေး […]

မြေး မမွေးပေးသဖြင့် အိန္ဒိယပင်စင်စားစုံတွဲက သားနဲ့ချွေးမကို တရားစွဲ

diz_admin

May 19, 2022

တစ်နှစ်အတွင်း မြေး မမွေးပေးပါက ၎င်းတို့ကို ရူပီးသန်းငါးဆယ် (အမေရိကန်ဒေါ်လာ၆ဒသမ၇၅သန်း) လျော်ကြေးပေးရန် ပင်စင်စားအိန္ဒိယစုံတွဲက သားနှင့်ချွေးမ ကို တရားစွဲလိုက်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အသက် (၆၁) နှစ်အရွယ် အစိုးရဝန်ထမ်းအငြိမ်းစား မစ္စတာ ဆန်ဂျစ်ရန်ဂျန်ပရာဆပ် နှင့် ဇနီးဖြစ်သူ ဆာဒါနာပရာဆပ် တို့က အဆိုပါကိစ္စသည် ၎င်းတို့၏ ခံစားချက်ဖြစ်ပြီးတော့ မစောင့်နိုင်တော့ဘူးဟု ပြောကြသည်။ လေယာဉ်မောင်းတစ်ဦးဖြစ်သော ၎င်းတို့၏ သားဖြစ်သူသည် လွန်ခဲ့သည့် (၆)နှစ်က လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ “မြေးယောင်္ကျားလေး ဒါမှမဟုတ် မြေးမလေး တစ်ယောက်လောက် တစ်နှစ်အတွင်း လိုချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် လျော်ကြေးလိုချင်ပါတယ်။ ကျွန်တော့် တစ်သက်လုံးဝင်ငွေတွေကို သားရဲ့ ပညာရေးမှာ သုံးခဲ့ရတာပါ” ဟု ပရာဆပ် က သတင်းထောက်များကို ပြောကြားခဲ့သည်။ ပရာဆပ်သည် သားဖြစ်သူကို […]

ထိုင်းတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများကို ဖမ်းဆီးမှု များလာ

diz_admin

May 18, 2022

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အထောက်ထားမဲ့ မြန်မာအလုပ်သမားများကို မေလအတွင်း ဖမ်းဆီးမှု ဆက်တိုက်ရှိလာကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သူများနှင့် မြန်မာအလုပ်သမားများထံမှ သိရသည်။ ထိုင်းရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးဖမ်းဆီးမှု ဆက်တိုက်ရှိလာကြောင်း ထိုင်းရောက် မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်နေသည့် အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား အများစုနေထိုင်ရာ စမုစခွန်ခရိုင် မဟာချိုင်နယ်တစ်ဝိုက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက ရှောင်တခင်စစ်ဆေးခြင်း၊ တိုက်ခန်းအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ ဆက်တိုက်ရှိလာ ကြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သူများနှင့် မြန်မာအလုပ်သမားများထံမှ သိရသည်။ ဖမ်းဆီးခံရလျှင် ရဲစခန်းတွင် စစ်ဆေးခံရပြီး ဘတ်ငွေ တစ်သောင်းမှ သုံးသောင်းအထိ ထိုင်းရဲက တောင်းခံကြောင်း ၎င်းတို့ထံမှ သိရသည်။ ထိုင်းရဲတပ်ဖွဲ့ဝင်အများစုမှာ အရပ်ဝတ်ဖြင့် မြန်မာအလုပ်သမားများရှိရာ အဆောင်အခန်းအထိ ဝင်ရောက် စစ်ဆေးနေကြပြီး […]

ဆင်ဖြူတိုင် ရပ်ကျေးစာရေး လောင်းလုံးတွင် ပစ်သတ်ခံရ

diz_admin

May 18, 2022

လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာနှင့် တောင်မင်းပြောင်ရွာကြားတွင် မေ ၁၇ ညနေ သုံးနာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆင်ဖြူတိုင်ကျေးရွာ ရပ်ကျေး စာရေးဖြစ်သူ ဦးဝေစိုးဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးဝေစိုးသည် ဇနီးဖြစ်သူနှင့် ဆိုင်ကယ်အတူစီးလာစဉ် ယင်းကျေးရွာ နှစ်ရွာကြားတွင် ဆိုင်စီးလူနှစ်ယောက် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့ ဆိုသည်။ “ရွာနဲ့ဝေးတယ်။ တံတားနားမှာဆိုတော့ သေနတ်သံက မကြားဘူး။ သူဇနီး ထွက်ပြေးလာပြီး ရွာထိပ်မှာ (ရွာသားတွေကို လာအကူအညီတောင်း) လာခေါ်တော့မှ သိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးဝေစိုးသည် စစ်ကောင်စီအား သတင်းပေးဖြစ်ပြီး CDM ဝန်ထမ်များအား ခြိမ်းခြောက်ဖိနှိပ်သည်ဟု […]

တနင်္သာရီ ဘန်းပြည့်ရွာတွင် တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေး

diz_admin

May 18, 2022

တနင်္သာရီမြို့နယ်၊ ဘန်းပြည့်ကျေးရွာတွင် ယနေ့ (မေ ၁၈) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် သိန္ဒောရွာဖက်ကမ်းမှ စစ်ကောင်စီတပ်သားများ လှေဖြင့် ကူးလာပြီး နောက် ဘန်းပြည့်ရွာသို့အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သတင်းကြားရကြောင်း ဘန်းပြည့်ရွာသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး ယင်းသို့ရှောင်တိမ်းစဉ် ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၇နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာသွားပြီး ၎င်းတို့ဆုတ်ခွာရာဖက်သို့ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ […]

ရုရှား၏ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များ ဖင်လန်နယ်စပ်သို့ ရွှေ့နေသည့် သတင်းထွက်ပေါ်

diz_admin

May 18, 2022

Iskander ဒုံးကျည်ကြီးများ တင်ဆောင်လာသော ကား (၇)စီးအပါအဝင် ရုရှားစစ်ယာဉ်တန်းများ သွားလာနေသော ဗီဒီယိုကို Reuters သတင်းတစ်ရပ်က ထုတ်ပြန်ခဲ့ပြီး ဖင်လန်နယ်စပ်ဘက်သို့ နျူကလီးယား ဒုံးကျည်များ ရွှေ့နေကြောင်း ဖော်ပြထားသည်။ ဖင်လန်သည် NATO သို့ ဝင်ရောက်ရန်အတွက် ဆောင်ရွက်နေပြီး ရုရှားက အဆိုပါ ကိစ္စရပ်အပေါ် သတိပေး ခြိမ်းခြောက်မှုများ မြှင့်တင်ထားသည်။ ဖင်လန်သမ္မတက NATO သို့ ပူးပေါင်းရေး အမြန်ဆုံး ဆောင်ရွက်မည်ဟု ပြောကြားထားပြီးနောက် ဖင်လန်နယ်စပ် ရုရှားမြို့ ဗီဘော့ သို့ ဒုံးကျည်များ ရွှေ့နေခြင်းဖြစ်ကြောင်း မည်သူမှန်းမသိရသည့် အဆိုပါ ဗီဒီယို ရိုက်ကူးသူက ဗီဒီယိုထဲတွင် ပြောကြားခဲ့သည်။ “ဗီဘော့မြို့မှာ တပ်ချတော့မယ် ထင်တယ်” လို့ အဆိုပါ ဗီဒီယိုကို ရိုက်ကူးနေသူက ပြောကြားသည်။ ရုရှားသည် တာတိုပစ် ဒုံးကျည်များကို အသုံးပြုလေ့ရှိပြီး ၎င်းတို့တွင် နျူကလီးယားထိပ်ဖူး တပ်ဆင်ကာ ပစ်နိုင်ပေသည်။ […]

စွန်ရဲအဖွဲ့စီးလာ‌သောကားကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

diz_admin

May 17, 2022

ပန်းဒလဲရွာအခြေစိုက် စွန်ရဲအမည်ခံ ပျူစောထီးများ စီးလာသောကားကို ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။ လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာနှင့် လောင်းလုံးမြို့ကြားလမ်းပိုင်း‌တစ်နေရာတွင် ယနေ့ (မေ ၁၇) နေ့လယ် ၁ နာရီ ခွဲခန့်က ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး စွန်ရဲအဖွဲ့မှ တစ်ဦးကျဉ်ထိမှန်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေနတ်ပစ်ခတ်သံများမှာ သဗျာကျေးရွာထိပ်မှစတင် ထွက်ပေါ်လာပြီး ကားပေါ်မှ ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စပစ်တဲ့အချိန် ကျွန်တော်ကြားတာ အချက်သုံးဆယ်လောက်ရှိတယ်” ဟု ယင်းအမျိုးသားက ပြောသည်။ အဆိုပါပျူစောထီးများ စီးလားသောကားကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် Dawei Defense Team-DDT တပ်ခွဲ (၃) (ပကဖ-ထားဝယ်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ စွန်ရဲအဖွဲ့မှာ လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာ‌အခြေစိုက် ပျူစောထီးအဖွဲ့ဖြစ်ပြီး […]

တောက်ပျောက်တိုက်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်

diz_admin

May 17, 2022

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု ပိုမိုမြင့်တက် လာကြောင်း တိုက်နယ်အတွင်း ဆေးဝါးကုသမှုပေးနေသည့် အဖြူရောင်မေတ္တာ ဆေးဝါးအထောက်အကူပြု အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တောင်ပျောက်တိုက်နယ်တွင် ကျေးရွာဆယ်ရွာရှိသည့်အနက် ဝမ်းကဖော်၊ ရေဗျတ်၊ မယ်ကဲ၊ ကျွဲခြံ၊ အလယ်စု၊ ကျောက်အိုင် စသည့်ကျေးရွာရှိ ဒေသခံများ နေမကောင်းဖြစ်၍ စစ်ဆေးကြည့်ရာ လူတစ်ရာတွင် ခုနစ်ဆယ်ဦးခန့်မှာ ငှက်ဖျားပိုးရှိနေသည်ကို တွေ့ရကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ “ဆေးဝါးက မလုံလောက်၊ ရှိတဲ့ဆေးနဲ့ ကုပေးနေရတာဆိုတော့ (ငှက်ဖျား) ဖြစ်ပြီးတဲ့ သူတွေလည်း ပြန်ပြန်ဖြစ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။ မတ်၊ ဧပြီလကတည်းက တောင်ပျောက်တိုက်နယ်အတွင်း ငှက်ဖျားပိုးတွေ့သူ ဆယ်ဂဏန်းခန့်ရှိရာမှ ယခုမိုးဦးကျစအချိန်ဖြစ်သည့် မေလလယ်တွင် ရာဂဏန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုက်နယ်အပြင်ထွက်ပြီး […]