ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငရုတ်သီးခြောက်ဈေး တစ်လအတွင်း နှစ်ဆကျော်ခုန်တက်

diz_admin

July 31, 2022

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ငရုတ်သီးခြောက်ဈေးနှုန်းမှာ ဇူလိုင်လအတွင်း နှစ်ဆကျော် မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ငရုတ်သီးခြောက် (ငရုပ်ပု) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားပြီး ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ကျော်မှ ၁၃၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “နှစ်ရက်ခြားတစ်ခါ ထောင်ဂဏန်းနဲ့ ဈေးတက်တက်သွားတာ” ဟု မြို့သစ်ရပ်ရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ဇူလိုင်လ ပထမအပတ်မှစပြီး ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၅၀၀၀၊ ၆၀၀၀ ကျပ်မှ ၆၅၀၀၊ ၉၀၀၀၊ ၁၁၀၀၀၊ ၃၀၀၀၀၊ ၁၅၀၀၀ ကျပ်အထိ တဖြေးဖြေးမြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။ “ငရုတ်သီးပုက အရင်ကဆို (တစ်ထုပ်) သုံးရာတန် ရသေးတယ်။ အခုဈေးတက်လို့ ငါးရာဖြစ်သွားပြီ။ […]

လောင်းလုံး ဟင်းချိုတောရွာက လူငယ်တစ်ဦး ပစ်ခတ်ခံရ

diz_admin

July 31, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောရွာတွင် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ကိုချစ်ကိုကိုဆိုသူဖြစ်ပြီး ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီအချိန်တွင် နေအိမ်အနီးသို့ အမည်မသိလူ ၅  ယောက် ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ “‌ပစ်တာကလေးချက်ပစ်တယ်။ ပစ်ခံရပြီးမှာ မသေသေးဘဲနဲ ထပြေးသေးတယ်လို့ ပြောတယ်။ နောက်တစ်နာရီလောက်ကြာတော့ အရေးပေါ်ကားတစ်စီးရောက်လာပြီး လာတင်သွားတယ်။ အရေးပေါ်ကားက ပြောတာကတော့ ဒဏ်ရာတော်တော်ပြင်းလို့ အသက်မရှင်နိုင်တော့ဘူး အဲလိုပြောသွားတယ်” ဟု ဟင်းချိုတော ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့နံနက်ပိုင်းတွင်မူ သေနတ်ပစ်ခံရသူလူငယ် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း နံနက် ၁၀ နာရီကျော်အချိန်အထိ ရွာသို့အလောင်းပြန်မရောက်လာသေးသဖြင့် ‌သေဆုံးသည်ကို အတည်မပြုနိုင်သေးကြောင်း […]

သရက်ချောင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

diz_admin

July 31, 2022

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် မောင်မောင်ခဆိုသည့် အမျိုးသားတစ်ဦး ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်က မြိတ်-ထားဝယ်ကားလမ်းတွင် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၅ နှစ်ခန့်ရှိပြီဖြစ်သည့် ဦးမောင်မောင်ခ(ခ)ကိုသားမှာ သရက်ချောင်းမြို့နယ်ဘက်မှ ထားဝယ်ဘက်သို့ ဆိုင်ကယ်မောင်းလာစဉ် သရက်နှစ်ခွရွာ မြိတ်-ထားဝယ် ကားလမ်းပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “သေနတ်သံ ၃ ချက်လောက်ကြားတယ်၊ မိနစ် ၃၀ လောက်ကြာတော့ ရန်တောင်က အရေးပေါ်လူနာတင်ကားက လာခေါ်ဆောင်သွားတယ်လို့ ကြားတယ်” ဟု သရက်နှစ်ခွကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဦးမောင်မောင်ခမှာ စိုးရိမ်ဒဏ်ရာရရှိသည်ဟု ကြားသိရပြီး အသက် သေဆုံးခြင်း ရှိမရှိကိုအတည်မပြုနိုင်သေးပေ။ ဦးမောင်မောင်ခမှာ သဲချောင်းကြီးရွာသားဖြစ်ပြီး စစ်ကောင်စီသတင်းပေးဟု ဆိုကာ ပစ်ခတ်ရှင်းလင်းခြင်း ဖြစ်နိုင်သည်ဟု […]

မြိတ် သာကေတရပ်ကွက် မီးသတ်ကင်းတဲတွင် ဗုံးပေါက်၊ တပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရဟုဆို

diz_admin

July 30, 2022

မြိတ်မြို့၊ သာကေတရပ်ကွက်ရှိ မီးသတ်ကင်းတဲတွင် ယနေ့ည ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၃၀) ည ၈ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရသည့်အနက် တစ်ဦးမှာ စိုးရိမ်ရသည်ဟု ကြားသိရကြောင်း ဒေသခံများ က ပြောသည်။ “ဗုံးပေါက်သံက အကျယ်ကြီးပဲ။ ရေပုန်း(ရပ်ကွက်) ဖက်ကတောင် ကြားရတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ သာကေတရပ်ကွက်၊ အ.ထ.က ၄ ကျောင်းသစ် မျက်စောင်းထိုးရှိ မီးသတ်ကင်းတဲတွင် ဗုံးပေါက်ကွဲခဲ့သည်ဟု ယင်းရပ်ကွက်သားများက ပြောသည်။ “သာမန်တဲကင်းလေးမှာ ထပေါက်တာပါ။ အနီးကပ်တော့ သွားမကြည့်ရဲကြဘူး” ဟု သာကေတရပ်ကွက်သားတစ်ဦးက ပြောသည်။ ဗုံးပေါက်ပြီးနောက် သာကေတ လမ်းတလျှောက်နှင့် ကမ်းနားလမ်းကုန်တိုက်အနီးတို့တွင် လမ်းသွားလမ်းလာများကို တင်းတင်းကျပ်ကျပ် […]

မောတောင်နယ်စပ်ဂိတ် ဩဂုတ် ၁ရက်နေ့ ပြန်ဖွင့်မည်ဟုဆို

diz_admin

July 30, 2022

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်-စင်းခွန်ဂိတ်ကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကုန်သည်၊ အေးဂျင့်များနှင့် ကုန်ကားမောင်းသူများထံမှ သိရသည်။ မောတောင်နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် ဧပြီလမှစတင်ကာ လေးလကြာပိတ်ထားခြင်းပြီး လာမည့် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီး ဩဂုတ်လ ၂ရက်နေ့တွင် ကုန်သွယ်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဩဂုတ်လ ၂ ရက်နေ့ကစပြီး ကုန်ပစ္စည်းတွေ ပြန်တင်ပို့ခွင့်ရပါပြီ။ လူအဝင်အထွက်ကိစ္စကတော့ ထိုင်းဖက်က ပြန်ပြီး အကြောင်းပြန်မယ်လို့ ပြောပါတယ်” ဟု မောတောင်ဂိတ်မှတစ်ဆင့် ထိုင်းဘက်သို့ ရေထွက်ကုန်ပစ္စည်း တင်ပို့နေ သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ နယ်စပ်ဂိတ် တာဝန်ရှိသူများထံမှ သိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုင်းနိုင်ငံ စင်းခွန်နယ်စပ်ကုန်သွယ်ရေးဂိတ်၏ လက်ရှိကိုဗစ် 19 စည်းမျဉ်းစည်းကမ်းနှင့် ကြေညာချက်များအရ ကုန်သွယ်မှုကိစ္စရပ်များကို တနင်္လာနေ့မှ […]

ဘီးလင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

July 30, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ချောင်းပြကျေးရွာက ဦးပန်းစိန်ဆိုသူ ဇူလိုင်လ ၂၉ ရက်ညတွင် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သေနတ်သမားတို့သည် ဦးပန်းစိန်ကို နေအိမ်ပေါ်အထိတက်ကာ ပစ်သတ်သွားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ဦးပန်းစိန်က အိမ်ပေါ်မှာရှိနေတယ်။ သေနတ်သမားတွေက ဆိုက်ကယ်နဲ့ရောက်လာပြီးတော့ အိမ်ပေါ်တက်ပြီး ပစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးပန်းစိန်၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံထံများမှ သိရသည်။ ဦးပန်းစိန်သည် BGF နှင့် စစ်ကောင်စီ သတင်းပေးလုပ်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်ဆိုသူ ပစ်ခတ်ခံခဲ့ရသေးသည်။ အာသိမ်းပြီးနောက် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

July 30, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ သေဒဏ်စီရင်မှုများ ဆက်လုပ်မည်ဟု စစ်ကောင်စီပြောခွင့်ရသူဆို စစ်ကောင်စီကို တော်လှန်ဆန့်ကျင်သည့် နိုင်ငံရေးသမား ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်ချမှတ်မှုကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရသော စစ်ကောင်စီက သေဒဏ်စရင်မှုများ ဆက်လုပ်သွားမည်ဟု ဘီဘီစီ သတင်းဌာနကို ဖြေကြားလိုက်သည်။ နှစ် ၃၀ ကျော်အကြာခန့် သေဒဏ်စီရင်မှုမရှိခဲ့သည့် မြန်မာနိုင်ငံတွင် သေဒဏ်စီရင်မှုများကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံရသူတိုင်းကို စီရင်မှာမဟုတ်သော်လည်း ဥပဒေပြဌာန်းချက်များအတိုင်း သေဒဏ်ချမှတ် ခံရပါက အယူခံဝင်ခြင်း၊ အသနားခံစာတင်းခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း၊ ကျူးလွန်သည့် အပြစ်ပေါ်တွင်သာမူတည်ပါကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောဆိုခြင်းဖြစ်သည်။ စစ်ကောင်စီက […]

လေးလအတွင်း ထိုင်းမှ ပြန်လွှဲပေးသည့် မြန်မာလုပ်သား ၇၅၀ကျော်ရှိ

diz_admin

July 30, 2022

ယခုနှစ် မတ်လမှ ဇွန်လအထိ လေးလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာဘက်ရှိ ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၅၀ ကျော်ရှိကြောင်း ဘန်‌ကောက်အခြေစိုက်မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ မတ်လ ၁ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၁၂၉ ဦး၊ မေလ ၆ ရက်နေ့တွင် အမျိုးသား ၁၀၃ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၃၂ ဦးတို့အား လွှဲပြောင်းပေးခဲ့ကြောင်း ယင်းစာရင်းများအရ သိရသည်။   ထို့အပြင် ဇွန်လ ၇ ရက်နေ့က အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း […]