ကျိုက်ထီးရိုးတွင် ပစ်ခတ်မှုဖြစ်ပြီး ဘုရားဖူး သုံးဦးသေ၊ ၁၃ဦး ဒဏ်ရာရ
diz_admin
October 12, 2022မွန်ပြည်နယ် ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးတွင် ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရာဖူး သုံးဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို အမည်မသိသေနတ်သမားတို့က လာရောက်ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် စစ်ကောင်စီတပ်နှင့် သေနတ်သမားတို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း ဘုရားဖူး အမျိုးသမီး သုံးဦးသေဆုံးပြီး ဘုရားဖူးပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင်လည်း ထိခိုက်ဒဏ်ရာရရှိမှုရှိ ကြောင်း ဒေသခံအချို့က ပြောသည်။ “တောင်တက်ကားဂိတ်နေရာမှာ ပစ်ခတ်မှုဖြစ်ပွားကြတော့ ဘုရားဖူးတွေ ထိသွားတာ။ ဘုရားဖူး […]


