ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်လာ

diz_admin

June 15, 2022

လောင်းလုံးမြို့နယ်တွင် ဓါးပြတိုက်လုယက်မှုများ ဆက်တိုက်ဖြစ်လာပြီး ဓားပြတိုက်ခံရမှုကို ထုတ်ဖော်ပြောဆိုလျှင် သတ်မည်ဟုလည်း ခြိမ်းခြောက်ခံရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ သဗျာရွာတွင် မေ ၁၄ နေ့ မွန်းလွဲပိုင်းက ဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီးနောက် ဆက်တိုက်ဆိုသလို ယင်းနေ့ ညနေပိုင်းတွင် လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက် ရဲစခန်းရှိ နေအိမ်တစ်ဆောင်ကိုလည်း ဓါးပြတိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ သဗျာရွာဖြစ်ရပ်တွင် ဆိုင်ကယ်စီးလူငယ်အမျိုးသားနှစ်ဦးက မွန်းလွဲ ၁နာရီခန့်တွင် လာရောက်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ပြည်သူများထံမှ စိန်လက်စွပ်တစ်ကွင်း၊ နားကတ်နှစ်ရံ၊ ငွေသုံးသိန်းခန့် လုယူသွားကြောင်း ဒေသခံများနှင့် ဆွေမျိုးနီးစပ်သူများထံမှ သိရသည်။ အလားတူ လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်တွင် တစ်ပတ်အတွင်း နေအိမ်နှစ်ဆောင် ဓါးပြတိုက်ခံရရာ ရွှေနှင့် ငွေသား အချို့ပါသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ဓားပြတိုက်ခံရမှုများကို […]

လောင်းလုံးက ဆရာ၊ ဆရာမလေးဦး သတိပေးစာ ပေးပို့ခံရ

diz_admin

June 14, 2022

လောင်းလုံးမြို့နယ် Non CDM ဆရာ၊ ဆရာမ လေးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးစာ ပေးပို့ထားကြောင်း ယင်းအဖွဲ့က ယနေ့ (ဇွန် ၁၄) ထုတ်ပြန်ထားသည်။ CDM လုပ်ထားသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများထံ ကျောင်းသို့လာရန် ယခုနှစ်ရာသီ ကျောင်းစတင် မဖွင့်မီကပင် ခြိမ်းခြောက်ဖိအားပေးမှုများရှိသည်ဟု တိုင်ကြားမှုများရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ CDM လုပ်ထားသည့် ဆရာ၊ ဆရာမများကို ဖိအားပေးခြိမ်းခြောက်မှု များစွာပြုလုပ်နေသဖြင့် ဆရာ၊ ဆရာမ လေးဦးထံ ယင်းသို့သတိပေးစာ ပေးရခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ထုတ်ပြန်သည်။ သို့သော် ယင်းသို့ သတိပေးစာပေးပို့ထားသည့် ဆရာ၊ ဆရာမ လေးဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမှု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ […]

ထိုင်းတွင် တရားမဝင်မြန်မာလုပ်သား တစ်ရာကျော် အဖမ်းခံရ

diz_admin

June 14, 2022

ထိုင်းနိုင်ငံ ကမ်းဖဲင်ဖက် (Kamphaeng Phet) ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၂၉ ဦးကို ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ရွာသားများ၏ တိုင်ကြားချက်ကြောင့် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ ဘန်ကောက်သို့သွားရန် ကြိုပို့ကားကို တောတွင်းတစ်နေရာတွင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ် ဖမ်းဆီးရခံသော မြန်မာအလုပ်သမားများ တွင် အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၃၆ ဦးပါဝင်ပြီး ထိုင်းနိုင်ငံသား လမ်းပြတစ်ဦးကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ၎င်းတို့သည် တာခ့်ခရိုင်ကို ဖြတ်ကျော်လာပြီးနောက် ဘန်ကောက်သို့သွားရန် ကားဖြင့်လာခေါ်မည့် ပွဲစားကို စောင့်နေကြခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများက ထွက်ဆိုကြသည်ဟု ဆိုသည်။ ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၂၀၀၀ ပေးရမည်ဖြစ်သော်လည်း ဘန်ကောက်ရောက်မှ […]

သရက်ချောင်း ရငဲရွာတွင် အမျိုးသားတစ်ဦး၏ နေအိမ်နှင့်ဆိုင် မီးရှို့ခံရ

diz_admin

June 14, 2022

သရက်ချာင်းမြို့နယ်၊ ရငဲရွာတွင် ဇွန်လ ၁၃ ရက်က ဒေသခံအမျိုးသားတစ်ဦး၏ နေအိမ်နှင့်ဆိုင် မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လက်နက်ကိုင် လူနှစ်ဆယ်ခန့် ရောက်ရှိလာပြီး ဦးဖိုးထော် (ခေါ်) ဦးညီညီမင်းဆိုသူ၏ နေအိမ်နှင့်ဆိုင်ကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသား၏နေအိမ်တွင် အိမ်ဆောက်ပစ္စည်းများ ရောင်းချနေပြီး မီးရှို့ခံရမှုကြောင့် နေအိမ်နှင့် ကပ်လျက် တွဲဖွင့်ထားသော ဆိုင်နှင့် နေအိမ်တစ်ခြမ်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။ “ဦးဖိုးထော်ကတော့ ရွာထဲ စစ်တပ်လာရင် ရွာထိပ်သွားသွားကြိုတယ်။ အဲဒီစစ်ကားတွေကိုလည်း ကိုယ်တိုင်မောင်းပြီး လမ်းပြ‌ပေးနေတာတွေ့ရတယ်။ နောက်ပြီးသူ့အိမ်မှာ စားတာသောက်တာတွေ ဧည့်ခံကျွေးမွေးနေတာတွေ ရှိတယ်” အထက်ပါဒေသခံက ပြောဆိုသည်။ အခြားဒေသခံ အမျိုးသားတစ်ဦးကလည်း ဦးဖိုးထော်သည် အာဏာသိမ်းကာလတွင် စစ်ကောင်စီသတင်းပေး […]

ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ထပ်မံတိုက်ခိုက်ခံရ

diz_admin

June 14, 2022

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ယနေ့နံနက်ပိုင်းက ထပ်မံပစ်ခတ်တိုက်ခိုက်ခံရကြောင်း   ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇွန် ၁၄) နံနက် ၈  နာရီဝန်းကျင်အချိန်ခန့်က ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်း ရှိခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ”ပစ်ခတ်မှုဖြစ်ပြီးတော့ တံတားကို ခဏပိတ်လိုက်သေးတယ်၊ ပြီးတော့ ပြန်ဖွင့်ပေးလိုက်တယ် စစ်ဆေးမှုကတော့ တင်းကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ထိခိုက်မှု ရှိ မရှိဆိုသည်ကို မသိရသေးပေ။ မတ်လ ၁၉ ရက်နေ့ကလည်း ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။ ယင်းအပြင် ပြီးခဲ့သည့်  ဧပြီလ […]

ပုလော ကျောင်းနိမ့်ရွာတိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

diz_admin

June 14, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်း ကျောင်းနိမ့်ကျေးရွာတိုက်ပွဲအတွင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအင်အားစု (PPDF) က ယနေ့ ထုတ်ပြန်သည်။ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်ကာ စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ပုလောပြည်သူ့ကာကွယ်ရေးအင်အားစုက တပ်သား ရဲဘော်ဝမ်ချိုင်း ကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင်တိုက်ပွဲအတွင်း ကျောင်းနိမ့်ရွာရှိ နေအိမ် ၇ လုံးနှင့် ဆိုင်ကယ်လေးစီး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု PPDF က ထုတ်ပြန်ထားသည်။ ယင်းရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဇွန်လ ၁၃ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပုလောမြို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းနိမ့်၊ ဂျက်ဂါ၊ မှော်မိစသည့်ရွာများမှ ဒေသခံများထွက်ပြေးခဲ့ရကြောင်း ဒေသခံများက […]

ထိုင်ဝမ်အရေးအတွက် အမေရိကန်နဲ့ တရုတ် စစ်ဖြစ်တော့မလား

diz_admin

June 14, 2022

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတက တရုတ်ကို သတိပေးလိုက်ပြီး သီတင်းပတ်တွေ ကြာသွားပြီးတဲ့နောက် တရုတ်အစိုးရဘက် ကလည်း အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြန် ကန့်ကွက်လိုက်ပါတယ်။ ပြီးတော့ ထိုင်ဝမ် လွတ်လပ်ရေးအတွက် လုပ်ဆောင်လာတာ မှန်သမျှတွေကို ချေမှုန်းပစ်မယ်လို့ ကြုံးဝါးလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ တရုတ်ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်ဟီ က အမေရိကန်ဟာ ထိုင်ဝမ်လွတ်လပ်ရေး ကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲလိုက်ပြီး ဒီလိုလုပ်ရပ်တွေဟာ ထိုင်ဝမ်ကိစ္စ သူတို့ပေးထားတဲ့ ကတိကဝတ် တွေကို ချိုးဖောက်ပြီး တရုတ်အရေးကို ကြားဝင်စွက်ဖက်နေတာလို့ ပြောကြားပါသေးတယ်။ “ဒီမှာ ရှင်းရှင်းလင်းလင်း ပြောထားချင်တာက၊ ထိုင်ဝမ် ကို တရုတ်ကနေ ခွဲထွက်ဖို့ လုပ်ဆောင်မယ်ဆို တိုက်ခိုက် ဖို့အတွက် နှောင့်နှေးနေမှာ မဟုတ်ပါဘူး။  အဆုံးအထိ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ […]

သရက်ချောင်း စော်ဖျားရွာက စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

diz_admin

June 13, 2022

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာဘုရားကုန်းရှိ စစ်ကောင်စီဂိတ်စခန်းကို ယနေ့ (ဇွန် ၁၃) နေ့လယ် ၁၂ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်-PDF က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (T1 Zone) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ညတွင် ထုတ်ပြန်ထားသည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီဝက်အကြာတွင် စစ်ကူလာသည့် စစ်တပ်ကား ၁ စီးကို PDF တပ်ဖွဲ့ဝင်များက စော်ဖျားရွာလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ရာ လက်နက်တစ်လက်ရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့နောက် ညနေ ၃ နာရီခွဲခန့်တွင် မြေသယ်ကားနှစ်စီးဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ရောင်းမော် ကျေးရွာနှင့် စော်ဖျားရွာလမ်းပိုင်းတွင် ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် […]