ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ဆံပင်တစ်ကျပ်သား ကျပ်တစ်သောင်းအထိ ဈေးပေးဝယ်

diz_admin

October 10, 2022

မြိတ်မြို့ရှိ ဆံပင်ရောင်းဝယ်ရေးဈေးကွက်တွင် ဆံပင်တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းအထိ ဈေးပေးဝယ်နေကြောင်း ဆံပင်ရောင်းဝယ်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်းက ဆံပင်တစ်ကျပ်သားလျှင် ငါးထောင်မှ ခြောက်ထောင်ကျပ်အထိသာ ဈေးပေးဝယ်ခဲ့ပြီး ယခုနှစ်အတွင်းတွင် ဈေးတက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆံပင်က နိုင်ငံခြားပို့တာဆိုတော့ ဒေါ်လာဈေး အတက် အကျနဲ့တွက်ပြီး ဝယ်ရတာ။ ဒေါ်လာဈေးတက်တော့ ဝယ်တဲ့ ဈေးလည်းတက်တဲ့ သဘောပါ” ဟု မြို့သစ်ရပ်နေ ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ် မတ်လအတွင်းမှစပြီး ‌အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ဈေးတက်လာပြီး ယခုနှစ် ဩဂုတ်၊ စက်တင်ဘာလတို့တွင် အမြင့်ဆုံး စံချိန်တင်ခဲ့သည်။   ငွေလဲနှုန်း စတင်မြင့်တက်ချိန်မှစပြီး ဆံပင်ကို ဈေးနှုန်း တဖြေးဖြေးတိုးပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်သူကအချို့က ပြောသည်။ “ဒေါ်လာဈေး သုံးထောင်ကျော်ဖြစ်တုန်းက တစ်သောင်းအထိ ပေးဝယ်‌နေတာ။ နှစ်လ‌လောက်ရှိပြီပေါ့။ ဒေါ်လာဈေး […]

ကော့သောင်းမှ ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၅ ဦးဖမ်းဆီးခံရ

diz_admin

October 10, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦးကို ယနေ့ (အောက်တိုဘာ ၁၀) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းအထူးခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် အမိုးပိတ်ကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသည်ဟု သတင်းရရှိကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ဖန်ငခရိုင် ခူရာဘူရီဒေသသို့ ဦးတည်သွားနေသော အဆိုပါပစ်ကပ်ကားကို ထိုင်းတပ်မတော်နှင့် တာဝန်ရှိသူများက လမ်းပိုင်း တစ်နေရာတွင် တာဆီးစစ်ဆေးရာတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၆ ဦးနှင့် ထိုင်းနိုင်ငံသား အသက် ၄၄ နှစ်အရွယ် ကားသမားတစ်ဦးတို့ကိုပါ ဖမ်းဆီးရမိကြောင်း […]

ထိုင်းအမျိုးသမီးကိုသတ်ပြီး ရွှေငွေခိုးသွားသည်ဟုဆိုကာ မြန်မာလုပ်သားတစ်ဦး အဖမ်းခံရ

diz_admin

October 10, 2022

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အသက်ကြီးပိုင်းထိုင်းအမျိုးသမီးတစ်ဦးကို သတ်ကာ ရွှေနှင့်ငွေများ ယူဆောင်ထွက်ပြေး သွားသည်ဟု သံသယရှိသူ မြန်မာအလုပ်သမားတစ်ဦးကို ဖမ်းမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်တွင် ပြောကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြသည်။ ချွန်ဘူရီခရိုင် မောင်ဒေသ နောင်ရီရွာတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၆ နာရီခွဲခန့်၌ အသက် ၅၇ နှစ်အရွယ် ကုန်စုံဆိုင်ပိုင်ရှင် ထိုင်းအမျိုးသမီးသည် ဦးခေါင်းရိုက်နှက်ခံရသည့်ဒဏ်ရာ၊ လည်ပင်းတွင် ဓားဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်သည်။ CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ပြီး သံသယရှိသူကို လိုက်လံဖမ်းဆီးခဲ့ရာ စမူပရကန်ခရိုင်၊ ဘန့်စောင်ထိုးဒေသရှိ တိုက်ခန်းတစ်ခုတွင် အမှုနှင့်သက်ဆိုင်သူ မြန်မာအလုပ်သမားတစ်ဦးကို အခင်းဖြစ်နေ့ ညနေ ၄ နာရီခန့်တွင်ပင် ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အသက် ၂၄ နှစ်အရွယ် […]

မောင်းမကန်ရွာသားတစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရ

diz_admin

October 9, 2022

လောင်း‌လုံးမြို့နယ် မောင်းမကန်ရွာတွင် အောက်တိုဘာလ ၈ ရက်နေ့ ယမန်နေ့ညက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ မောင်းမကန်ရွာသား ဦးဇော်ဝင်းရှိန်ဆိုသူဖြစ်ပြီး ည ၈ နာရီဝန်းကျင်က နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သူက မူးယစ်ဆေး အရောင်းဝယ်လုပ်တယ်လို့ သတင်းထွက်တယ်။ ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဝင်းရှိန်အား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ဦးဇော်ဝင်းရှိန်တွင် ဇနီး၊ ခြောက်နှစ်အရွယ်သားတစ်ဦးနှင့် သုံးနှစ်အရွယ်သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်း၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၉ […]

သီတင်းကျွတ်လပြည့်နေ့ မြင်ကွင်း

diz_admin

October 9, 2022

ယနေ့ သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးသို့ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးဧည့်သည်များအား တွေ့ရစဉ်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲ

diz_admin

October 9, 2022

ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ယခုနှစ်သီတင်းကျွတ်လပြည့်နေ့တွင် ထားဝယ်မြစ်ကမ်းနဘေး၌ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံပြည်သူများက မနက်၄ နာရီမှ ၆ နာရီအထိ စဉ်လာမပျက် ရှင်ဥပဂုတ္တမထေရ်မြတ်အား သပိတ်မျှောပူဇော်ခဲ့ကြပါသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

October 8, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အရပ်သားသေဆုံးမှု ခုနစ်ထောင်ကျော်သွားပြီ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အရပ်သား ခုနစ်ထောင်ကျော် သေဆုံးသွားပြီဖြစ်ကြောင်း သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က အောက်တိုဘာလ ၄ ရက်က ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်အထိ အရပ်သား ၇၁၅၈ ဦး သေဆုံးသည် ဟု ဖော်ပြသည်။ သေဆုံးသူများအနက် ၂၂၉၉ ဦးမှာ ဆန္ဒပြစဉ် ပစ်ခတ်ခံရသူများ၊ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သေဆုံးသူများဖြစ်ကြောင်း […]

ထိုင်း စူရတ်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများ လျော်ကြေး ဘတ်တစ်သန်းကျော်ရမည်

diz_admin

October 8, 2022

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် နစ်နာကြေးမရရှိဘဲ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် နစ်နာကြေး ဘတ် တစ်သန်းကျော်ရရှိတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။ စူရတ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံတွင် အလုပ်ရှင်သူဌေးပြောင်းသဖြင့် မြန်မာအလုပ်သမား ၁၁၀ ဦးကို နစ်နာကြေး တစ်စုံတစ်ရာမပေးဘဲ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။ ကူညီဖြေရှင်းပေးရန် အလုပ်သမားများက တောင်းဆိုမှုကြောင့် NUG နှင့် ကိုရဲမင်း ဦးဆောင်သည့် AAC မဟာမိတ် အဖွဲ့တို့က အောက်တိုဘာလ ၆ ရက်တွင် စူရတ်ဌာနီခရိုင်ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) နှင့် ချိတ်ဆက်၍ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းနောက် အလုပ်ရှင်၊ အလုပ်သမားများ ညှိနှိုင်းပေးရာ နစ်နာကြေး ဘတ် […]