ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ၊ ကျပ်သိန်း ၂၆၀ကျော်ပါသွားဟုဆို

diz_admin

August 6, 2022

မြိတ်မြို့ ကမ်းနားလမ်းရှိ Top Mobile ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် ဩဂုတ်လ ၅ ရက်နေ့ ညအချိန်က ဖောက်ထွင်းခံရပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၆၀ကျော်ဖိုး အခိုးခံရကြောင်း ယင်းဆိုင်ထံမှ သိရသည်။ အဆိုပါ ဆိုင်အတွင်းရှိ CCTV မှတ်တမ်းအရ လူငယ်အမျိုးသား‌လေးဦးမှာ ဆိုင်အနောက်ဖက်ပေါက်မှ ဖောက်ဝင်ပြီး ဆိုင်အတွင်းရှိ ဖုန်းအပါအဝင် တန်ဖိုးရှိ ပစ္စည်းတို့အား ယူဆောင်သွားကြောင်း Top Mobile ဖုန်းအရောင်းဆိုင်ရှင်က ပြောပြသည်။ “ဖုန်းဆိုင်နဲ့ ကုန်စုံဆိုင်ပူးနေတာ၊ နှစ်ဆိုင်လုံး ဖောက်သွားတာ” ဟု ဖုန်းအရောင်းဆိုင်ရှင်က ပြောသည်။ ဖုန်းအမျိုးအစားအစုံ အလုံးရေ ၇၄ လုံး တန်ဖိုးကျပ်သိန်း တစ်ရာရှစ်ဆယ်ခန့်၊ ငွေဖြည့်ကတ်အစုံ ကျပ်သိန်း နှစ်ဆယ်ခန့်၊ ငွေသားတစ်ဆယ့်ငါးသိန်းကျော် ခိုးယူခံရကြောင်း ၎င်းက ဆိုသည်။ ယင်းအပြင် နှစ်သိန်းကျော်တန်ဖိုးရှိ ရွှေလက်စွပ်တစ်ကွင်း၊ […]

သရက်ချောင်းတွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး အသတ်ခံရ

diz_admin

August 6, 2022

သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာနှင့် ရေချိုချောင်းရွာတွင် ဩဂုတ်လ ၅ ရက်နေ့က အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကြာအင်းရွာနေသူ အသက် ၆၀ အရွယ် ဦးကျော်အောင်ကို ညနေ ၄ နာရီခန့်တွင် လူတစ်စုက နေအိမ်မှလာရောက် ခေါ်ဆောင်သွားပြီး ကြာအင်းကျေးရွာ ဟင်းဘုတ်ချောင်းအပိုင်းနှင့် ကျောက်လှေကား ရွာချင်းဆက်လမ်း (ဒေသအခေါ် သင်းကျွန်းလမ်းဆုံ) တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် ၂၀၂၂ ခုနှစ်အစောပိုင်းက ၎င်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက သတိပေးစာထုတ်ဖူးသဖြင့် ရှောင်တိမ်းနေသူလည်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ရှောင်ပြီးသွားလိုက်တာကြာပြီ။ အခု ပြန်လာမှ ဖြစ်တာ” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ ၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သည်ကို မတည်မပြုနိုင်သေးပေ။ […]

ခေတ်ပျက် စျေးတက်လို့ စားမလောက်တော့တဲ့ ဝန်ထမ်းတွေ

diz_admin

August 6, 2022

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှုနှင့်အတူ မြင့်တက်လာသည့် ကုန်စျေးနှုန်းမှာ မြန်မာနိုင်ငံတွင် ပုံသေလစာဖြင့် အလုပ်လုပ်နေရသည့် ဝန်ထမ်းများအတွက် အိပ်မက်ဆိုးတစ်ခုပင်။ စီးပွားရေး ကျဆင်းလာနေသည့်အတွက် လုပ်ငန်းများက ဆက်လက်ရပ်တည်ရေး ရုန်းကန်နေရပြီး ဝန်ထမ်းလစာ တိုးဖို့ထက် အလုပ်သမားလျှော့ချရာတွင် မပါစေဖို့ ဆုတောင်းနေရသည်။ ဆက်တိုက်မြင့်မားလာသည့် ကုန်စျေးနှုန်းကြောင့် ဝန်ထမ်းများမှာ ထမင်းနပ်မှန်အောင် စားရဖို့ပင် မလွယ်ကူလှတော့။ ဝန်ထမ်းဘဝက ရုန်းထွက်ပြီး အပြင်တွင် ရရာအလုပ်လုပ်ကာ ရပ်တည်မည်ဆိုပါကလည်း ခေတ်ပျက်တွင် ပုံမှန်ဝင်ငွေရဖို့မလွယ်သလို စျေးရောင်းစားဖို့ကလည်း ဝယ်သူထက် စျေးသည်ကများနေသည့် အခြေအနေ ဖြစ်နေသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ကုန်စျေးနှုန်းမြင့်မားလာမှုကြောင့် ဝန်ထမ်းဘဝ အခက်အခဲများစွာ ကြုံတွေ့နေရသည်။ ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် လခစားဝန်ထမ်းအချို့ကို တွေ့ဆုံမေးမြန်းကာ စုစည်းဖော်ပြလိုက်ပါသည်။ “အခုက လင်ရောမယားရော နှစ်ယောက်လုံးလုပ်တာတောင်မှ မလောက်တော့ဘူးလေ” […]

ကင်းမွန် စျေးကောင်းရ

diz_admin

August 6, 2022

မိုးရာသီအတွင်း ဖမ်းဆီးရမိနေသည့် ကင်းမွန်များ လက်ရှိအချိန်တွင် စျေးကောင်းရနေကြောင်း ရေလုပ်သားများ ထံမှသိရသည်။ နွေရာသီတွင် ကင်းမွန်အကြီးအငယ်ရောနှော တစ်ကီလို ကျပ် ၅၀၀၀ မှ ၆၀၀၀ ခန့်အထိသာရရှိခဲ့ရာမှ လက်ရှိ မိုးရာသီတွင် ပင်လယ်ရောင်းစျေး တစ်ကီလို ၁၁၀၀၀ ကျပ်အထိ ပေါက်စျေးရရှိနေကြောင်း ကင်းမွန်ငါးဖမ်းလှေ လုပ်ကိုင်ကြသူများ ကပြောသည်။ “တဖြည်းဖြည်းနဲ့ စျေးတက်လာတာ ခုဆိုရင် တစ်သောင်းတစ်ထောင်အထိ အဝယ်လှေတွေက ပေးနေကြတယ်”ဟု ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအုပ်စုနေ ကင်းမွန်ငါးဖမ်းလှေလုပ်ကိုင်သူ အမျိုးသားတစ်ဦး ကပြောသည်။ ပင်လယ်ပြင်အတွင်း ကင်းမွန်များကို ဆောင်ဦးရာသီ အောက်တိုဘာလမှ နွေနှောင်းရာသီ ဧပြီလကုန်အထိ ဖမ်းဆီးကြပြီး မိုးရာသီတွင်မူ ဖမ်းဆီးသူ ရှားသည်။ “အရတော့နည်းတာပေါ့ လှိုင်းနဲ့လေနဲ့ မိုးလေပြင်းတော့ အလုပ်လုပ်ချိန် သိပ်မရှိဘူး”ဟု ကင်းမွန်ဖမ်းသူ လငန်းကျေးရွာဒေသခံ အမျိုးသား ကပြောသည်။ […]

ကျိုက်ထိုတွင် နေအိမ် ၃ လုံး ထပ်မံ ချိတ်ပိတ်ခံရ

diz_admin

August 6, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းမှ နေအိမ် ၃ လုံးကို စစ်ကောင်တပ်ဖွဲ့ဝင်များက လာရောက် ချိတ်ပိတ်သွားသည်ဟု  ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထိုမြို့  ကံ့ကော်ရပ်ကွက်ရှိ ကိုအေးမင်းထွန်း နေအိမ်၊ တောင်သူစုရပ်ကွက်ရှိ ကိုစံလင်း နေအိမ်နှင့် သိမ်ဇရပ်မြို့ရှိ ကိုဝင်းကိုတို့နေအိမ်များကို သြဂုတ်လ ၄ ရက်နေ့က လာရောက် ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။ ကိုအေးမင်းထွန်း၊ ကိုစံလင်း၊ ကိုဝင်းကိုတို့သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ နေအိမ်များကို စစ်ကောင်စီက လာ‌ရောက်ချိတ်ပိတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ”ချိတ်ပိတ်သွားတဲ့အိမ်မှာ လူမရှိကြဘူး။ ပိတ်ထားတာကြာပြီ၊ အဲဒါကို နိုင်ငံတော်ပိုင် သိမ်းတယ်ဆိုပြီး စာကပ် ချိတ်ပိတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကိုအေးမင်းထွန်းသည် ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ စစ်တပ် အာဏာသိမ်းပြီးနောက် CDM ပြုလုပ်၍ စစ်အာဏာရှင်ကို […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

August 6, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ အယ်လ်ခိုင်ဒါခေါင်းဆောင်ကို သုတ်သင်လိုက်ပြီလို့ သမ္မတ ဂျိုးဘိုင်ဒင် ကြေညာ အယ်လ်ခိုင်ဒါအဖွဲ့ခေါင်းဆောင် အိုင်မန်းအယ်လ်ဇာဝါဟီရီ (Ayman al-Zawahiri) ကို ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း သုတ်သင် နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သြဂုတ်လ ၁ ရက်နေ့မှာ အိမ်ဖြူတော်ကနေ ကြေညာလိုက်ပါတယ်။ အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ယခင်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သုတ်သင်ပြီး ဆယ်စုနှစ်တစ်ခုကျော်အ ကြာမှာ ဒီတိုက်ခိုက်မှုကို အာဖဂန်နစ္စတန်နိုင်ငံမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင်ကို သုတ်သင်ပြီးတဲ့နောက် ခေါင်းဆောင်ဖြစ်လာတဲ့ အယ်လ်ဇာဝါ ဟီရီဟာ ပုန်းအောင်းနေတဲ့နေရာကို သတင်းအတိအကျပေးနိုင်ရန် ဒေါ်လာ ၂၅ သန်း […]

ပွဲစားလိမ်ခေါ်လာသည့် မြန်မာလုပ်သား ၂၀၀ကျော် ရနောင်းတွင် ပိတ်မိ

diz_admin

August 5, 2022

ထိုင်းနိုင်ငံသို့ တရားဝင်လမ်း‌ကြောင်းဖြင့် ပို့ဆောင်ပေးမည်ဟု ပွဲစားတစ်‌ဦးက လိမ်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော် ရနောင်းမြို့တွင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။ ကော့သောင်းမြို့တဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပိတ်မိနေသူများမှာ မကွေး၊ ပဲခူး၊ ဧရာဝတီတို့မှ ဖြစ်ပြီး စုစုပေါင်း ၂၂၆ ဦးရှိကြောင်း ပိတ်မိနေသည့် ပဲခူးတိုင်း ဒိုက်ဦးမြို့သားတစ်ဦးက Dawei Watch သို့ ပြောသည်။ ယခင်ကမတွေ့ဖူး၊ မမြင်ဖူးသည့် ပွဲစားတစ်ဦးက ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့်ပို့ပေးပြီး အလုပ်ရသည်အထိ တာဝန်ယူမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်းဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‌သို့သော် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ဝင်ရောက်ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ ယင်းအပြင် သွားလိုသည့်နေရာကို မပို့ပေးဘဲ ရနောင်းမြို့တွင် နေထိုင်ရသည်မှာ […]

သရက်ချောင်း၊ ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

August 4, 2022

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ယနေ့ (ဩဂုတ် ၄) ညနေ ၄ နာရီခန့်တွင် ဦးကုလားဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါအမျိုးသားမှာ ကင်းရှေ့ရွာရှိ ဥယျာဉ်ခြံတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ အသက် ၄၀ ခန့်ရှိ ဦးကုလားမှာ စော်ဖျားကျေးရွာ ပျူစောထီးခေါင်းဆောင် ဦးမောင်ရီအဖွဲ့နှင့် စစ်တပ်ကို သတင်းပေးနေသူဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ကင်းရှေ့ရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ ဦးကုလားကို မည်သည့်အကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို အတိအကျမသိဟု ကင်းရှေ့ရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။ ” သူများတွေပြောတာတော့ သေနတ်သံ ၃ ချက်ကြားတယ်လို့ ပြောတယ်၊ ကျွန်မတော့ ၁ ချက်ပဲကြားလိုက်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ဦးကုလားမှာ ‌သရက်ချောင်းမြို့နယ်၊ ပေါက်တိုင်းရွာဇာတိဖြစ်ပြီး ကင်းရှေ့ရွာသူနှင့် […]