ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်
diz_admin
November 23, 2020ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသူများအနက် ၁၇၁ ဦးကို ပထမသုတ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခေါ်ယူခဲ့ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ် ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။ နေရပ်ပြန်ရန်စာရင်းပေးသွင်းထားသူ ၂၇၀ ဦးအနက် ၁၇၁ ဦးကို မော်တော်ယာဉ် ရှစ်စီးဖြင့် ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။ ပထမအသုတ်တွင် ပါဝင်သူများမှာ ထားဝယ်ခရိုင်မှ ၉၅ ဦးနှင့် သံဃာ ၅ ပါး၊ မြိတ်ခရိုင်မှ ၆၆ ဦးနှင့် ကော့သောင်း ခရိုင်မှ ငါးဦးတို့ ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မှ ပြန်လာမည့် ကားစရိတ်အား လှူဒါန်းသူရှိသည့်အတွက် အခငွေကြေးပေးရန် မလိုကြောင်း ထားဝယ်ဒေသလူထုအခြေပြုအထောက် အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦး က ဆိုသည်။ ပိတ်မိနေသူများ ထားဝယ်ပြန် […]