ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ် ပြန်ဖွင့်တော့မည်

diz_admin

June 1, 2022

ကိုဗစ်‌ကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်ဂိတ် ကော့သောင်း – ရနောင်းဂိတ်ကို ယခုဇွန်လဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နယ်စပ်ဂိတ်ပြန်ဖွင့်ပါက စာအုပ်အပြာရောင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် တရားဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ “(ကော့သောင်း) ခရိုင်းမှူးက ပြောတာတော့ (ဇွန်လ) ၃ ရက်နေ့လောက် ဖွင့်ဖို့ရှိတယ်။ အတိအကျကြီးတော့ မဟုတ်သေးဘူးပေါ့နော်။ နယ်စပ်ဂိတ်ပြန်ဖွင့်မှာကတော့ သေချာတယ်” ဟု ၎င်းက ပြောဆိုသည်။ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ကို ကော့သောင်းမြို့ခံများ (ကော့သောင်း အိမ်ထောင်စု စာရင်းရှိသူများ) ကိုသာ သီးသန့်ထုတ်ပေးခြင်းဖြစ်ပြီး ခုနှစ်ရက် နေထိုင်ခွင့်လက်မှတ်နှင့် ၁၄ ရက်‌နေထိုင်ခွင့် လက်မှတ်ဟု နှစ်မျိုးရှိသည်။ ယခုနယ်စပ်ဂိတ်ပြန်ဖွင့်ပါက ခုနစ်ရက် နေထိုင်ခွင့်လက်မှတ်များဖြင့် သွားရောက်ခွင့်ပြုမည် […]

လောင်းလုံး ဖွားဘုတ်ပြင်ရွာက ဒလန်ဆိုသူ ပစ်သတ်ခံရ

diz_admin

May 31, 2022

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာတွင် ယနေ့ (မေ ၃၁) ညနေပိုင်းက အသက် ငါး‌ဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်သတ်ခံရသူမှာ ဖွားဘုတ်ပြင်ရွာသား ကျေးရွာ အရန်မီးသတ်ခေါင်းဆောင်ဖြစ်သည့် ဦးတင်ငွေဆိုသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ညနေပိုင်းက အဆိုပါအမျိုးသား၏ နေအိမ်ရှေ့သို့ မော်တော်ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး ရောက်လာပြီး သေနတ်ဖြင့် သုံးချက်ပစ်ခတ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက ဦးခေါင်း၊ ရင်ဖက် နှစ်ချက်ထိထားတယ်” ဟု ၎င်းက ဆိုသည်။ ဦးတင်ငွေသည် စစ်သင်တန်းတက်ဖူးသည်ဟု ကျေးရွာတွင် မကြာခဏ ပြောဆိုလေ့ရှိပြီး ကျေးရွာ သပိတ်စစ်ကြောင်းများကိုလည်း ဓာတ်ပုံလိုက်ရိုက်လေ့ရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ “သူကတော့ ရွာမှာ လူစွာ၊ မြောက်ကြွမြောက်ကြွနဲ့” ဟု […]

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ယခုနှစ်စဖွင့်မည်

diz_admin

May 31, 2022

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်ကို ယခုနှစ် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ထံမှ သိရသည်။ မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ မွန်အမျိုးသားကျောင်းများက ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတက္ကသိုလ်များတွင် ပညာ ဆက်လက် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ပြီး မွန်အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။ “ဒီကောလိပ်ကနေ အောင်လက်မှတ်ရရင် နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာဆက်တင်ခွင့်ရမယ်။ မွန်အမျိုးသားကျောင်းကနေ ၁၀ တန်းအောင်ပြီး အစိုးရစာစစ်ဌာနမှာ (တက္ကသိုလ်ဝင်ခွင့်) ဝင်မဖြေထားတဲ့ ကလေးတွေကိုလည်း နိုင်ငံခြားမှာ တက္ကသိုလ်တက်ခွင့်ရအောင် ရည်ရွယ်ပြီးဖွင့်တာဖြစ်တယ်” ဟု မွန်အမျိုးသားပညာရေးကော်မတီဝင် ဦးမင်းအောင်ဇေက ပြောသည်။ မွန်အမျိုးသားကောလိပ်တွင် ကျောင်းသူ၊ ကျောင်းသား ၁၀၀ […]

ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ် ဖိုက်တာဂျက် အစင်း ၃၀ ဝင်ရောက်

diz_admin

May 31, 2022

ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေး ဇုန်အတွင်းသို့ တရုတ် တိုက်လေယာဉ် အစင်း ၃၀ ဝင်ရောက် လာသောကြောင့် ထိုင်ဝမ်ဘက်က တိုက်လေယာဉ်များ လွှတ်တင်ခဲ့ရသည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။ ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်စစ်လေယာဉ်များ ဝင်ရောက်လာသည့် ဖြစ်စဉ်သည် ယခုနှစ်အတွင်း အကြီးမားဆုံး နယ်မြေကျော်မှု ဖြစ်သည်။ ထိုင်ဝမ်ကို ကျူးကျော်မည့် အခြေအနေနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ပြင် လုံခြုံရေးကိစ္စ ဆွေးနွေးရန် အမေရိကန်အရာရှိ ထိုင်ဝမ်ရောက်နေစဉ် အဆိုပါ တိုက်လေယာဉ်များ ဝင်လာသည့် ဖြစ်စဉ် ကြုံရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်းတွင် တရုတ်က စစ်ရေးလေ့ကျင့်သည့် ခေါင်းစဉ်ဖြင့် လေကြောင်း လှုပ်ရှားမှုများကို မြှင့်တင်လိုက်သည်။ ယင်းသို့ လေကြောင်း […]

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်

diz_admin

May 31, 2022

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလ အခြေခံပညာကျောင်းများကို အသိအမှတ်ပြု လက်ခံပေးလျက်ရှိပြီး ယခုအချိန်အထိ အွန်လိုင်းကျောင်းပေါင်း ၄၀ ခန့်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။ ယင်းစာရင်းမှာ ထုတ်ပြန်ချက်များတွင် ဖော်ပြထားမှုအရသာ သိရှိရခြင်းဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုမိုများနိုင်သည်။ တနင်္သာရီတိုင်း‌တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ အစီအစဉ်ဖြင့် ကြားကာလ အွန်လိုင်းကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့အထိ ၅ ကျောင်းရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း အခြေခံပညာဆရာများသမဂ္ဂက ထုတ်ပြန်ထားသည်။ ထားဝယ်၊ရေဖြူ၊လောင်းလုံး၊ သရက်ချောင်းမြို့နယ်များသည် မြို့ကျောင်းရှိနေပြီဖြစ်ကြောင်းနယ်အလိုက် Online school များကိုတည်ထောင်ဖွင့်လှစ်ထားပြီး မြိတ်ခရိုင်တွင်လည်း မြို့နယ် ၆ မြို့နယ်ပေါင်း၍ ဖွင့်လှစ်ထားသည်ဟု တနင်္သာရီ အခြေခံပညာဆရာများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ တနင်္သာရီတိုင်းအတွင်းရှိ CDM ကျောင်းသားများအတွက် သက်ဆိုင်ရာမြို့နယ်ဘုတ်အဖွဲ့များမှ သင်ကြားပေးနေသော NUG လက်အောက်ခံ ကြားကာလပညာရေးကျောင်းများတွင် ကျောင်းအပ်လက်ခံနေပြီဖြစ်သော်လည်း တိုင်းအဆင့် Federal School ကို မထူထောင်နိုင်သေးပေ။ “ခွဲပြီးလုပ်တော့ လုပ်ရကိုင်ရခက်တယ်၊ တိုင်းတစ်ခုလုံး အကုန်စုပေါင်း reform(ပြုပြင်)လုပ်လိုက်ရင် ဆရာအင်အားရော […]

ပုလော မြို့မျက်နှာဖုံးလုပ်ငန်းရှင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့ အဖမ်းခံရ

diz_admin

May 30, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ် မြို့မျက်နှာဖုံး ရော်ဘာခြံလုပ်ငန်းရှင်တစ်ဦးနှင့် မင်းထိန်ရွာက ဒေသခံတစ်ဦး တို့ကို စစ်ကောင်စီတပ်က ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (မေ ၃၀) မွန်းလွဲပိုင်းက ပဝတ်ကုန်းရွာတွင်နေထိုင်သည့် ရော်ဘာဥယျာဉ်ခြံလုပ်ငန်းရှင် ဦးမောင်ညိုအိမ်သို့ စစ်ကောင်စီတပ်သားများ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ကားရော လူပါခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဦးမောင်ညိုသည် ပလစက်တော်ရာဘုရားဂေါပက ဥက္ကဋ္ဌလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ဦးမောင်ညိုလိုလူ အဖမ်းခံရမယ်လို့တော့ မထင်ဘူး။ ခြံထဲက သူ့အလုပ်သမားတွေအကြောင်း မေးမြန်းဖို့ပဲ ခေါ်သွားတယ်လို့ ထင်တယ်” ဟု ပဝတ်ကုန်းရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းသည် မြို့မျက်နှာဖုံးတစ်ဦးဖြစ်သည့်အပြင် […]

ထားဝယ်တွင် မွေးမြူရေးကြက်ဥစျေးတက်၊ တစ်လုံး ၂၅၀ ကျပ်အထိရောက်ရှိ

diz_admin

May 30, 2022

စက်သုံးဆီစျေးအပါအဝင် အထွေထွေစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ထားဝယ်တွင် မွေးမြူရေးကြက်ဥတစ်လုံး ၂၅၀ ကျပ်နီးပါးဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည်နှစ် ဇူလိုင်လ က ကြက်ဥတစ်လုံး နှစ်ရာကျပ်ခန့် ဖြင့်ပေးဝယ်နေခဲ့ရာမှ ယခု နှစ် မေလကုန်ပိုင်းတွင် နှစ်ရာငါးဆယ်ကျပ်သို့ မြင့်တက်လာခြင်းဖြစ်သည်။ ကြက်ဦးဈေးတက်ရခြင်းမှာ ကြက်စာဈေးတက်ခြင်း၊ မတက်ခြင်းနှင့် မသက်ဆိုင်ဘဲ ကြက်ဥအထွက်နှုန်းပေါ် မူတည်ကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးအနီးရှိ ကြက်ဥ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ “ထားဝယ်မှာတော့ ကြက်ဥအထွက်နဲတယ်။  ထားဝယ်ထွက်ကြက်ဥက ထားဝယ်က စားမလောက်ဘူး အဓိက ရန်ကုန်မော်လမြိုင်ကနေ မှာယူရတာပေါ့။ ခုကျ စက်သုံးဆီဈေးတက်တော့ သက်ယူစရိတ်‌က ဈေးကွက်ကို သက်ရောက်တာပေါ့”ဟု ၎င်းကပြောသည်။ ယခင်နှစ်က အရောင်းဒိုင်တွင် ကြက်ဥတစ်လုံးပေါက်စျေးမှာ ၁၇၀ ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် ၁၉၀ အထိပေးရကြောင်း ရေဖြူမြို့နယ်မှာ စားသုံးကုန် ရောင်းချသူတစ်ဦးကပြောသည်။ ကြက်ဥပေါက်စျေးမှာ […]

မြိတ်တွင် ဘေးတွဲဆိုင်ကယ် အဝယ်လိုက်၊ ဈေးမြင့်ရ

diz_admin

May 30, 2022

မြိတ်မြို့တွင် သုံးဘီးဘေးတွဲဆိုင်ကယ်များ အဝယ်လိုက်ပြီး တစ်စီးလျှင် ကျပ် နှစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း သုံးဘီးဆိုင်ကယ် မောင်းသူအချို့ထံမှ သိရသည်။ လူရှစ်ဦးအထိ စီးနိုင်သည့် သုံးဘီးဘေးတွဲဆိုင်ကယ်များအား အဝယ်လိုက်လာနေခြင်းဖြစ် ကြောင်း သုံးဘီးဘေးတွဲဆိုင်ကယ်မောင်းနင်သူအချို့က ပြောပြသည်။ သုံးဘီးဘေးတွဲဆိုင်ကယ်များမှာ အစစ်ဆေးရှိသော်လည်း ဖမ်းဆီးခံရခြင်းမရှိကြောင်း ၎င်းတို့က ပြောသည်။ “ငါးသိန်းတန်တဲ့ သုံးဘီးကို ခုနှစ်သိန်းအထိပေးပြီး လာဝယ်နေတာ၊ ဒါတောင် လိုင်စင်မရှိသေးဘူး” ဟု မြို့သစ်ရပ်နေ အသက် ၃၀ နှစ်ကျော်ရှိ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးခြင်းကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာရာ ဘေးတွဲဆိုင်ကယ်များမှာ အစစ်ဆေးရှိသော်လည်း ဖမ်းဆီးခံရခြင်း မရှိသဖြင့် အဝယ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဘေးတွဲမောင်းသူအချို့က ဆိုသည်။ “လူခုနစ်ယောက် ရှစ်ယောက်အထိတင်ပြီး မောင်းတယ်။ ဖမ်းတာတွေ မရှိဘူး” ဟု […]