ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အမေရိကတွင် မူလတန်းကျောင်းအတွင်း သေနတ်ဖြင့်ဝင်ပစ်၍ ကလေး ၁၉ ဦးသေဆုံး

diz_admin

May 25, 2022

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းကို ဆယ်ကျော်သက် လက်နက်ကိုင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကလေး ၁၉ ဦးနှင့် လူကြီး ၂ ဦးသေဆုံး သွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ အသက် (၁၈)နှစ်အရွယ် သေနတ်သမားသည် သံချပ်အင်္ကျီ၊ ရိုင်ဖယ်သေနတ်နှင့် ကျောပိုးအိတ်ကိုလွယ်၍ တက္ကဆတ်ပြည်နယ် အူဗယ်ဒီမြို့ ရော့ဘ်မူလတန်းကျောင်းကို ဝင်ရောက်ပြီး စာသင်ခန်းများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းသေနတ်သမားကို ဥပဒေစိုးမိုးရေး အရာရှိများက ပစ်ခတ်သုတ်သင်လိုက်ရသည်။ တရားခံလူငယ်သည် AR-15 ဆီမီးအော်တို ရိုင်ဖင်နှင့် ကျည်ကပ်များ ကိုင်ဆောင်ထားကာ ရာဇဝတ်မှုကို တစ်ဦးတည်း ကျူးလွန်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။ ကျောင်းထဲဝင်ပြီး မြင်လေရာ မပစ်သတ်ခင် အကြမ်းဖက်သမားလူငယ်သည် ၎င်း၏ အဖွါးဖြစ်သူကို အရင်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အနီးအနားဒေသက အထက်တန်းကျောင်းသား တစ်ဦးဖြစ်ကြောင်း ဒေသမီဒီယာတစ်ခုက သတင်းထုတ်ပြန်ထားသည်။ […]

ကျိုက်ထိုတွင် ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

May 24, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာက ဦးဇော်သန်းဆိုသူ ယနေ့ (မေ ၂၄) ပစ်သတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့မှ သိရသည်။ ဦးဇော်သန်းသည် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က သထုံစု အန္တရာယ်ကွေ့အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ကယ်ရီပို့ဆောင်ရင်း သထုံစု အန္တရာယ်ကွေ့မှာ ဦးခေါင်းသေနတ်ဒဏ်ရာ နှစ်ချက်နဲ့ သေဆုံးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးဇော်သန်းမှာ စစ်ကောင်စီသတင်းပေး ဒလန်ဖြစ်သဖြင့် ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ကျိုက်ထို ပကဖတို့ ဦးဆောင်သော တော်လှန်ရေးအဖွဲ့တိုက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုက ထုတ်ပြန်ထားသည်။ စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။          […]

တနင်္သာရီ သိန္ဒော‌ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ပစ်ခတ်ခံရဟုဆို

diz_admin

May 24, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ (မေ ၂၄) ညနေ ၅ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တောင်ပိုင်းသူရဲကောင်းများ အင်အားစု(SWDF) က ထုတ်ပြန်လိုက်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ညနေ ၅ နာရီဝန်းကျင်ခန့်က သိန္ဒောတွင်သေနတ်သံ သုံးချက်ကြားခဲ့ရကြောင်း တစ်ဖက်ကမ်းရှိ ဘန်းပြည့်ရွာသားများက ပြောသည်။ “သေနတ်သံက တပ်ဖက်ကပစ်တဲ့အသံပဲ။ ရွာထဲက လူတွေမေးကြည့်တော့ သိန္ဒောမှာ စစ်ကောင်စီတပ်သား တစ်ယောက်အပစ်ခံရပြီး သေတယ်လို့တော့ ကြားရတယ် “ဟု ဘန်းပြည့်ရွာနေ အမျိုးသားတစ်ဦးကပြောသည်။ သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မှ မကြာခဏလာရောက် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများ ကပြောသည်။

ဧကနိရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

diz_admin

May 24, 2022

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဧကနိရွာတွင် ယနေ့ ညနေ ငါးနာရီဝန်းကျင်ခန့်က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ ဧကနိရွာသား ဦးမောင်ဦး ဆိုသူဖြစ်ပြီး နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက လာရောက် ပစ်ခတ်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “သေနတ်သံက ခြောက်ချက်လောက်ရှိတယ် ဖြစ်ဖြစ်ချင်းတော့သွားမကြည်ရဲဘူး”ဟု ၎င်းအမျိုးသားကပြောသည်။ ဦးမောင်ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူဟု ဒေသခံများက ပြောဆိုပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သွားသည်ဆိုသည်ကိုမူ စုံစမ်းသိရှိရခြင်းမရှိသေးပေ။ သေဆုံးသူဦးမောင်ဦး မှာ ယင်းကျေးရွာတွင် ကျောင်းဆရာလုပ်ဖူးသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ယင်းကျေးရွာတွင် ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း ဒလန်ဟုကျော်ကြားသူ ဦးကြည်စိုး ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။

တနင်္သာရီတိုင်းတွင် တိုက်ပွဲ ၃၆ ကြိမ်အထိဖြစ်ပွား

diz_admin

May 24, 2022

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် တိုက်ပွဲပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က မေလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ယင်းအရေအတွက်မှာ စစ်တပ်က အာဏာစသိမ်းသည့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်‌အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ရေတွက်ထားခြင်းဖြစ်သည်။ ယင်းကာလအတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း လေးထောင်ခြောက်ရာကျော်(၄၆၇၉ ကြိမ်) ဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အများဆုံးဖြစ်ပွားခဲ့ကာ တိုက်ပွဲပေါင်း သုံးထောင်ကျော်( ၃၁၀၇ ကြိမ်ထက်) ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့နှင့် စစ်ကောင်စီအကြား ဖြစ်ပွားသည့်တိုက်ပွဲမှာ […]

ပေါင်တွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၉၀ ကျော် ပျက်စီး

diz_admin

May 24, 2022

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ယနေ့ (မေ ၂၄) နေ့လယ်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သဖြင့် ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က အလှပ်ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်းဖြစ်ပြီး လုံးဝ ပြိုကျပျက်စီးသွားသည့် အိမ်များလည်း ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ “ထိခိုက်သွားတဲ့အိမ် ၉၀ ကျော်တယ်။ လုံးဝ ပျက်စီးသွားတဲ့ အိမ်ကတော့ ၃ လုံးလောက်ရှိတယ်။ တော်တော်အခြေအနေဆိုးတယ်” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နေအိမ်အများစုသည် အမိုးလန်၊ အမိုးပေါက်၊ သွပ်ပြားလွင့်စင်၊ အိမ်ထက်ဝက်တစ်ပျက် ပါသွားသည့်အပြင် တစ်အိမ်လုံး ယိုင်သွားသည်လည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

လောင်းလုံး ကျောက်နီမော်ရွာဒေသခံ‌လေးဦး အဖမ်းခံရ၊ တစ်ဦးပြန်လွတ်

diz_admin

May 24, 2022

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ ဒေသခံလေးဦး အဖမ်းခံရပြီး တစ်ဦး ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၂၃ ရက်က ဦးကျော်စိုးနှင့် ဒေါ်မကမ်းသားဆိုသူနှစ်ဦး အဖမ်းခံခဲ့ရပြီး ယနေ့ (မေ ၂၄) ရက်တွင်မူ ဒေါ်အင်ကြူနှင့် ဒေါ်စန်းမဲဆိုသူနှစ်ဦး ထပ်မံအဖမ်းရကြောင်း ဒေသခံအချို့က ပြောသည်။ ဒေါ်စန်းမဲမှာ နံနက်ပိုင်း ဖမ်းဆီးခံရပြီး မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ “တကယ်က အခုဖမ်းခံရတဲ့သူတွေမှာ နိုင်ငံရေးလုပ်ဖူးတဲ့သူ တစ်ယောက်မှ မပါဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ကျောက်နီမော်ရွာခံ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်များက ‌ဦးဆောင်ကာ လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး မည်သည့်အတွက် လာရောက်ဖမ်းဆီးသည်ကိုမူ တိတိကျကျ မသိရကြောင်း ဒေသခံအချို့က ပြောသည်။ “ဘာဖြစ်လို့ဖမ်းတယ်ဆိုတာတော့ မသိရဘူး။ လူမူရေးကိစ္စကြောင့် ဖြစ်မယ်ထင်တယ်။ သူတို့နဲ့ (ပျူစောထီးအဖွဲ့ဝင်) […]

ထိုင်းတွင် မြန်မာအမျိုးသမီးနှစ်ဦးရုပ်အလောင်း စွန့်ပစ်ခံထားရ

diz_admin

May 24, 2022

ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်တွင် စွန့်ပစ်ခံထားရသော အမျိုးသမီးရုပ်အလောင်းနှစ်ခုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြောင်း မေလ ၂၃ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ ပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးနေသော ‌အလောင်း နှစ်လောင်းကို မေလ ၁၉ ရက်နေ့တွင် ချိုင်နတ်ခရိုင် (Chai Nat) ဟန်နမ်းစခွန်မြို့၊ ဘန်နောင်သာတွန်ရွာရှိ လမ်းဘေးတောတစ်‌နေရာတွင် နွားကျောင်းသားတစ်ဦးက တွေ့ရှိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ စုံစမ်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အလောင်းစွန့်ပစ်သွားသော ထိုင်းနိုင်ငံသား ကားသမား သုံးဦးကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ ပြောဆိုသည်။ ကားသမားကို စစ်ဆေးမေးမြန်းရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၀ ဦးကို တာခ့်ခရိုင်၊ မဲဆောက်မြို့ရှိ နေရာတစ်ခုမှ သီးနှံများတင်ဆောင်လာသောကားဖြင့် တင်ဆောင်ကာ အာရှလမ်းမကြီး တစ်လျှောက် မောင်းနှင်ခဲ့သည်ဟုထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် ချိုင်နတ်ခရိုင်တွင် […]