ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် မိုင်းပေါက်

diz_admin

July 19, 2022

ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် ယနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့၊ အာဇာနည်ဗိမာန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တိုင်းလွှတ်တော်ရုံးအနီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုင်းပေါက်ကွဲမှု အသံကို နေ့လယ် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ကြားရကြောင်း ထားဝယ်မြို့ခံအချို့က ပြောသည်။ “အေး အသံတော့ ကြားလိုက်တာပဲ၊ အာဇာနည်ဗိမာန်ဘက်ကပဲ” ဟု ထားဝယ်မြို့သစ် ၄ လမ်းသွယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ အာဇာနည်နေ့တွင် လုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦး ပြောသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသည်ဟု ကြားသိရခြင်းမရှိကြောင်း ထားဝယ်မြို့မှ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သဘော့ဆိပ်ပြင်ကြီးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

July 19, 2022

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (ဇူလိုင် ၁၉) နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဦးဇော်လတ်ဆိုသူဖြစ်ပြီး ကရင်ကြီးကျေးရွာမှ ပြင်ကြီးဖက်သို့ လာစဉ် ပြင်ကြီးရွာစာသင်ကျောင်းအနီးတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လက်နက်ကိုင်နှစ်ဦး ရောက်လာပြီး သုံးချက် ပစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ သေဆုံးသူမှာယခင်က ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုမှာ နေထိုင်ကာ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်ခဲ့ဖူးသူဖြစ်ပြီး မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျခဲ့ဖူးသူလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြန်လွတ်လာကာ ကရင်ကြီးရွာ စစ်ကောင်စီခန့် ငါးရွာစု အုပ်ချုပ်ရေးမှူးထံ လာရောက်ခိုလှုံနေသည်ဟုလည်း ၎င်းတို့ထံမှ သိရသည်။   ယင်းအမျိုးသားကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် […]

ရေး ချောင်းတောင်တံတားလုံခြုံရေးဂိတ် တိုက်ခိုက်ခံရ

diz_admin

July 19, 2022

မွန်ပြည်နယ်၊ ရေးမြို့နှင့် ချောင်းတောင်ကျေးရွာကို ဆက်သွယ်ထားသည့် ချောင်းတောင်တံတားရှိ လုံခြုံရေးဂိတ် ယနေ့ တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၁၉) နံနက် ၉ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများရှိသည့် ချောင်းတောင် တံတားလုံခြုံရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ တံတားလုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အပြန်လှန်ပစ်ခတ်ခဲ့ကြကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “တံတားထိပ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့တယ်။ နာရီဝက်လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပြောဆိုထားသည်။ တံတားလုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တံတားနေရာတွင် လုံခြံရေး တင်းကျပ်ထားသည့်အပြင် မြို့ပေါ်တွင်လည်း စစ်ဆေးမှုတင်းကျပ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားမှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ စစ်ဆေးမှုတွေလည်း လုပ်နေတယ်” ဟု […]

ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၀ ကျော်ရှိပြီး တစ်ဦးသေဆုံး

diz_admin

July 19, 2022

ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၂ ဦးရှိပြီး တစ်ဦးသေဆုံးသွားကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယင်းစာရင်းသည် ၂၀၂၂ ခုနှစ် နှစ်စမှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျန်းမာရေးဌာနတစ်ခုတည်း၏ စာရင်းဖြစ်ပြီး ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင်လည်း ကုသူများရှိရာ မြေပြင်တွင် ယင်းပမာဏထက် ပိုများနိုင်ပါသည်။ ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရမူ ထားဝယ်မြို့နယ်တွင် ၂၅ ဦး၊ သရက်ချောင်းမြို့နယ်တွင် ၂၈ ဦး၊ လောင်းလုံးမြို့နယ်တွင် ၆ ဦး၊ ရေဖြူမြို့နယ်တွင် ၁၃ ဦး စုစုပေါင်း ၇၂ ဦး ရှိသည်။ ယင်း ၇၂ ဦးအနက် ရေဖြူမြို့နယ် ကံပေါက်ဆေးရုံတွင် တစ်ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။ “ဟိုးအရင့်အရင် နှစ်တွေနဲ့စာရင်တော့လည်း […]

ရနောင်းလွှတ်တော်အမတ်လက်ထောက်၏ဖခင် အသတ်ခံရမှုတွင် ဝရမ်းထုတ်ခံရသည့် မြန်မာနှစ်ဦးအဖမ်းခံရ

diz_admin

July 19, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က လွှတ်တော်အမတ်လက်ထောက်ဖြစ်သူ၏ ဖခင် သတ်ဖြတ်အလောင်းဖျောက်ခံရ မှုတွင် ဝရမ်းထုတ်ခံထားရသည့် ခြံအလုပ်သမား မြန်မာနှစ်ဦးဖမ်းမိပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ လွှတ်တော်အမတ် လက်ထောက်ဖြစ်သူ၏ ဖခင် Mr. Thanu Jaidee ကို ရနောင်းခရိုင် ကရာဘူရီဒေသရှိ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရွာရှိ ၎င်းပိုင်သည့် ရော်ဘာခြံထဲတွင် သတ်ဖြတ်အလောင်းဖျောက်ခံထားရသည်ကို ဇူလိုင်လ ၁ဝရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့တွေ့ရှိပြီးနောက် ယင်းခြံနှင့် ခြံအနီးဝန်းကျင်တွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁၅ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ကာ အမှုတွင် သံသယဖြစ်သူ ခြံအလုပ်သမား မြန်မာနှစ်ဦးကို ဖမ်းဆီးရန်ရှာဖွေနေကြောင်း ထိုင်းရဲတပ်ဖွဲ့က အလောင်းတွေ့ပြီးနောက် မီဒီယာများသို့ ပြောဆိုခဲ့သည်။ ၎င်းတို့မှာ အသက် ၃၆နှစ်အရွယ် မောင်ခင်မောင်ဇော်နှင့် ၂၃နှစ်အရွယ် မောင်ဇော်မျိုးတို့ဖြစ်ကြပြီး […]

ပုလောအရှေ့ဖျားတွင် လက်နက်ကြီးကျည်ကျပြီး လူငယ်တစ်ဦးထပ်မံသေဆုံး

diz_admin

July 19, 2022

ပုလောမြို့နယ် ပိန္နဲတောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ် အရှေ့ဖျားရွာဖြစ်သည့် ပိန္နဲတောင်ကျေးရွာတွင် ယနေ့ (ဇူလိုင် ၁၉) နံနက် ၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။ “ပစ်တာက ည ၉ နာရီလောက်ကစပြီး (ရွာတွေကို) လျှောက်ပစ်နေတာ။ ရွာထဲ သုံးလုံးလာကျတယ်။ နှစ်လုံးပေါက်တယ်။ တစ်လုံးက မကွဲဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသူသည် ပုလောမြို့နယ်၊ တိုကျေးရွာမှ ခေတ္တပြောင်းရွှေ့လာရောက်နေထိုင်သူဖြစ်သည့် မောင်ဇင်ဝိုင်းဟု သိရကြောင်း ဒေသခံများက ပြောသည်။ “သူက လူပျိုပဲသေး။ လာနေတာ သိပ်မကြာသေးဘူး” ဟု […]

ဘီးလင်းတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက် ငါးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

diz_admin

July 18, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်လမ်းမ သပြေနီကျေးရွာ သံတံတားအနီးတွင် ယနေ့ နံနက်ပိုင်းက ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ငါးဦးသေဆုံးကာ ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်သို့ မောင်းနှင်းလာသည့် ဟိုက်ဂျက်ယာဉ်သည် သံတံတားအနီးသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီး လေးဦးနှင့် အမျိုးသား တစ်ဦး သေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကားက အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ပြင်းထန်ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန်၊ သထုံနှင့် ဘီးလင်း ဆေးရုံတို့သို့ […]

တောင်ပျောက်တိုက်နယ်တွင် ၂ ပတ်ကြာတိုက်ပွဲပြင်းထန်၊ နှစ်ဖက်အကျအဆုံးများရှိ

diz_admin

July 18, 2022

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ နှစ်ပတ်တာကာလအတွင်း တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ကိုးဦးကျဆုံးကြောင်း PDF အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇူလိုင် ၇ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-T5 က ရဲဘော် နှစ်ဦး၊ ဇူလိုင် ၁၅ ရက်တွင် ကစယ်ဒိုကျား တပ်ဖွဲ့က ရဲဘော် နှစ်ဦး၊ ဇူလိုင် ၁၀ ရက်တွင် DDF က ရဲဘော် တစ်ဦး၊ တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်လေးဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇူလိုင်လ ၂ ရက်နှင့် ၃ […]