ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

November 19, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ လွှတ်တော်ထဲ ဒီမိုကရက်တစ်ခေါင်းဆောင်တာဝန်မှ နန်စီပေလိုစီ နုတ်ထွက်မယ် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ရဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်တော့မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီဝင်တွေက လွှတ်တော်အတွင်း လူများစုနေရာကို အနိုင်ရခဲ့ပါတယ်။ ပေလိုစီဟာ အောက်လွှတ်တော်မှာ ဆန်ဖရန်စစ္စကို ကိုယ်စားပြုပြီး ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။ ရီပတ်ဘလီကန်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်ရွေးကောက်ပွဲတွေအပြီးမှာ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။ ဒီမိုကရက်ပါတီဝင်တွေကတော့ အထက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်ထားပါတယ်။ Ref: BBC ……………………………….. တရုတ်-ကနေဒါ ဆက်ဆံရေး ဆွေးနွေးခဲ့သမျှကို မီဒီယာကို […]

ထားဝယ်တက္ကသိုလ် ကျောင်းသားတစ်ဦး အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံရဖွယ်ရှိဟုဆို

diz_admin

November 19, 2022

ထားဝယ်မြို့နေအိမ်တွင် နိုဝင်ဘာလ ၁၁ ရက်က အဖမ်းခံလိုက်ရသည့် ကိုစိုးပြည့်ဖြိုးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံရနိုင်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကိုစိုးပြည့်ဖြိုးမှာ ထားဝယ်တက္ကသိုလ် အင်္ဂလိပ်စာ‌မေဂျာ အထူးပြု CDM ကျောင်းသားတစ်ဦး ဖြစ်သည်။ အွန်လိုင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်း K pay ဖြင့်ငွေလွှဲထားသည်ကို ခြေရာခံပြီး နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။ “သူတို့အိမ်ကပြောတာကတော့ ပုဒ်မ ၅၀ ည နဲ့ (စစ်ကောင်စီက) တရားစွဲဖို့လုပ်နေတယ်လို့ ပြောတယ်။ အခုက K pay နဲ့ပတ်သတ်တာဆိုရင် ၅၀ ည နဲ့စွဲနေတာကိုး” ဟု ၎င်းကဆိုသည်။ ပုဒ်မ ၅၀ ည မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မတစ်ခုဖြစ်ပြီး အနိမ့်ဆုံး ထောင်ဒဏ် ၁၀ […]

ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းပေးလျှင် ဆုငွေချီးမြှင့်မည်ဟု ကော့သောင်းတွင် လိုက်လံကြေညာ

diz_admin

November 19, 2022

ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကြားအဖွဲ့ဝင်များကို ဖမ်းပေးခြင်း၊ သတင်းပေးခြင်းများ ပြုလုပ်ပေးလျှင် ဆုတော်ငွေချီးမြှင့်မည်ဟု စစ်ကောင်စီဘက်က လိုက်လံကြေညာနေကြောင်း ကော့သောင်းဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၁၆ ရက်ကစပြီး မြို့အနှံ့ ကားဖြင့်လိုက်လံကြေညာနေခြင်းဖြစ်ပြီး PDF တစ်ဦး ဖမ်းပေးလျှင် မြန်မာငွေ ၁၅ သိန်းနှင့် ပုန်းအောင်းနေထိုင်ရာအား သတင်းပေးလျှင် ၅ သိန်းကျပ် ဆုချီးမြှင့်မည်ဟု ကြေညာကြောင်း ဒေသခံများက ဆိုသည်။ ယင်းအပြင် PDF များ အလင်းဝင်ကြရန် ကြိုဆိုနေသည်ဟုလည်း ထည့်သွင်းကြေညာသွားသည်ဟု မြို့ခံများက ပြောဆိုသည်။ “ယာဉ်ထိန်းရဲ ပစ်သတ်ခံရပြီး နောက်တစ်နေ့ကစပြီး လိုက်ကြေငြာနေတာ နေ့တိုင်းပဲ။ ဟိုးအရင် နှစ်လ သုံးလ လောက်ကလည်း ဒီလိုကြေညာဖူးတယ်” ဟု ကော့သောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကော့သောင်းမြို့တွင် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းမော်အောင် နိုဝင်ဘာ ၁၅ […]

ထားဝယ်မြစ်တူးရန် စီစဉ်

diz_admin

November 18, 2022

ထားဝယ်မြစ်ကို တူးဖော်ရန်အတွက် ကနဦးဖြစ်မြောက်နိုင်စွမ်းလေ့လာရန် စစ်ကောင်စီက ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပြုထားလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြစ်ကြောင်း သဲသောင်တူးဖော်ရေး မြစ်ကြောင်းရှင်းလင်းရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးက ကြီးကြပ်ပြီး ခင်မြန်မာကုမ္ပဏီက မြေပြင်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ထားဝယ်မြစ် တူးဖော်ရေးနှင့်ပတ်သတ်ပြီး ရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင်လ ၁၅ ရက်က သရက်ချောင်းမြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး တာဝန်ရှိသူနှင့် ခင်မြန်မာကုမ္ပဏီ တာဝန်ရှိသူတို့ တက်ရောက်ကာ စီမံကိန်းအကြောင်း ရှင်းလင်းခဲ့ကြသည်။ ထားဝယ်မြစ် မြစ်ဝဖြစ်သည့် ပြင်ကြီးကျွန်းမှစပြီး ထားဝယ်မြို့အထိ တူးဖော်မည်ဟု တာဝန်ရှိသူတို့က ပြောဆို သွားကြောင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် သရက်ချောင်းမြို့ခံတစ်ဦးက ဆိုသည်။ “ထားဝယ်မြစ်ကို တူးမှာကတော့ သေချာတယ်။ ဘယ်အချိန်မှာ စတူးမယ်၊ စလုပ်မယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ ပြောတယ်။ စီမံချက်တွေကို ဌာနဆိုင်ရာအဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ရအောင်လုပ်ရဖို့ ရှိသေးတယ်။ အဲဒီလိုရှင်းပြသွားတယ်” […]

တိုင်းအတွင်း အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးသုံးဦးကို စစ်ကောင်စီက ရဲဗလဆုတံဆိပ်ပေး

diz_admin

November 18, 2022

တနင်္သာရီတိုင်းတွင် အသတ်ခံခဲ့ရသည့် စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်စ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ကို စစ်ကောင်စီဥက္ကဋ္ဌက ရဲဗလ ဆုတံဆိပ်ချီးမြှင့်ကြောင်း နိုဝင်ဘာလ ၁၇ ရက်က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၇ရက်က ကျရောက်ခဲ့သည့် အမျိုးသားနေ့တွင် စစ်ကောင်စီဥက္ကဋ္ဌက အထက်ပါ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဆုရသည့်စာရင်းတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောရွာရာအိမ်မှူး ဇူဘိုင် (ခေါ်) ဦးသက်နိုင်နှင့် ကျွန်းစုမြို့နယ်၊ ကျွဲခရံရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြွယ် (ခေါ်) ဦးအိုနီတို့ ပါဝင်သည်။ အထက်ပါ ဆုရရှိသူ သုံးဦးစလုံးမှာ သက်ဆိုင်ရာမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ ဖြစ်သည်။ မြို့ဟောင်းရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်ကို တောင်မင်းပြောင်ရွာနှင့် မြို့ဟောင်းရွာကြားတွင် ပြီးခဲ့သည့် ဧပြီလ ၁ရက်နေ့က LLPDF (လောင်းလုံး-ပကဖ) အဖွဲ့၏ […]

တနင်္သာရီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကျဆုံး

diz_admin

November 17, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ က ယနေ့သတင်းထုတ်ပြန်သည်။ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ (တပ်ခွဲ ၁) မှ ဒုတပ်စိတ်မှူး ရဲဘော် ပျံလွှားနှင့် အခြားဒုတပ်စိတ်မှူးတစ်ဦး ဖြစ်သူ ရဲဘော် လူတော်တို့ နိုဝင်ဘာလ ၁၆ ရက်နေ့ တနင်္သာရီမြို့နယ်၊ ထုံတွန်ရွာအနီး တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရဲဘော်နှစ်ဦး၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများ၊ အနစ်နာခံမှုများနှင့် ပေးအပ်သည့် တာဝန်ကိုများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများအပေါ် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းမှ အလွန်အမင်း လေးစားဂုဏ်ယူမိပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူကြေကွဲ  ဝမ်းနည်းရပါသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တနင်္သာရီမြို့နယ်၊ ထုံတွန်ကျေးရွာအနီး […]

မြိတ် ငါးအင်းရွာ ရော်ဘာမှိုင်းခံအလုပ်ရုံ မီးလောင်

diz_admin

November 17, 2022

မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊ ငါးအင်းကျေးရွာရှိ ရော်ဘာမိုင်းခံအလုပ်ရုံ မီးလောင်ပြီး ရော်ဘာ ပိဿာ ထောင်ဂဏန်း ဆုံးရှုံးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်တွင် ရှောင်ကွင်းလမ်း (မြို့ရှောင်လမ်း) ဝါးအင်းရွာရှိ တစ်နိုင်တစ်ပိုင် ရော်ဘာလုပ်ငန်း မိုင်းခံအဆောက်အအုံ မီးလောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရော်ဘာမိုင်းခံသည့် မီးဖောင်းမှ စတင်လောင်ကျွမ်းသည်ဟု သိရှိရပြီး ရော်ဘာပိဿာချိန် ထောင်ဂဏန်းဝန်းကျင် မီးထဲပါသွားကြောင်း ဒေသခံများက ပြောဆိုသည်။ “တစ်ဆောင်လုံးကတော့ ပြာကျသွားတယ်။ ရော်ဘာတွေလည်း အများကြီးပါသွားတာပေါ့” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နေအိမ် တစ်လုံးအရွယ်အစားရှိ ယင်းအဆောက်အအုံ မီးလောင်ကျွမ်းချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ရွာသားများနှင့် မြိတ်မြို့ မီးသတ်ဦးစီးဌာတို့က မှလည်း မီးငြိမ်းသတ်ခဲ့ကြကြောင်း ဒေသခံများက […]

လောင်းလုံး ဝဗျောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

November 17, 2022

လောင်းလုံးမြို့နယ် ဝဗျောရွာတွင် နိုဝင်ဘာလ ၁၆ ရက် ညနေ ၆ နာရီခန့်က အသက် ၃၅ နှစ်ရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ‌ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူမှာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သော ကိုဖြိုးဆိုသူဖြစ်ပြီး ဝဗျောရွာတွင်ရှိသော ယောက္ခမဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူက သူ့ဇနီးဘက်က ဆွေမျိုးတစ်ယောက်ရဲ့ အလှူရှိလို့ ရွာမှာ ရောက်နေတာ လေးငါးရက်လောက်ရှိပြီ။ ဘာကြောင့် ပစ်သတ်ခံရတာဆိုတာကိုတော့ မသိဘူး” ဟု ၎င်းကပြောသည်။ ကိုဖြိုးဆိုသူအား Dawei Defense Team-DDT တပ်ခွဲ (၃) က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က နိုဝင်ဘာလ ၁၆ ရက်ညတွင် ထုတ်ပြန်ထားသည်။ ကိုဖြိုးဆိုသူသည် ထားဝယ်ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးအောင်စိန်၏ […]