ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောစစ်ဘေးရှောင်စခန်း ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီဟုပြော

diz_admin

July 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင်ရှိသည့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ ပြတ်တောက်လုနီးပါးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ယင်းစစ်ဘေးရှောင်စခန်းထံမှ သိရသည်။ ပုလောစစ်ဘေးရှောင်စခန်းတွင် ယခင်စစ်ဘေးရှောင်ဦးရေ တစ်ထောင်လေးရာခန့်ရှိရာမှ ဇွန်လအတွင်း တိုက်ပွဲ များကြောင့် စစ်ဘေးရှောင်ဦးရေတိုးလာပြီး လက်ရှိတွင် နှစ်ထောင်နီးပါးဖြစ်လာနေကြောင်း စခန်းတာဝန်ရှိသူက ပြောသည်။ “ရိက္ခာက တစ်ပတ်စာလောက်ပဲ ကျန်တော့တယ်။ လုံးဝသယ်လို့ မရဘူးဖြစ်နေတယ်” ဟု ၎င်းကပြောသည်။ ဇွန်လ ၂၇ ရက်မှ ဇွန် ၃၀ ရက်နေ့အထိ ပုလောအရှေ့ဖျား ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ပြီးနောက် ရိက္ခာသယ်ယူ၍ မရတော့သည့် အခြေအနေဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ “တိုက်ပွဲမဖြစ်ခင် တစ်ပတ်လောက်ကစပြီး ထောက်ပို့လမ်းကြောင်းတွေကို ပိတ်လိုက်တော့ ဘယ်လိုမှ သယ်လို့ မရတော့ဘူး” ဟု ၎င်းက […]

တောင်ပျောက်တိုက်နယ်တွင် စစ်ဘေးရှောင်တစ်ထောင်ခန့်ထပ်တိုး၊ ရိက္ခာအရေးပေါ်လိုအပ်

diz_admin

July 5, 2022

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် စစ်ဘေးရှောင်တစ်ထောင်ခန့် ထပ်တိုးလာပြီး စားနပ်ရိက္ခာများအရေးပေါ် လိုအပ်လာကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ယနေ့ (ဇူလိုင် ၅) ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာသော ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူ ၅၀၀၀ နီးပါးမှာ ယင်းနေ့တွင်ပင် ဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ကြသည်။   ယင်းနောက်တွင်လည်း ဒေသခံများ ထပ်မံတိမ်းရှောင်လာကြသဖြင့် စစ်ဘေးရှောင် ၁၀၀၀ နီးပါး ထပ်တိုးလာကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းတို့အတွက် ဆန်၊ ဆီ စသည့် စားနပ်ရိက္ခာများနှင့် အမိုးအကာတဲများ၊ ဖုန်းများအားသွင်းရန် ဆိုလာပြားနှင့် ဘတ္ထရီအိုးများ၊ ပါဝါဘန့် စသည့် ပစ္စည်းများ လိုအပ်နေကြသည်။ “ရိက္ခာကော်မတီက ပြောထားချက်အရဆိုရင် ရိက္ခာက […]

လောင်းလုံးမြို့ပေါ်တွင် ဓားပြတိုက်ခံရမှု ထပ်ဖြစ်

diz_admin

July 4, 2022

လောင်းလုံးမြို့ပေါ် (ဃ)ရပ်ကွက် ပြည်တော်သာလမ်းနှင့် ကြက်ခြေနီလမ်းထောင့်ရှိ သားအမိနှစ်ယောက်တည်းရှိသော နေအိမ်ကို ယနေ့(ဇူလိုင် ၄)မနက်ပိုင်းက ဓားပြတိုက်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့ မနက် စောစောဆွမ်းခံထွက်ချိန် ဆိုင်ကယ်ဖြင့်အမျိုးသားတစ်ဦးရောက်ရှိလာပြီး ဆွမ်းလောင်းရန်ပြင်နေသော အမျိုးသမီးတစ်ဦး၏လည်ပင်းကို ဓါးထောက်ကာ ဓားပြတိုက်သွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူ့အမေကို လည်ပင်းဓါးထောက်ပြီး ဗီရိုတွေဖွင့်ခိုင်းနေတဲ့အချိန် သားဖြစ်သူကတွေ့လို့ အော်လိုက်တယ်။ အဲဒီမှာ ဓားပြနဲ့အဲဒီအမျိုးသမီး နပန်းလုံးရာက ဓားပြ ထွက်ပြေးသွားတာ”ဟု ၎င်းကပြောသည်။ ဓားပြထွက်ပြေးသွားရာတွင် ၎င်းစီးလာသောဆိုင်ကယ်တစ်စီး ကျန်ခဲ့ပြီး ငွေကျပ်သုံးသိန်းခန့် ပါသွားကြောင်း စုံစမ်းသိရှိရသည်။ ကျန်ရစ်ခဲ့သည့် ဓါးပြစီးလာသော ဆိုင်ကယ်မှာ ယင်းရပ်ကွက်မှ အခြားလမ်းရှိ နေအိမ်တစ်ခုက ခိုးလာသော ဆိုင်ကယ်ဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ “ဆိုင်ကယ်ကတော့ လိုင်စင်နဲ့ ပြပြီး ရဲစခန်းမှာထုတ်သွားပြီလို့ ကြားရတယ်”ဟု ၎င်းကပြောသည်။ လောင်းလုံးမြို့နယ်ရှိ ယင်းရပ်ကွက် တစ်ရပ်ကွက်ထဲတွင် ဇွန်လနှင့်ဇူလိုင်လ […]

လောင်းလုံးတွင် ‌ဘေးအန္တရာယ်ကင်းရေး နတ်တင်ဆုတောင်းမှုများလာ

diz_admin

July 4, 2022

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သတ်ဖြတ်၊ ဖမ်းဆီးခံရမှု၊ လုယက်ခံရမှု၊ နေအိမ်မီးရှို့ခံရမှု စသဖြင့်ဘေးအန္တရာယ်များ ကျရောက်နေမှုကြောင့် ဒေသခံများမှာ ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ကာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆုတောင်းမှုများ လုပ်ဆောင်လာကြသည်။ ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံအများအပြား နေအိမ်စွန့်ခွာ ထွက်ပြေးနေကြသလို ထွက်မပြေးဘဲ ကျန်နေသူများကလည်း အန္တရာယ်ကင်းရှင်းရေး ဆုတောင်းပွဲများ လုပ်ဆောင်နေကြသည်။ “ကျွန်မတို့ရွာမှာဆိုရင် ရှင်ဂီးအိမ်(ရွာတော်ရှင်ဖိုးဖိုးအိမ်) ကန်တော့ပွဲပြတ်တယ်ကို မရှိဘူး။ နေ့တိုင်းကန်တော့ပွဲပေးပြီး ဆုတောင်းနေကြရတာ” ဟု လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် နေအိမ်စွန့်ခွာ ထွက်မပြေးနိုင်သည့် လောင်းလုံးဒေသခံများမှာ အုန်းပွဲ၊ ငှက်ပျောပွဲများနှင့် ရိုးရာနတ်များကို ပင့်ဖိတ်ပူဇော်ခြင်း၊ ပရိတ်ကြီးနှင့် ပဌာန်းတရားတော်များဖွင့်ပြီး ဘေးရန်ကင်းရေး ဆုတောင်းခြင်းတို့ လုပ်ဆောင်နေကြသည်ကို တွေ့မြင်ရသည်။ […]

လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု အသိမ်းခံရ၊ အဖွဲ့ဝင်တစ်ဦးလည်း အဖမ်းခံရ

diz_admin

July 4, 2022

လောင်းလုံးမြို့နယ်က PDF စခန်းတစ်ခု ဇွန်လ ၃၀ ရက်က အသိမ်းခံခဲ့ရပြီး အဖွဲ့ဝင်တစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် အဖမ်းခံထားရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဇူလိုင် ၄) သတင်းထုတ်ပြန်သည်။ လောင်းလုံးမြို့နယ် ကျောက်ဆင်းကျေးရွာအုပ်စု ကမ်းပနီကျေးရွာအနီး တောထဲတစ်နေရာရှိ PDF စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကမ်းပနီကျေးရွာသည် ထားဝယ် မျှော်ရစ်ဘုရားသွား လမ်းပေါ်တွင်တည်ရှိသည့် ပင်လယ်ကမ်းခြေရွာ တစ်ရွာဖြစ်ပြီး ထားဝယ်မြို့မှ ၁၆ မိုင်၊ လောင်းလုံးမြို့မှ ၂၆ မိုင်၊ မောင်းမကန်ကမ်းခြေမှ ၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဒလန်သတင်းပေးမှုကြောင့် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခဲ့ရာ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာဖြင့် အဖမ်းခံရပြီး ကျန်အဖွဲ့ဝင်များ လွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် […]

ဘီးလင်း NLDပါတီဥက္ကဋ္ဌနှင့်အတူဖမ်းဆီးခံရသည့် ပါတီဝင်နှစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရ

diz_admin

July 3, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဥက္ကဋ္ဌနှင့်အတူ ဖမ်းဆီခံရသည့် ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ နှစ်ဦး သတ်ဖြတ်မြေမြှုပ်ခံထားရသည်ကို တွေ့ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းနှင့်အတူ ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသားတစ်ဦး တို့သည် ဇွန်လ ၂၂ ရက်နေ့က လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်။ ရွာသားတစ်ဦးမှာ ကျည်ထိမှန်သေဆုံးသွားပြီး ဦးကျော်မျိုးမင်းနှင့် ပါတီဝင် နှစ်ဦးတို့မှာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ နှစ်ဦးကို မြှုပ်နှံခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာ အနီးတွင် ဇူလိုင်လ ၂ ရက်နေ့တွင် တွေ့ရှိခြင်းဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ “သူတို့ (ဦးပန်းမြင့်နဲ့ […]

ထားဝယ်မှ သရက်ချောင်းသို့ ဆန်တင်ပို့မှုများ တင်းကျပ်စွာစစ်ဆေးနေ

diz_admin

July 3, 2022

ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ်ဘက်သို့ ဆန်သယ်ယူမှုကို ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတား စစ်ဆေးရေး ဂိတ်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၂၄ ရက်နေ့မှစတင်၍ ဇူလိုင်လ ၃ ရက်နေ့အထိ ၁၀ ရက်အတွင်းမှာ စစ်ဆေးမှုများလာခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်မှ ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ထားဝယ်-သရက်ချောင်းပြေးဆွဲသည် ယာဉ်လိုင်းများမှ ယာဉ်မောင်းအချို့က ဆိုသည်။ ဇွန်လ ၂ ရက်နေ့က ပြင်းဖြူသားရွာသို့ ဆန်အိတ် ၄၀ နီးပါးတင်လာသည့်ကားကို ရွာလူကြီးထောက်ခံစာမပါသဖြင့် ပေါက်တိုင်းတံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းခွင့်မပေးဘဲ ခေတ္တခေါ်ယူထားကာ စစ်ဆေးမေးမြန်း ခဲ့ကြောင်း ယာဉ်မောင်းအချို့က ပြောဆိုသည်။ ဆန်အိတ်များမှာ ရွာသူ၊ ရွာသားများ စားသုံးရန် တင်ဆောင်လာခြင်းဟုတ်မဟုတ် ပြင်းဖြူသားရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံ စစ်ဆေးရေးဂိတ်မှ စစ်ဗိုလ်တစ်ဦးက ဖုန်းဆက်မေးမြန်းခဲ့ကြောင်း ပြင်းဖြူသားရွာက […]

ပုလောမြို့ခံရှစ်ဦး အဖမ်းခံရဟုဆို

diz_admin

July 3, 2022

မြိတ်ခရိုင်၊ ပုလောမြို့တွင် နေထိုင်နေကြသည့် အမျိုးသားရှစ်ဦး ဇူလိုင်လ ၂ရက် ညတွင် အဖမ်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက် ည ၁၀ နာရီဝန်းကျင်က ပုလောမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကံ့ကော်လမ်း၊ ဟိန္ဒူဘုရားကျောင်းအနီးရှိ နေအိမ်ခြောက်လုံးကို စစ်ကောင်စီတပ်က ကားလေးစီးဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် အမျိုးသား ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပုလောမြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးခံရသူများအနက် သဲလုပ်ငန်းတစ်ခု၏ မန်နေဂျာဖြစ်သူ ကိုမျိုးခိုင်ဆိုသူ ပါဝင်ကြောင်း ၎င်းက ဆိုသည်။ ကျန်အမျိုးသားများ၏ အမည်များကိုမူ လတ်တလောတွင် တိတိကျကျ မသိရသေးကြောင်း မြို့ခံအချို့က ပြောသည်။ “သဲစုပ်နေတဲ့ လှေဆိပ်ကနေ သူတို့က (အဖမ်းခံရသူတွေက) လှေနဲ့ ဂျင့်ဂါ၊ […]