ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန်ချနဘူရီတွင် တရားမဝင် လာသော မြန်မာ ၁၆ဦး ဖမ်းဆီးခံရ

Dawei Watch

February 25, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၄ ရက်က ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် အနက်ရောင်ပစ်ကပ်ကားတစ်စီး အမြန်မောင်းလာသဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးခဲ့သောအခါ ကန်ချနဘူရီမြို့ နော့ဘိုဝါဒေသတွင် ပစ်ကပ်ကားကို လမ်းဘေးသို့ ရပ်တန့်နိုင်ခဲ့ကြောင်း ဆိုသည်။ ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၆ ဦးသည် ကားအတွင်းနှင့် ကားနောက်ပိုင်းတွင် အိပ်လျက်အနေအထားဖြင့် လိုက်ပါလာကြောင်း ဖော်ပြသည်။ အားလုံးကို စစ်ဆေးရာ နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများကို ထိုးဖားဖမ်းဒေသမှတစ်ဆင့် […]

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 25, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနယ်စပ်သို့ ဖောက်လုပ်ထားသော ဒေသအခေါ် ရှမ်းလမ်းရှိ ထားဝယ်မြစ်ကူးတံတားအနီးတဝိုက်ကို စစ်အာဏာရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်မြစ်ကူးတံတား ဒေသအခေါ် ကင်းတံတားအနီးတစ်ဝိုက်တွင် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၇နာရီဝန်းကျင်မှစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြပြီးနောက် နံနက် ၉ နာရီခွဲကျော်တွင် စစ်အာဏာရှင်တပ် ဘက်က လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲ ချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ “လေယာဉ်က တက်လာတယ်။ ပထမဗုံးတစ်လုံးကြဲပြီတာနဲ့ ဒက်ဒက်ဆိုပြီး စက်သေနတ်နဲ့လည်း ပစ်သွားတယ်” ဟု ၎င်းက […]

အဏုမြူသဘောတူညီချက်ရရှိရန် နီးစပ်နေကြောင်း အီရန်ပြော

Dawei Watch

February 25, 2026

အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားနိုင်မည့် သဘောတူညီချက်တစ်ရပ်ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၄ရက်တွင် ပြောကြားသည်။ ဂျီနီဗာမြို့တွင် အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများ ပြန်လည် မစတင်မီ နှစ်ရက်အလိုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အီရန်၏ အဏုမြူစီမံကိန်းကို ရပ်တန့်ရန် အမေရိကန်၏ ခြိမ်းခြောက်မှုများ မြင့်တက်လာနေပြီး ကျောင်းသားဆန္ဒပြသူများကို အီရန်အစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဘတ်စ် အရတ်ဂ်ချီ၏ အဆိုပါ ပြောကြားချက် ထွက်ပေါ်လာခြင် းဖြစ်သည်။ “နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ပြီး ဘုံအကျိုးစီးပွားတွေကို ဖော်ဆောင်ပေးမယ့် မကြုံစဖူး သဘောတူညီချက်တစ်ရပ် ရရှိဖို့အတွက် ကျွန်တော်တို့မှာ သမိုင်းဝင် အခွင့်အရေးရှိနေပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ဂ်ချီက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ သံတမန်ရေးရာ […]

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလကုန်အထိ မိုးဆက်ရွာနိုင်

Dawei Watch

February 24, 2026

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလကုန်အထိ မိုးဆက်ရွာနိုင်ကြောင်း စစ်ကော်မရှင်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းဖော်ပြသည်။ တနင်္သာရီတိုင်းအပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကချင်၊ ကယား (ကရင်နီ) ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြသည်။ တနင်္သာရီနှင့် မွန်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ မြို့တွင်းရပ်ကွက်အချို့နှင့် မြို့ပတ်ဝန်းကျင် ကျေးရွာများတွင် မိုးရွာကြောင်း ဒေသခံများထံမှ […]

ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

Dawei Watch

February 24, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်း နှင်းစုံကျေးရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက် ညနေပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရေး-သံဖြူဇရပ် ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလျက်ရှိ ပြီး ယမန်နေ့ ညနေပိုင်းက နှင်းစုံကျေးရွာအနီးတွင် မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအဝင် ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များများထံမှ သိရသည်။ နှစ်ဖက်တိုက်ပွဲသည် တစ်နာရီခန့်ကြာကြောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ “တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာကို စစ်ကြောင်းထိုးလာတော့ ဖြစ်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်များထံမှ သိရသည်။ ရွေးကောက်ပွဲအပြီး […]

သရက်ချောင်း စုံစင်ဖျားရွာကို စစ်အာဏာရှင်တပ်က နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲ

Dawei Watch

February 24, 2026

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင်လည်း စစ်အာဏာရှင်တပ်က စုံစင်ဖျားရွာသို့ လေကြောင်းမှ ဗုံးလေးလုံး ကြဲချခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ဖေဖော်ဝါရီ ၂၃ ရက်က ဗုံးကြဲမှုအတွင်း အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်သုံးဦးခန့်လည်း ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် ဗုံးကြဲတိုက်ခိုက်မှုတွင်လည်း အရပ်သားထိခိုက်မှုများ ရှိနေကြောင်း သိရသော်လည်း ဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် […]

ပလတွင် ရိတ်သိမ်းပြီးစပါးများကို စစ်အာဏာရှင်တပ်မီးရှို့သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပိုအခက်ကြုံ

Dawei Watch

February 24, 2026

ပုလောမြို့နယ်၊ ပလမြို့ဝန်းကျင်တွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။ ဇန်နဝါရီလအစပိုင်းတွင် စစ်အာဏာရှင်တပ်က သင်္ကန်းတောရွာအနီးရှိ လယ်ကွင်းများတွင် ရိတ်သိမ်းပြီးသည့် စပါးကောက်လှိုင်းများကို မီးရှို့ခဲ့သဖြင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများ ပို၍ အခက်ကြုံလာကြောင်း စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။ အဆိုပါ ပတ်ဝန်းကျင်တွင် စစ်ဘေးရှောင် ထောင်ဂဏန်းရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ “အရင်နှစ်တွေက ဆန်အတွက် အဆင်ပြေသေးတယ်။ အခုက ကောက်လိုင်းတွေကို မီးရှို့‌တော့ ဆန်က ပိုလိုအပ်ပေါ့။ အမြဲ (မီး) ရှို့နေတယ်လေ” ဟု အထက်ပါ စစ်ရှောင်နေသူတစ်ဦးက ပြောသည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ပလမြို့ပေါ်နှင့် ပုလောမြို့နယ်ထဲက ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က မီးရှို့မှုကြောင့် နေအိမ် ၂၅၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့သေးသည်။ စစ်ဘေးရှောင်များသည် […]

ထရမ့်က နိုင်ငံကိုလမ်းမှားသို့ ပို့ဆောင်နေကြောင်း အမေရိကန်အများစု ယူဆ

Dawei Watch

February 24, 2026

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း နိုင်ငံကို လမ်းမှားသို့ ဦးတည်ခေါ်ဆောင်နေသည်ဟု အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားအများစုက ယူဆနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြသည်။ NPR သတင်းဌာနနှင့် PBS သတင်းဌာနတို့ ပါဝင်ပူးပေါင်းကောက်ယူသည့် လူထုသဘောထား စစ်တမ်းတစ်ခုက ယင်းသို့ ဖော်ပြခြင်း ဖြစ်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောကြားမည့် သမ္မတဒေါ်နယ်ထရမ့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း မတိုင်မီတစ်ရက်အလိုတွင် ယင်းစစ်တမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါ စစ်တမ်းအရ သမ္မတထရမ့်သည် နိုင်ငံကို ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်ပြောင်းလဲနေစေသည်ဟု အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၅၅ ရာခိုင်နှုန်းက ခံစားနေကြရသည်။ ယင်းပမာဏသည် သမ္မတထရမ့်၏ ပထမသက်တမ်းမှ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။ နိုင်ငံ၏ အခြေအနေမှာ လွန်ခဲ့သည့် […]