လောင်းလုံးတွင် ဘေးအန္တရာယ်ကင်းရေး နတ်တင်ဆုတောင်းမှုများလာ
diz_admin
July 4, 2022လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သတ်ဖြတ်၊ ဖမ်းဆီးခံရမှု၊ လုယက်ခံရမှု၊ နေအိမ်မီးရှို့ခံရမှု စသဖြင့်ဘေးအန္တရာယ်များ ကျရောက်နေမှုကြောင့် ဒေသခံများမှာ ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ကာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆုတောင်းမှုများ လုပ်ဆောင်လာကြသည်။ ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံအများအပြား နေအိမ်စွန့်ခွာ ထွက်ပြေးနေကြသလို ထွက်မပြေးဘဲ ကျန်နေသူများကလည်း အန္တရာယ်ကင်းရှင်းရေး ဆုတောင်းပွဲများ လုပ်ဆောင်နေကြသည်။ “ကျွန်မတို့ရွာမှာဆိုရင် ရှင်ဂီးအိမ်(ရွာတော်ရှင်ဖိုးဖိုးအိမ်) ကန်တော့ပွဲပြတ်တယ်ကို မရှိဘူး။ နေ့တိုင်းကန်တော့ပွဲပေးပြီး ဆုတောင်းနေကြရတာ” ဟု လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် နေအိမ်စွန့်ခွာ ထွက်မပြေးနိုင်သည့် လောင်းလုံးဒေသခံများမှာ အုန်းပွဲ၊ ငှက်ပျောပွဲများနှင့် ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ခြင်း၊ ပရိတ်ကြီးနှင့် ပဌာန်းတရားတော်များဖွင့်ပြီး ဘေးရန်ကင်းရေး ဆုတောင်းခြင်းတို့ လုပ်ဆောင်နေကြသည်ကို တွေ့မြင်ရသည်။ […]


