ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတွင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်ကျသဖြင့် ရွာသားများ ထွက်ပြေးရ

diz_admin

May 26, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ယနေ့ (မေ ၂၆) လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲနေသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မေ ၂၆) နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ပုလောကုန်းကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ရွာအတွင်းသို့ ကျရောက်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ပုလောကုန်းကျေးရွာအုပ်စု၊ ဂျက်ဂါရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အိမ်တွေပေါ် လက်နက်ကြီးတွေ ကျလာလို့ အကုန်ထွက်ပြေးကြတာ။ ဗြောင်းဗြောင်းညံပဲ” ဟု ဘေးလွတ်ရာ တောထဲထွက်ပြေးနေရသည့် အသက် ၆၀ ကျော်အရွယ် ဂျက်ဂါရွာသားတစ်ဦးက ပြောသည်။ ပုလောမြို့ဖက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို […]

မြိတ်သို့ပို့ဆောင်သည့် ကျောင်းသုံးစာအုပ်များ လမ်းခုလပ်တွင် မီးရှို့ခံရ

diz_admin

May 26, 2022

မြိတ်မြို့သို့ ပို့ဆောင်လိုက်သည့် ကျောင်းသုံးစာအုပ်များ ထားဝယ် – မြိတ် ကားလမ်းမတစ်နေရာတွင် မေလ ၂၄ ရက်က မီးရှို့ခံခဲ့ရကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယင်းစာအုပ်များသည် ရန်ကုန်မှ မြိတ်မြို့သို့ တိုက်ရိုက်ပို့ဆောင်သည့် ကျောင်းသုံးစာအုပ်များဖြစ်ပြီး ထားဝယ်မြို့မှ မိုင် ၅၀ ခန့်အကွာ သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းကျေးရွာအနီးတွင် မီးရှို့ခံရခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကားပေါ်တင်ဆောင်လာသည့် ကျောင်းသုံးစာအုပ် ဆာလာအိတ် ၁၅၉၇ အိတ်အနက် ၄၉ အိတ်ကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ဒေသအတွင်းရှိ PDF အဖွဲ့တို့ဘက်ကမူ ယင်းကဲ့သို့ ကျောင်းသုံးစာအုပ်မီးရှို့ခံရသည့်ကိစ္စနှင့် ပတ်သတ်ပြီး မေလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်သည်ကို […]

စားနပ်ရိက္ခာပြတ်လပ်မှု ကမ္ဘာ့ကပ်ဘေးစပြီ

diz_admin

May 26, 2022

ကပ်ရောဂါဘေး၊ စစ်ဘေး စတဲ့ ကပ်ကြီးနှစ်ပါး နေရာအတော်များများမှာ ဆိုက်နေတဲ့ ကမ္ဘာကြီးမှာ ငတ်မွတ်ခေါင်းပါးဘေး ဆိုတဲ့ တတိယကပ်ကြီး လာနိုင်ပါသလား။ ကပ်ကြီး (၃)ပါးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ် နေပါတယ်။ အမြဲတမ်းစိုးရိမ်နေကျ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကြီးက ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ဒါကို အရေးတကြီး ကိုင်တွယ်ရတော့မယ်လို့ သတိပေးလိုက်ပါတယ်။ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲ၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်နိုင်တဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ အစားအစာကို ဖြစ်သင့်တဲ့ ဈေးနူန်းနဲ့ ရနိုင်ဖို့ အရေးကိစ္စဟာ စိတ်ပူစရာ သိပ်ကောင်းနေပါတယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က စီမံမှုဒါရိုက်တာ ခရစ္စတာလီနာဂျော်ဂျီဗာ က ဆွစ်ဇာလန်မှာ ကျင်းပတဲ့ World Economic Forum မှာ […]

ပုလောတွင် တိုက်ပွဲဖြစ်နေ

diz_admin

May 26, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စုတွင် ယနေ့ (မေ ၂၆) နံနက် ၁ဝနာရီဝန်းကျင်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်းကျေးရွာအုပ်စုတွင် နံနက် ၁၀ နာရီဝန်းကျင်မှစတင်သည့် တိုက်ပွဲမှာ မွန်းလွဲ ၁ နာရီခွဲချိန်အထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးတွေပစ်နေတာ တစ်အုန်းအုန်းနဲ့။ အချက် ၂၀ ကျော်ပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားနေသည့် ယင်းကျေးရွာအုပ်စုအတွင်း အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းလည်း ဆက်သွယ် အသုံးပြုရ အဆင်မပြေဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။ “ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ တက်လိုက်ကျလိုက်ဖြစ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို Dawei Watch အနေဖြင့် ဆက်လက် […]

ထားဝယ် အရှေ့တောနယ် လျှပ်စစ်မီး ပုံမှန်မရသည့်အပြင် ဖုန်းနှင့် အင်တာနက်လိုင်းလည်း ပြတ်

diz_admin

May 25, 2022

ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ် ထီးခီးသွားလမ်းပေါ်ရှိ ကျေးရွာအချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး ပုံမှန်မရဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ နောက်ဆုံးပတ်ကတည်းက ယနေ့အချိန်အထိ ၂၄ နာရီ လျှပ်စစ်မီးမရတော့ဘဲ ညအချိန် အချိန်ပိုင်းမျှသာ ရရှိတော့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကဲ့သို့ လျှပ်စစ်မီး ပုံမှန်မရဘဲဖြစ်နေရာမှ မေလတတိယအပတ်မှစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပါ အဖြတ်ခံနေရကြောင်း ဒေသခံအချို့က ဆိုသည်။ ထားဝယ်- ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် အထထ်ပါ အခြေအနေများကို ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းကို နေ့ဖက်တွင် တောက်လျှောက်ဖြတ်တောက်ခံထားရပြီး ညအချိန်ရောက်မှ ပြန်ဖွင့်ပေးကြောင်း ၎င်းတို့က ပြောဆိုကြသည်။ “ဒီနေ့ ည ၇ နာရီလောက်မှ ဖုန်းလိုင်းပြန်ရတယ်။ […]

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၉၀ ကျော် အဖမ်းခံရ

diz_admin

May 25, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ကျော်ကို ကန်ချနဘူရီခရိုင်တွင် ယနေ့ (မေ ၂၅) ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင်၊ Mueang မြို့၊ Wang Dong ဒေသရှိ လမ်းဘေးတနေရာတွင် ၁၈ ဘီး ကုန်တင်ကား တစ်စီးရှိ‌နေသည်ဟု ဒေသခံတစ်ဦး၏ သတင်းပေးမှုကြောင့် ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာ ၉၆ဦးကို ဖမ်းမိခြင်းဖြစ်ပြီး ယင်းအနက် အမျိုးသား ၆၀ ဦး၊ အမျိုးသမီး ၃၃ ဦးနှင့် ကလေးငယ် သုံးဦး ပါဝင်ကာ ၎င်းတို့အား ပို့ဆောင်ပေးသည့် ကားသမားကိုလည်း ဖမ်းမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းအာဏာပိုင်များ လာရောက်ဖမ်းဆီးချိန်တွင် မြန်မာအလုပ်သမားများသည် ကားပေါ်မှ ဆင်းပြေး၍ […]

တနင်္သာရီမှ မြိတ်သို့ စစ်ဘေးရှောင်လာသူများ နေစရာနှင့် စားသောက်ရေးအကူအညီလိုအပ်

diz_admin

May 25, 2022

တနင်္သာရီမြို့နယ် တကူနှင့် သရဘွင်ကျေးရွာအုပ်စုတို့မှ မြိတ်မြို့သို့ စစ်ဘေးရှောင်လာကြသူများ နေထိုင်ရန် အဆောက်အအုံနှင့် စားသောက်ရေးအကူအညီ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ တကူတနှင့် သရဘွင်တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားနေ သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ အဆိုပါကျေးရွာအုပ်စုများမှ ထွက်ပြေးပြီး တောထဲတောင်ထဲတွင် တိမ်းရှောင်နေရသည့် ဒေသခံတစ်ရာခန့် ကို မေလ ၂၄ရက်နေ့က ကားဖြင့် သွားရောက်ခေါ်ဆောင်ကာ မြိတ်မြို့ရှိ အေးရိပ်ချောင်ဘုန်းတော်ကြီး ကျောင်းတွင် နေရာချထားပေးကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူ ကိုဆန်းမင်းဦးက ပြောသည်။ ၎င်းနှင့်အတူ စေတနာရှင်များက သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယနေ့ (မေ ၂၅) တွင်လည်း စစ်ဘေးရှောင်တစ်ရာကျော်ကို ထပ်မံသွားရောက်ခေါ်ဆောင်ခဲ့ပြီး ယင်းအနက် ခုနစ်ဆယ်ဝန်းကျင်ကိုလည်း အေးရိပ်ချောင်ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးကြောင်း ၎င်းက ပြောဆိုသည်။ “ဒီနေ့က […]

လောင်းလုံးတွင် ငွေလွှဲလုပ်ငန်းလုပ်သည့်အိမ် ဓါးပြတိုက်ခံရ

diz_admin

May 25, 2022

လောင်းလုံးမြို့နယ် မင်းရပ်ရွာမြောက်ပိုင်းတွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်အိမ် မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။ ဓါးပြတိုက်ခံရသော နေအိမ်မှာ ဒေါ်ညိုဆိုသူ၏အိမ်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဆိုင်ကယ်နဲ့ လူနှစ်ယောက်ဝင်လာပြီး လည်ပင်းကို သေနတ်နဲ့တေ့ပြီးတော့ ငွေတောင်းတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။ ငွေသား သိန်းခုနှစ်ဆယ်ကျော် ပါသွားသည်ဟု ကြားသိရပြီး ၎င်းတို့မိသားစုမှာ ယနေ့ (မေ ၂၅) နံနက်ပိုင်းတွင် နေအိမ်တံခါးပိတ်ကာ အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။ ‘အိမ်မှာ မမြင်ချင်ဘူး’ ဟုလည်း ယင်းမိသားစုကို ခြိမ်းခြောက်သွားခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါဓားပြတိုက်မှုကို မည်သူတို့က လုပ်ဆောင်သည်ကိုမူ အတည်မပြုနိုင်သေးပေ။ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း […]